သတင်း

ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှု နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေဆုံးမှု ဆက်ရှိနိုင်သေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက်  ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင်  ဦးသေဆုံးခဲ့ရတယ် လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၇ ရက်  ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပြီး ဒီဖြစ်စဥ်မှာ နှစ်လသားအရွယ်ကလေးတစ်ဦး၊ အမေဖြစ်သူ နဲ့ အဖွားအိုတစ်ဦး သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူက ၁၀ ဦးထက်မနည်းရှိပြီး သေဆုံးမှုဆက်ရှိနိုင်သေးတယ်လို့ ဒေသခံတစ်ဦး က အခုလိုပြောပါတယ်။

ဖျက်အားပြင်းတဲ့ဗုံးပါ ပေါင် ၅၀၀ ဗုံးတစ်လုံးပဲချသွားတာ၊အရပ်သားက မနေ့ညအထိတော့  ယောက် သေဆုံးတယ်။ ဒီထက်တောင်မကလောက်ဘူး၊ နောက်ထပ် သေဆုံးနိုင်သေးတယ်။ ၁၀ ယောက်ဒဏ်ရာရ တဲ့ထဲ  ယောက်ကအခြေနေမကောင်းဘူးပြောတယ်။ တစ်ချို့ဆို လူကအစအနပါပျောက်သွားတယ်တဲ့လို့ပြောပါတယ်။

တစ်ဖက်မှာ လူနေအိမ်  လုံး လုံးဝပြိုကျပျက်ဆီးသွားသလို တရုတ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း နဲ့ ရေထွက်ဦးပန်ခြံဈေးက ဆိုင်ခန်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တဲ့ ရေထွက်ဦးပန်းခြံဈေးက ဈေးသည် တွေကတော့ ဝမ်းရေးအတွက်ဈေးထွက်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ညက ဗုံးချတယ်ဒီမနက်ကဈေးထွက်ကြပြီ၊ ဒေသခံတွေက အသက်ကိုပေးပြီး ဝမ်းစာအတွက် ရှာဖွေ နေရတယ်။ ဗုံးကြဲခံရလို့ တုန်လှုပ်မှုရှိပေမဲ့ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရတယ်လေ။လို့ပြောပါတယ်။

တအာင်းတပ်မတော် TNLA ကလည်း ကွတ်ခိုင်မြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား  ဦးသေဆုံး ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်းနှင့် ဒေသခံများအနေဖြင့် စစ်ရေးသတိရှိကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် လေကြောင်းကာကွယ်မှုနပတ်သက်တဲ့ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

လက်ရှိတော့ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ  ရက်နေ့က စစ်ကောင်စီလက်ထဲကနေ မြောက်ပိုင်းညီနောင်  ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၅၉၄၄ ဦးအထိရှိလာပြီလို့ AAPP က နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၄ ခု၊ ဆေးရုံဆေးခန်း ၅၇ ခုနဲ့ စာသင်ကျောင်း ၂၀၇ ကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button