သတင်း

မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ

ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။

မပခ တိုင်းမှူးလာသွားတယ် မနေ့က ဘာကိစ္စလဲတော့ သေသေချာချာမသိဘူး။ ခလရ ၄၆ ထဲ တစ်နာရီလောက်နေသွားတယ်လို့ အသက် ၅၀ ကျော်အရွယ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။

မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးဟာ   နာရီ မိနစ် ၄၀ တိတိမှာ ရဟတ်ယာဉ်ဖြင့်ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ထဲရောက်ခဲ့ပြီး  နာရီ မိနစ် ၅၀ ဝန်းကျင် မြစ်ကြီးနားကိုပြန်ဆင်းသွားတယ်လို့သိရပါတယ်။

ပူတာအိုမြို့ပေါ်  တိုင်းမှူးလာရောက်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့  Starting နဲ့ IPs Star အသုံးပြုတဲ့အင်တာနက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတာတွေရှိခဲ့တဲ့အပြင် အဲဒီနေ့ကစပြီး မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း စတင်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

ဘုရားကျောင်းပြီးတော့လိုင်းသွားသုံးမယ်လို့သွားတာ မရဘူးပြောလို့ပြန်လာတယ် လူကြီးလာလို့ အင်တာနက်လိုင်းတွေဖြတ်ခိုင်းထားတယ်တဲ့ လူကြီးပြန်မှရမယ်ပြောတယ်။ ပြီးတော့ တိုင်းမှူးပြန်ထွက်သွားတဲ့နောက် ပူတာအိုမြို့ပေါ်မှာ စစ်ကားတွေနဲ့ စစ်သားလည်းအများအပြားတွေ့နေရတယ်လို့ ပြောပါတယ်။

တိုင်းမူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး မြစ်ကြီးနားဆင်းသွားပြီးနောက် စစ်သားအပြည့်တင်ထားတဲ့ စစ်ကားနှစ်စီး မူလာရှီးဒီဘက်ဆင်းသွားတာရှိသလို မြို့ထဲမှာလည်း စစ်ကားနှစ်စီး စစ်သားအပြည့်တင်ကာ စစ်ရေးလှုပ်ရှားတာ၊ မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။ 

ပူတာအိုမြို့ပေါ်မှာ တိုင်းမှူးလာရောက်ရတဲ့အကြောင်းအရင်းနဲ့နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှုအခြေနေအသေးစိတ်ကို KNG ဆက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ .. တိုင်းမှူး ဗိုလ်မှုးချုပ်အောင်ဇော်ထွေးဟာ ဗိုလ်ချုပ်စိုးလှိုင်နေရာ အစိုးထိုးခန့်အပ်ထားသူဖြစ်ပြီး မြောက်ပိုင်းတိုင်းမပြောင်းရွှေ့ခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သင် (တေဇ၂၄ကျောင်းဆင်းတဦး ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို မြောက်ပိုင်းတိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၂၃ ဇူလိုင်လ ဗိုလ်ချုပ် ကိုကိုမောင်ကို ယမ်းရောင်းချမှုနှင့် ဖမ်းဆီးခဲ့ပြီး ဗိုလ်ချုပ် စိုးလှိုင်ကို တိုင်းမှူးတာဝန်ပေးခဲ့ပေမယ့်   လခန့် ထမ်းဆောင်ပြီးနောက် ရာထူးမှဖယ်ရှားလိုက်ပြီး လက်ရှိ ဗိုလ်မှူးချုပ်အောင်ဇော်ထွေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button