သတင်း

မြစ်ကြီးနားမြို့မှာ သားအမိ ၂ဦး လုယက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သားအမိ၂ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေသိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့က (ဇန်နဝါရီလ ၁၄ရက်) ညနေ ၄ နာရီခွဲအချိန်ရွှေညောပင်ရပ်ကွက် အမှတ်(၁၁)ကျောင်းနောက်မှာ ဆိုင်ကယ်စီးလာတဲ့ သားမိနှစ်ဦးကို အမျိုးသား၂ဦးကနေ ဖုန်းလုယက်ခဲ့တဲ့အတွက် ဆိုင်ကယ်မှောက်ပြီး သမီးဖြစ်သူခေါင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး အမေဖြစ်သူ ပြန်လည် ပြောပြနေတာကတော့ “ဖုန်းအတင်းလုပြီးတော့ ဆိုင်ကယ်ဆောင့်တွန်းသွားတာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဖုန်းကတော့ ပါမသွားဘူးလို့ သိရပြီး လုယက်တဲ့ အမျိုးသား၂ဦးကတော့ ချက်ချင်း ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ သမီးဖြစ်သူကိုတော့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ရှေးဦးသူနာပြုနည်းတွေနဲ့ အရေးပေါ်ကုသပေးပြီး ဆေးရုံကြီးကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေကနေပြီးတော့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်က ခိုးဆိုးလုယက်မှုတွေဟာ တစ်ပတ် ၃ ကြိမ်ဝန်းကျင်ထိရှိခဲ့ပြီး အဓိက ရွှေဆွဲကြိုး၊ လက်ဝတ်ရတနာ ၊ ပိုက်ဆံအိတ်၊ ဖုန်း၊ ဆိုင်ကယ်စတဲ့အရာတွေဟာ နေခင်းအချိန်တွေမှာလည်း အမြဲလိုလို လုယက်ခံနေရတာ ဖြစ်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

ပြစ်မှူကျူးလွန်သူတွေက အားကောင်းမောင်းသန် အရွယ်ကောင်းတွေဖြစ်တဲ့ ဆယ်ကျော်သက် အရွယ်ကနေ ၃၀ ဝန်းကျင်အရွယ် လူငယ်တွေ အများဆုံးဖြစ်ပြီးတော့ အုပ်စုလိုက် ဓား၊တုတ်၊ သေနတ်တွေ ကိုင်ဆောင်ပြီး လုယက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button