စည်းကမ်းမဲ့ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် မြစ်ကြီးနားပြည်သူတွေအခက်ကြုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် ပြည်သူတွေအတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကစပြီး မြစ်ကြီးနားမြို့  စီတာပူ၊ကက်သလစ်ဘုရားကျောင်း ကမ်းနားလမ်း၊ လယ်ကုန်းနဲ့ ကချင်စု ကမ်းနားလမ်းတစ်လျှောက်မှာ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်သူတွေဟာ ညနေပိုင်းရောက်တိုင်း တစ်ပတ်ကို ပျမ်းမျှအားဖြင့် နှစ်ကြိမ်ဝန်းကျင်မောင်းနှင်ကြတယ်လို့သိရပါတယ်။

ခုလို အုပ်စုဖွဲ့မောင်းနှင်မှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး ရပ်ကွက်နေ ပြည်သူတွေအတွက် လမ်းသွားလမ်းလာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

မြို့ပြင်မှာဆိုရင်တော့ စီးပါ မြို့ထဲမှာဆိုရင်တော့ မကောင်းဘူးလေ အခုချိန်က ကျောင်းတွေလည်း ဖွင့်ထားတော့ နေရာက သူတို့ကိုပဲ ဦးစားပေးနေရတယ်။ သူတို့လာပြီဆိုရင် ဘေးကပ်ပေးရတယ် သက်ကြီးရွယ်အိုတွေဆိုရင်လည်း နားမခံသာဘူး မီးဖွားထားတဲ့ ကလေးမိခင်တွေအတွက်လည်း မကောင်းဘူးလေလို့ ဆိုပါတယ်။

အဲဒီဆိုင်ကယ်မောင်းနှင်သူတွေဟာ “ဘီးကြီး” လို့ခေါ်တဲ့ ဆိုင်ကယ်တွေကို အများစု အသုံးပြုကြပြီး တစ်ဖွဲ့ကို အနည်းဆုံး ဆိုင်ကယ် ၁၀ စီးကနေ အစီး ၂၀ အထိ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် လမ်းကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရတဲ့အတွက် တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

အဓိကတော့ တာဝန်ရှိသူတွေပေါ့။ အဲလို မမောင်းကြဖို့ပေါ့။ တကယ်လို့ မြန်မြန်မောင်းမယ်ဆိုရင်တောင် လူတွေ ထိခိုက်မှုမရှိအောင် ဘယ်လောက်အရှိန်နဲ့ မောင်းရမယ်ဆိုတာမျိုး သတ်မှတ်ပေးသင့်တယ်။ အဲဒါတွေကို သေချာလုပ်ပေးရင်တော့ အဆင်ပြေမယ်လို့ မြင်မိပါတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှုနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ လစဉ်နီးပါး ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း စံပြရပ်ကွက် နယူးလူကြီးမင်း ကားဝပ်ရှော့ဆိုင်ရှေ့မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်နေစဉ် ဆိုင်ကယ်နဲ့ တိုက်မိပြီး ထွက်ပြေးသွားတာကြောင့် ဦးနှောက်သွေးယိုစိမ့်ဒဏ်ရာ ရရှိခဲ့ကာ မေလ  ရက်နေ့မှာ အဆိုပါဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ  ဦးအထိ ရှိခဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်  ဦးလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

မတ်လအတွင်းမှာလည်း ယာဉ်တိုက်မှုပေါင်း ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်မှုတွေ ရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဇန်နဝါရီလအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး  ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာ အများအားဖြင့် အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ညအချိန်တွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသားတွေက အများဆုံး ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button