ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အဟုမ္မလင်းမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“တိုက်ပွဲတော့မဖြစ်ဘူးရှင့်ဒီတိုင်းသွားကျဲတာ ကာကွယ်ရေးတပ်တွေက ဖါနိုင်းရွာကနေထွက်သွားပြီး ချောင်းကိုကူးသွားတယ်လို့သတင်းရတယ်ဆိုပြီး ဟုမ္မလင်းလေတပ်ထဲကနေ သွားကြဲတာ”လို့ ဟုမ္မလင်းမြို့ခံအထက်ပါအမျိုးသမီးကပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးတပ်တွေ ဖါနိုင်းရွာကိုဝင်ရောက်ခဲ့ကြောင်းသတင်းရတာကြောင့် ဗုံးကြဲခဲ့တာလို့သိရပါတယ်။
ဖါနိုင်းကျေးရွာနဲ့ပုရစ်ကျေးရွာဟာ ကျေးရွာချင်းဆက်နေတာဖြစ်ပြီး စစ်ကောင်စီက ဖါနိုင်းရွာ၊ပုရစ်ရွာနဲ့ ဖါနိုင်းချောင်းအနီးဝန်းကျင် စုစုပေါင်း နေရာသုံးခုမှာ ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချခဲ့တယ်လို့သိရပါတယ်။
“အသံကတော့ဒီကနေလည်းကြား ရတယ် တော်သေးတယ် ဖာနိုင်းနဲ့ပုရစ်ရွာသားတွေက ကြာပြီးလေးမနေကြတာ အိမ်စောင့်တစ်ယောက်စ နှစ်ယောက်စပဲရှိတယ် အိမ်တွေကတော့အနည်းနဲ့အများထိသွားတယ်ပြောတယ် ရွာသားတွေတော့မဝင်ရဲကြဘူးလေယာဥ်ကြောက်ဆိုပြီး”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဗုံးကြဲမှုကြောင့် ပုရစ်ကျေးရွာမှာ ထိခိုက်ပျက်စီးမှုမရှိခဲ့ပေမယ့် ဖါနိုင်းကျေးရွာထဲမှာတော့ လူနေအိမ်တွေပျက်စီးတာရှိခဲ့တယ်လို့ဆိုပါတယ်။
ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာပြည်သူတွေဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်ဘေးရှောင်သွားကြတာလို့သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုအောင်၊ နန့်တောကျေးရွာတွေထဲမှာ အင်အားအလုံးအရင်းနဲ့တပ်ချနေပြီး လေကြောင်းနဲ့နေ့စဥ်ကင်းထောက်တာတွေလည်းလုပ်နေတယ်လို့ သိရပါတယ်။
“နောင်ပိုအောင်ထဲတော့ အင်အားတွေခနခနဖြည့်တယ် ပြည်သူ့စစ်လေးတွေအများဆုံးပါ့ သူတို့က (SNA၊စစ်ကောင်စီတပ်) ဒီနောင်ပိုအောင်ကို နှစ်လပိုင်းမှာအပြီးတိုက်မယ်လို့ကြားကတည်းက အင်အားတွေဖြည့်နေတာအခုလည်းသူတို့ကအဆင့်သင့်နေထားတာ လေယာဥ်လည်း နှစ်ရက်သုံးရက်တစ်ကြိမ်တော့ဝဲနေတာပါ့”လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာတော့ ရွှေပြည်အေးမြို့ ၊လွှစင်ကုန်းကျေးရွာ တကြောကို လက်ရှိ ကာကွယ်ရေးတပ်တွေကထိန်းချုပ်နေရာယူထားပြီး ဟုမ္မလင်း ဘက်ခြမ်း နောင်ပိုအောင်၊ နန့်တောစတဲ့ကျေးရွာတကြောကိုတော့ SNAနဲ့စစ်ကောင်စီတပ်က ထိန်းချုပ်ထားလို့နှစ် ဖက်စစ်ဆိုင်ထားတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။
နောင်ပိုအောင်နဲ့နန့်တော တဝိုက်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့်အနီးတစ်ဝိုက်က ကျေးရွာအများစုဟာ ၂၀၂၄ ခုနှစ်ကတည်းက ကြိုတင်တိမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါကျေးရွာအများအပြားနဲ့ ဟုမ္မလင်းနဲ့မြို့နယ်ချင်းဆက် ဖောင်းပြင်နယ်ထဲက ကျေးရွာအများစုကို ကာကွယ်ရေးတပ်တွေက ၂၀၂၄ ခုနှစ်ကတည်းကထိန်းချုပ်လိုက်တာကြောင့် လက်ရှိဟုမ္မလင်းမြို့နယ်ကိုဝင်ရောက်မယ့် ကုန်းကြောင်းနဲ့ရေကြောင်းအများပိုင်း ကို ကာကွယ်ရေးတပ်တွေကထိန်းချုပ်တားတာဖြစ်ပါတယ်။
By – Zaw Zaw