တိုက်ပွဲသတင်း

လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး  ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ  ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး  လုံး လာချသွားတယ်လို့ သိရပါတယ်။

ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး  ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ်

ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။

သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့  မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲငြိမ်သက်နေတဲ့  ရက်တာကလအတွင်း ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်အင်အားတွေ၊ လက်နက်ရိက္ခာအင်အားတွေ ပြန်လည်ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆက်လက်သိရပါတယ်။

လတ်တလောက နှစ်ဖက်စလုံးက ပြင်ဆင်နေဆဲအနေအထားဖြစ်တယ်။ သူတို့ဘက်က နောက်ဆုတ်သွားကတည်းက ပြန်ထိုးစစ်လုပ်လာတာမျိုး မရှိသေးဘူး။ အခုသူတို့ စစ်အင်အား၊ လက်နက်ရိက္ခာတွေ ထပ်ဖြည့်နေပြီး ပြင်ဆင်နေတယ်။ ပူတာအိုကနေ ခေါင်လန်ဖူးမှာ စစ်တပ်အင်အားတွေ ထပ်ရောက်တယ်လို့ ကြားတယ်။ သူတို့က လက်လျှော့ရပ်နားဖို့ အစီအစဉ်မရှိဘူး။ ဆက်လက်ထိုးစစ်ပြန်လုပ်ဖို့ ပြင်နေတယ်။” လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် ပူတာအိုမြို့ကနေ စစ်အင်အား ၂၀၀ ခန့်က ပြည်သူ့စစ်အဖွဲ့ရှိရာ ခေါင်လန်ဖူးဘက်ကို ရောက်ရှိလာတယ်လို့ ဆက်လက် သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လန်ဆယ်ဒေသရဲ့ အဓိက ခံတပ်စခန်းကုန်းဖြစ်တဲ့ KIA လဟယ်ဆင်တပ်စခန်းကို ပြည်သူ့စစ်တပ်ပေါင်းစုတွေ အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်း  ကြောင်းခွဲပြီး မြေပြင်နဲ့ ဝေဟင်တွေကပါ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့အထိ   ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်း ပစ်ကူ နှစ်ကြိမ် လာရောက်ခဲ့ပြီး ဒရုန်းဖြင့် အဓိကအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ လဟယ်ဆင်တောင်ကုန်း တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားခဲ့နေချိန် စစ်တပ်က လန်ဆယ်ရွာထဲကိုလည်း ဗုံးကြဲခဲ့တာကြောင့် ကလေး  ဦးအပါအဝင်  ဦးသေဆုံး ခဲ့ပါတယ်။

လဟယ်ဆင်တိုက်ပွဲအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေဘက် ထိခိုက်သေဆုံးသူများပြားခဲ့သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button