သတင်း

ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး ဂိတ်ဖြတ်သန်းခအဆမတန်ကောက်ခံနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

နောင်ပိုအောင်ကတော့ ရွှေတောသွားတဲ့ဘက် သင်္ချိုင်းကုန်းနောက်ကြောမှာထိုင်ထားတာ ဆီတင်တဲ့သုံးဘီးတစ်စီး  သောင်း၊ ကားကြီးဆိုရင်  သိန်းထိတောင်းတယ် ဘာတင်တင်တောင်းတယ် ဆိုင်ကယ်ပဲမတောင်းတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဟုမ္မလင်းနယ်အရှေ့ဘက်ခြမ်းမှာ ၂၀၂၃ နှစ်ကုန်လောက်အထိ SNA စစ်ဆေးရေးဂိတ်အနည်းငယ်သာရှိပေမယ့် လက်ရှိမှာတော့ နောက်ပိုအောင်ကျေးရွာအထွက်၊နောင်တောကျေးရွာအဝင်၊ ဆပ်ကယားကျေးရွာအနီး၊ မိုင်းကိုင်းကျေးရွာအဝင်တွေမှာတစ်ဂိတ် ထိုင်ထားပြီး အရင်ထက် ဂိတ်ပိုများလာတယ်လို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဂိတ်တွေကတော့ကြာပြီနှစ်စပိုင်းလောက်ကတည်းကတစ်ဂိတ်ပြီးတစ်ဂိတ်ထိုင်လာတာ အစကအဲ့လောက်ကြီးမကောက်ပါဘူး ဟင်းဖိုးဆိုပြီးပဲကောက်တာ။ အခုနောက်ပိုင်းက စားသောက်ကုန်တင်လည်းကောက်တယ်။ ပိုဆိုးလာတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦး ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ဖြတ်သန်းခ စက်သုံးဆီကားကြီးတစ်စီး ကျပ် ၅၀၀၀၀၀ (ငါးသိန်း ဆီတင်သုံးဘီးတစ်စီး ကျပ် ၅၀၀၀၀ (ငါးသောင်း၊စားသောက်ကုန်နဲ့အခြားလူသုံးသုံးကုန်ကားကြီးတစ်စီးကို ကျပ် ၃၀၀၀၀၀ (သုံးသိန်း)သုံးဘီးကားတစ်စီး  ကျပ် ၃၀၀၀၀ ( သုံးသောင်းစသဖြင့်ပေးဆောင်ရတယ်လို့သိရပါတယ်။

ဒီစစ်ဆေးရေးဂိတ်တွေဟာ ဟုမ္မလင်းနောင်ပိုအောင်သွားတဲ့လမ်းပိုင်းမှာအများဆုံးရှိတာဖြစ်ပြီး ဂိတ်ဖြတ်ခများတာကြောင့် နောင်ပိုအောင်ကျေးရွာတွေဘက်မှာကုန်စျေးတွေတရိပ်ရိပ်မြင့်တက်လာနေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးကဆက်ပြောပါတယ်။

“အမှန်ဆိုခရမ်းချဥ်သီးတစ်ပိဿ ၁၀၀၀၀ မဟုတ်ရင်တောင်၁၅၀၀၀ ပဲရှိရမှာအခုကဂိတ်တွေဂိတ်တွေမှာပေးနေရတော့ ခရမ်းချဥ်သီးတစ်ပိသာ တောင် ၂၅၀၀၀တဲ့ ကြက်သွန် ဖြူလည်းတစ်ပိဿ ၂၅၀၀၀ပဲ ဓာတ်ဆီကတစ်ဗူး ၁၂၀၀၀ ရှိတယ်” လို့ သူကပြောပါတယ်။

အခုလိုအကောက်အခွန်အဆမတန်ကောက်ခံနေတဲ့အပြင် ဒေသခံတွေနဲ့ ခရီးသွားတွေကိုတင်းတင်းကြပ်ကြပ် စစ်ဆေးတာ၊တော်လှန်ရေးမှာပါဝင်ပတ်နေတယ်လို့ယူဆရတဲ့မသင်္ကာတဲ့ အရပ်သားတစ်ချို့ ဖမ်းရိုက်နှက်ခံရကာ လူငယ်တွေကိုတပ်သားသစ်အဖြစ်ဖမ်းဆီးထားတာတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။

ဟုမ္မလင်းအရှေ့ဘက်ခြမ်း လွှစင်ကုန်းကျေးရွာနှင့် ရွှေပြည်အေးမြို့နဲ့အပါအဝင်ကျေးရွာ  ရွာကို ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ကျေးရွာအများပိုင်းကို SNA ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသေးတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button