သတင်း

အင်းတော်အင်း သန့်ရှင်းရေး ထိန်းသိမ်း‌ ပေးကြဖို့ဒေသခံများ မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော််််အင်း ကိုလာရောက်လည်ပတ်သူတွေရဲ့ အမှိုက်ပစ်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ Indaw Revolution IR ရဲ့ ထုတ်ပြန် ချက်အရသိရပါတယ်။

သဘာဝရေချိုအိုင်တွေထဲက မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးအိုင်ဖြစ်တဲ့ အင်းတော်အိုင်ဟာ သဘာဝဇီဝမျိုးစိတ်များစွာ စုဆောင်းနေထိုင်ကြတဲ့ သဘာဝဧရိယာတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရက်ပိုင်းကာလတွေအတွင်း အင်းတော်အင်းသို့ လာရောက်လည်ပတ်သူတွေက အမှိုက်များကို ရေထဲ ဒါမှမဟုတ် အင်းဘေးဧရိယာတွေမှာ စွန့်ပစ်တာတွေ များပြားလာတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေရှိလာ‌တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

မြို့သိမ်းပြီးတဲ့နောက်ပိုင်း လူတွေပြန်ပြီးတော့ အင်းကိုအလည်အပတ်လာကြတာ။ လာကြတော့ အင်းထဲမှာတွေရော ရေထဲမှာ တွေရော အင်းစပ်မှာတွေရော အင်းဘေးမှာတွေရော အမှိုက်တွေကတော်တော်များများပစ်ထားကြတာ။ အင်းပတ်ပတ်လည်က တော့ နံလည်းနံ ညစ်ပတ်နေတာပေါ့လို့ ပြောပါတယ်။

လက်ရှိမှာ အင်းတော်မြို့နယ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိထိန်းချုပ်ထားတဲ့ NUG အနေနဲ့လည်း အင်းတော်အင်းအတွက်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်တာမတွေ့ရတာကြောင့် အမြန်ဆုံးထိန်းသိမ်းရေးတွေလုပ်ပေးဖို့နဲ့ လာရောက်လည်ပတ်သူတွေအနေနဲ့လည်း အမှိုက် တွေကိုစနစ်တကျစွန့်ပစ်ကြဖို့ ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။

အဓိကကတော့ မရောက်တာကြာလို့လာလည်ကြတယ်။ တချို့လည်းပျော်ပွဲစားထွက်လာကြတယ်။ အဲ့လိုလူတွေကလည်း စနစ်တကျကိုယ့်အမှိုက်ကိုယ် အင်းဘေးမှာပစ်တာမဟုတ်ဘဲနဲ့ ပြန်ယူသွားဖို့တွေ။ နောက်တစ်ခုက တာဝန်ရှိသူတွေအနေနဲ့လည်း မြစ်တွေချောင်းတွေ အင်းအိုင်တွေမှာ အမှိုက်စည်းမဲ့ကမ်းမဲ့မပစ်ကြဖို့သတ်မှတ်ချက်စည်းကမ်းတစ်ခုထုတ်ပြန်ပြီးတော့ သူတို့ ကိုယ်တိုင်ပူးပေါင်းပါဝင်ပြီးထိန်းသိမ်းစေချင်တယ်လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။

အင်းတော်အင်းဟာ ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံမှာ တတိယ အကြီးဆုံး သဘာဝရေချိုအိုင်ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ အင်းတော်အင်းမှာ အရင်လိုငါးမျိုးစိပ်တွေရှားပါးလာတဲ့အပြင် အင်းတော်အင်းနဘေး နေထိုင် သူတွေကလည်း အင်းထဲမှာအရင်လိုငါးမရတော့ဘူးလို့ ဒေသခံတွေကတစ်ဆင့်သိရပါတယ်။

ဒေသခံတွေ မျှော်လင့်ချက်ထားတဲ့အတိုင်း အင်းတော်အင်းဟာ သဘာဝအလှအပနှင့် ဇီဝမျိုးစိပ်တွေ ထိန်းသိမ်းနိုင်တဲ့ သန့်ရှင်းတဲ့ အင်းအဖြစ် ဆက်လက်တည်ရှိနိုင်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အင်းတော်မြို့နယ်ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကဘဲ တော်လှန်ရေးအင်အားစုတွေကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဟာ သိမ်းပိုက်ပြီးချိန်မှယနေ့အထိဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button