သတင်း

အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ

မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အာကျဲနဲ့ဖရောရွာချင်းစပ်လမ်းကို စစ်ကောင်စီတပ်က ဘက်ဖိုးမြေကျင်းတူးပြီး ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ခြားလမ်းကိုကွေ့ရှောင်ပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရွာသားတွေရဲ့ အဓိကသွားလမ်းဖြစ်တယ် အောက်ဘက် မြစ်ကမ်းဘေးတစ်လျှောက်မှာ ခြံတွေလုပ်တော့ ခြံသွား အလုပ်သွားအဓိကလမ်း ဖြစ်တယ်။ တာလောကြီးဟိုကပ်ဘက်ကို အမြဲသွားလာပြီး အရောင်းအဝယ်လုပ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို တူးဖော် ဖြတ်တောက်လိုက်တော့ အခက်ကြုံသွားတာပေါ့လို့ပြောပါတယ်။

စစ်ကောာင်စီတပ်လမ်းဖြတ်တောက်လိုက်တဲ့နေရာဟာ အကျဲကျေးရွာကနေ  ဖာလုံလောက်အကွာမှာရှိပြီး ဘတ်ဖောနဲ့  ပေခန့်နက်အောင်တူးလိုက်တဲ့အပြင် အကျယ်  ပေဝန်းကျင်လမ်းဖြတ်တောက်ထားတာဖြစ်ပါတယ်။ 

အဲဒီလမ်းဟာ ဒေသခံတွေ ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် စိုက်ပျိုးရေးနဲ့ ရွှေလုပ်ကွက်တွေဆီအဓိက သွားလာနေကြတဲ့လမ်းဖြစ်သလို တာလောကြီး – ဟိုကပ်နဲ့ ဆင်ဘိုမြို့  ကနေ ရွှေကူမြို့ဘက်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

အကျဲရွာကနေ ဖရောအောက်ဘက်ပိုင်း တာလောကြီး– ဟိုကပ် ဘက်သွားတဲ့ ကားတွေ၊ ပြီးတော့ ရွှေတူးဖော်တဲ့သူတွေ သွားသွားလာလာလုပ်တယ်။ ခရီးသည်ကားတွေနဲ့ ဓါတ်ဆီနဲ့ ရိက္ခာတွေ ကားကြီးတွေနဲ့ပဲ ပုံမှန်ဖြတ်နေတော့ သူတို့ (စစ်တပ်က ဘယ်လိုမြင်လာလဲမသိဘူးလေ။ ဒါကြောင့် အဲဒီလမ်းကို တူးဖော်ဖြတ်တောက်လိုက်တာလို့မြင်တယ်။လို့ အာကျဲကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့မနက် လမ်းဖြတ်တောက်လိုက်တဲ့နောက်  ဇွန်လ ၁၈ ရက်နေ့မှာတော့ နေ့လည် ၁၁ နာရီခွဲဝန်းကျင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ  အကျဲရွာနဲ့ဖရောရွာတောလမ်းဘက်ကို စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာတာတွေရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် အကျဲရွာနဲ့ဖရောရွာကြားမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးတာတွေရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါပေမယ့်  ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိ စစ်ကောင်စီဘက်က စစ်ရေးအခြေအနေ တင်းမာလာတဲ့နေရာတွေတိုင်းမှာ အများပြည်သူအသုံးပြုတဲ့ လမ်းတွေကိုတူးဖော် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button