သတင်း

မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦးသတ်ဖြတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတ်ဖြတ်ခံမှုဖြစ်စဥ်တွေက ဩဂုတ်လ ၃၁ ရက် ဒီမနက် ၇ နာရီ ၁၅ ဝန်းကျင်အချိန် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေ တွေ့ရှိခဲ့ကြတဲ့အပြင် နောက်ထပ်ဖြစ်စဥ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက် ညနေ ၂ နာရီဝန်းကျင်အချိန် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာ သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာက‌နေ အမျိုးသားတစ်ဦးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။

ခုလို မြစ်ကြီးနားမြို့မှာ လူသတ်မှု နဲ့ ခိုးဆိုးလုယက်မှုတွေ မကြာခန ဖြစ်ပေါ်နေတဲ့ အပေါ် မလုံခြုံမှုတွေခံစားနေရတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။

နေ့တိုင်းမြင်နေကြားနေရတဲ့ သတင်းတွေက တစ်နေ့တစ်နေ့ပိုကြောက်ဖို့ကောင်းလာတယ်။မြစ်ကြီးနားမြို့က တကယ်အန္တရယ်ရှိတဲ့မြို့ဖြစ် နေပြီ။ ဘယ်သွားလည်း နောက် ကျောချမ်းစရာတွေချည်းပဲလို့ ပြောပါတယ် 

သတ်ခံရတဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတွေအများဆုံးဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်မှာလည်း ဓားထိုးခံရမှုကြောင့် သေဆုံးသူ နှစ်ဦးထိရှိခဲ့ပြီး ဓားခုတ်ဒဏ်ရာရရှိသူ ၅ ဦးထိရှိခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲကြားက လက်လှမ်းမှီသလောက် မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်‌ရေးအသင်းတွေနဲ့ဒေသခံတွေဆီကနေ ဆက်သွယ်မေးမြန်းထားတာဖြစ်တဲ့ အတွက် မြေပြင်အခြေအနေမှာတော့ အနည်းငယ်ပိုများနေနိုင်ပြီး ကွဲလွဲမှုတွေ ရှိနေနိုင်ပါတယ်။

မြစ်ကြီးနားမြို့မှာခုလို သတ်ဖြတ်ခံရမှုတွေ ၊ တိုက်ခိုက်ခံရတာတွေ မကြာခန ဖြစ်ပွားနေပေမယ့်လည်း သေချာအရေးယူဖမ်းဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါကြောင့် မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ပြည်သူတွေဟာ ပြစ်မှူကျူးလွန်သူတွေကို သက်ဆိုင်ရာကနေ ဖမ်းဆီးနိုင်ခြင်းမရှိသရွေ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

တရားခံမဖမ်းနိုင်သရွေ့ ဘယ်အချိန်ကိုယ့်အလှည့်ဖြစ်မလဲ ။ ဘယ်အချိန်ကိုယ်သေမယ့်အလှည့်လည်း။ မသေရင်တောင်မှာ ကိုယ်က ဘယ်အချိန်ခြေကျိုးမလား လက်ကျိုးမလား အဲလိုမျိုးနဲ့ အမြဲတမ်း စိုးရိမ်စိတ်အပြည့်နဲ့ ရှင်သန်နေရတာပေါ့။ ဘယ်သွားသွား စိုးရိမ်တယ်လို့ ဆိုပါတယ်။ 

ခုလို ခိုးဆိုးလုယက်မှူ၊သတ်ဖြတ်ခံရမှုများလာရခြင်းဟာ မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းများလာခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တယ်လို့ ပြည်သူတွေက ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ အာဏာသိမ်း ပြီးနောက် ကျေးလက်ဒေသဘက်က စစ်ဘေးရှောင်အများအပြား လာရောက်ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button