ဆောင်းပါး

ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး

အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့စိတ်နဲ့ ကြိုးစားလို့ရှိရင် အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်

လူငယ်တွေကို ခွန်အားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြံပေးစကားကို ပြောခဲ့တဲ့သူကတော့ လက်ရှိ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The University of Queenland)တက္ကသိုလ်မှာ  Master of Education in  Leadership မေဂျာကို သင်ယူနေတဲ့ ပူတာအိုတောင်ပေါ်သားလေး အင်ခွန်ဆွတ်မိုင်ဘဲ ဖြစ်ပါတယ်။

အရပ်အမောင်းကောင်းကောင်းနဲ့ စကားသံဝဲဝဲပြောတတ်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်လေးဟာ လွန်ခဲ့တဲ့ ၂၀၁၁  ပူတာအိုမြို့ကနေ  မြစ်ကြီးနားမြို့ကတက္ကသိုလ်တက်ဖို့အတွက်ရောက်ရှိလာပါတယ်။ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်က မြို့တော်ဖြစ်ပြီး ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသက လူငယ်တွေအတွက်တော့ နေထိုင်အချေချနိုင်ဖို့ အိမ်မက်တစ်ခုလိုဘဲ ဖြစ်ပါတယ်။

ဒါကြောင့် တောင်ပေါ်ဒေသကလူငယ်တွေဟာ များသောအားဖြင့် မြစ်ကြီးနားမြို့မှာ ပညသင်ယူနိုင်ဖို့ အသိဆွေမျိုးတွေရဲ့နေအိမ်မှာ အိမ်အလုပ်တွေဝိုင်းကူပေးပြီး ပညာသင်ယူကြတာများပါတယ်။ အဲဒီထဲက ပူတာအိုတောင်ပေါ်သားလေး ဆိုသူလည်းတစ်ယောက်အပါအဝင်ပါ

အလားတူ ဒီလူငယ်လေးဟာ ဆိုရင်လည်း မြစ်ကြီနားက ဆွေမျိုးတွေရဲ့ အိမ်မှာ ဝက်စာကျွေး ထမင်းဟင်းချက်ပြီး တက္ကသိုလ် တက်ရောက်ခဲ့ရတာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် မြစ်ကြီးနား မြို့မှာ တက္ကသိုလ်တက်တယ် ဆိုပေမယ့်လည်း အိမ်နဲ့ တက္ကသိုလ်က လွဲပြီး ဘယ်နေရာမှ မသွားခဲ့ရတာဘဲ ဖြစ်ပါတယ်။ ဒါအပြင် အများနည်းသူ အချိန်တန်ရင် ဘွဲရပြီး အလုပ်လုပ်ဖို့ကိုဘဲ ဒီတောင်ပေါ်သားလေးက တွေးထားခဲ့တာဘဲ ဖြစ်ပါတယ်။

အခုလို မြစ်ကြီးနားမြို့က ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာအိမ်အလုပ်တွေကူလုပ်ရင်းနဲ့ ကြိုးစားပြီး တက္ကသိုလ်တက်ခဲ့တာဟာ ဆင်းရဲတဲ့ လူနေမှုဘဝကနေလွတ်မြောက်ချင်ခဲ့လို့ဘဲ ဖြစ်ပါတယ်။

သူ့။မိသားစုဟာ လူသူနည်းပါးပြီး ခေါင်ပါးတဲ့ ပူတာအိုခရိုင် လုံရှာရန် ကချင်ကျေးရွာ မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

လုံရှာယန်ကျေးရွာဆိုတာဟာ ပူတာအိုမြို့ကနေ မိုင် ၃၀ လောက်သွားရတဲ့နေရာဖြစ်ပြီး အလုပ်အကိုင်တွေလည်းရှာပါးတဲ့အတွက် အားလုံးက တောင်ယာလယ်ယာစိုက်ပျိုးတဲ့ အလုပ်နဲ့ဘဲ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း  သူမိဘတွေ မွေးတဲ့ အဲဒီရွာမှာဘဲ ၁၉၉၃ ဇန်နဝါရီ ၁ ရက်နေ့က မွေးဖွားခဲ့တာဘဲ ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၄ ယောက်နဲ့ ညီအစ်ကို ၇ ယောက်ရှိပြီး ယောက်ကျားလေးတွေထဲမှာတော့ ၆ ယောက်မြောက်သားဖြစ်ပြီး သူ့မိဘတွေက ဆွတ်မိုင်ဆိုတဲ့ နာမည်ကို မှည့်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။

သူမိဘတွေဟာ ဖျားနာတဲ့ အချိန်တွေမှာတောင် မိသားစုများတဲ့အတွက် အလုပ်တွေကို ရပ်နားလို့ မရခဲ့သလို ပင်ပင်ပန်းပန်း တောင်ယာ လယ်ယာ အလုပ်တွေကို လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ 

ဒါအပြင် သူတို့ရွာတွေမှာလည်း  ကောင်းမွန်တဲ့ ဆေးပေးခန်းတွေမရှိခဲ့သလို သာမန်ဖျားနာတဲ့ အခါတွေမျိုးမှာလည်း တခြားနေရာတွေမှာ ဆေးခန်းပြဖို့ ငွေကြေးတွေခက်ခဲခဲ့တဲ့အတွက်  ဆေးမြှီးတိုတွေနဲ့သာ ကုသခဲ့ကြပြီး သူရဲ့ညီအစ်ကိုမောင်နှမ ၁၁ရှိတဲ့ထဲက ၅ယောက်လောက်က အသက်ဆုံးရှုံး ခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ကောင်းမွန်တဲ့ ဆေးပေးခန်းတွေ မရှိရုံသာမက သူငယ်စဉ်အခါတုန်းက ပညာရေးကျောင်း တစ်ကျောင်းသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကို ဆွတ်မိုင်ဟာ ဒီလို ဖြစ်ရပ်တွေကြောင့် အခုလို ဘာမှမသိနားမလည်တဲ့ ဘဝကနေ လွတ်မြောက်ချင်တဲ့ အတွက် မြစ်ကြီးနားမြို့လို နေရာကို အရမ်းရောက်ဖူးချင်သူ ဖြစ်ပါတယ်။

ဒါအပြင် မြစ်ကြီးနားမြို့မှာ ပညာကို ကြိုးစားသင်ယူပြီး ဘဝတစ်ကွေ့ကို ပြောင်းလဲ ချင်ခဲ့သူပါအဲဒီအချိန်အခါတုန်းက တစ်ရွာလုံးမှာ မြစ်ကြီးနား ရောက်ဖူးသူဆိုလို့ တစ်ရောက်စ နှစ်ယောက်စသာ ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ပထမဆုံးအနေနဲ့ သူရဲ့ရွာကနေ မိုင်၃၀လောက်ဝေးပြီး လမ်းလျှောက်သွားရတဲ့ ခရီးဖြစ်တဲ့ ပူတာအိုမြို့ပေါ်က သူဆွေမျိုးတွေအိမ်မှာနေပြီး အလယ်တန်းကနေ အထက်တန်းထိ တက်ရောက်ခဲ့တာဘဲဖြစ်ပါတယ်။

ကိုဆွတ်မိုင်အတွက် မြို့ဆိုတဲ့ အငွေ့အသက်ကို သူ့ဘဝမှာ ပထမဆုံးကြုံတွေ့ခဲ့တာ ဖြစ်ပေမယ့်လည်း သူတစ်ပါးအိမ်မှာ မှီခိုနေရတဲ့ အတွက် အိမ်အလုပ်တွေကို ကြိုးစားပြီး လုပ်ခဲ့ရသလို တစ်ဖက်မှာ ကချင်ရွာဖြစ်တဲ့ လုံရှာယန်ကနေ ပြောင်းလာသူဖြစ်လို့ ကျောင်းစာသင်တဲ့ အချိန်တွေမှာ ဘာသာစကား အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဘဲ ဖြစ်ပါတယ်။

သူများအိမ်မှာနေတော့ ပျော်တော့ မပျော်ဘူးပေါ့ ထမင်းချက်အဝတ်လျှော် အကုန်လုပ်ရတယ် သူများမကြိုက်မှာဆိုးတော့ အရိပ်အခြေကြည့်ပြီးနေရတော့ ပြီးတော့ ကျောင်းတက်တဲ့ အချိန်ဆိုလည်း ကိုယ်က မြန်မာ စကားမတတ်တော့ ၇တန်းလောက်ထိ ဘာသင်နေတာလဲဆိုတာကို နားကိုမလည်းဘူးလို့ ကို ဆွတ်မိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း ကို ဆွတ်မိုင်ဟာ ပူတာအိုမြို့မှာဘဲ ဆယ်တန်းကို ဖြေဆိုအောင်မြင်ခဲ့နိုင်တဲ့အတွက် မြစ်ကြီးနား မြို့ကို သွားနိုင်ဖို့ လမ်းစကိုတွေ့ရှိခဲ့တာ ဘဲဖြစ်ပါတယ်။

ဒီလိုနဲ့ သူဟာ ဆယ်တန်းအောင်ပြီးနောက်ပိုင်း တက္ကသိုလ်တက်ဖို့ အတွက် မြစ်ကြီးနားကို ၂၀၁၁ ဝန်းကျင်လောက်က ရောက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ သူဟာ တောရွာတို့ရဲ့ ဓလေ့ထုံးစံအတိုင်း ကျောင်းတက်နောက်ကျခဲ့တဲ့အတွက် မြစ်ကြီးနား ရောက်တဲ့အချိန်မှာတော့ အသက် ၂၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသား ဘဝဆိုတာ လူငယ်တွေအတွက် အပျော်ဆုံးဆိုတဲ့ အချိန်ကာလ တစ်ခုဆိုပြီး လူတွေက သတ်မှတ်ထားကြပါတယ်။

ဒါပေမယ်လည်း သူဟာ ပူတာအိုမှာ နေခဲ့တုန်းကလိုဘဲ ဆွေမျိုးတွေအိမ်မှာဘဲ နေရင်းကျောင်းတက်ခဲ့ရတဲ့ အတွက် သူများတကာလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့ အချိန်လည်း မရှိခဲ့သလို ပိုက်ဆံတွေလည်း မရှိခဲ့ပါဘူး။

သူဟာ ကျောင်းသွားတဲ့ အချိန်တွေကလွဲပြီး ကျန်တဲ့ အချိန်တွေမှာတော့ ဆွေမျိုးအိမ်မှာ ဝက်စာကျွေး၊ ထမင်းချက်နဲ့အိမ်သန့်ရှင်းရေး အလုပ်တွေကို လုပ်ပြီးတော့သာ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် သူဟာ သာမန်အတိုင်း ဘွဲလေးတစ်ခုယူပြီး အလုပ်လုပ်ဖို့သာ အတွေးရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သာမန်ဘဝကနေ ရုန်းထွက်ချင်ခဲ့တဲ့အတွက် ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်တဲ့  အင်္ဂလိပ်စာနဲ့ စကားကို ကျွမ်းကျင်အောင်လေ့လာခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါအပြင် သူအနေနဲ့ ဆွေမျိုးတွေရဲ့ အိမ်မှာနေရတာ ကျေးဇူးတင်မိပေမယ့်လည်း လူငယ်ပီပီ လွတ်လွတ်လပ်လပ်နေပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားချင်တဲ့အတွက် ဒုတိယနှစ်ပြီးတာနဲ့ တစ်ယောက်တည်း အခန်းငြားနေခဲ့တာဘဲ ဖြစ်ပါတယ်။

မိဘအိမ်ကနေပြီးတော့ အထွေထွေသုံးဖို့အတွက် တစ်လကို ၅ သောင်း ပို့ပေးပေမယ့်လည်း မလောက်ငှတဲ့အတွက် နွေရာသီကျောင်းပိတ်ရက်လို အချိန်မျိုးတွေမှာ တရုတ်ပြည်၊ ဖားကန့် လိုနေရာမျိုးတွေမှာ အလုပ်အမျိုးမျိုးလုပ်ကိုင်ခဲ့တဲ့အပြင် မြစ်ကြီးနားမှာ ဆိုရင်လည်း ဆေးသုပ်တာနဲ့ ပရံတွေလုပ်ရင်း အိမ်စရိတ်ကျောင်းစရိတ်တွေကို ကာမိခဲ့တာ လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း  အင်္ဂလိပ်စာလေ့လာတဲ့အခါမျိုးမှာ စရိတ်စခ သက်သာအောင်ဆိုပြီး အခမဲ့ သင်တန်းတွေကိုဘဲ ရှာတတ်ခဲတာဘဲ ဖြစ်ပါတယ်။

အဲလိုနဲ့ သူဟာ  (YMCA) လို အင်္ဂလိပ်စကား အပြန်အလှန်ပြောတဲ့အဖွဲ့တွေမှာ ပါဝင်ပြီး လေ့လာခဲ့သလို အားရင်အားသလို English Meaning Book တွေကို လက်ဝယ်ထားရှိပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အင်္ဂလိပ်စာ ကျွမ်းကျင်လာတဲ့အခါ ကလေးငယ်တွေကို အခြေခံအင်္ဂလိပ်စာတွေကို သင်ပေးပြီး အပိုဝင်ငွေတွေကိုလည်း ရှာနိုင်ခဲ့သလို ကျောင်းက အင်္ဂလိပ်နဲ့ သက်ဆိုင်တဲ့ စွမ်းရည်ပြိုင်ပွဲတွေလိုမျိုးတွေမှာ ယှဉ်ပြိုင်ပြီး ဆုတွေ ဆွတ်ခူးခဲ့တာဘဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲလို အရာတွေဟာ များသောအားဖြင့် အင်္ဂလိပ်မေဂျာက လူတွေသာ ယှဉ်ပြိုင်လေ့ရှိကြတာ ဖြစ်ပေမယ့်လည်း သူကတော့ တခြားမေဂျာ ဖြစ်တဲ့ စိတ်ပညာ မေဂျာကနေ ယှဉ်ပြိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

သူအားဖြင့် တက္ကသိုလ်ကျောင်းက သူငယ်ချင်းတွေလည်း အင်္ဂလိပ်မေဂျာက မဟုတ်ရင်တောင် တခြားမေဂျာက သူတွေလည်း အင်္ဂလိပ် စွမ်းရည်မြင့် ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အသိမျိုးရှိသွားခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းလည်း တဖြည်းဖြည်း ပြီးလာပြီး တက္ကသိုလ်ကျောင်း စတုထ္တနှစ် ဖြေပြီးတဲ့ အချိန် သူ့အနေနဲ့ အိမ်ကို ပြန်ရမှာကို စိုးရိမ်နေတာဘဲ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ သူအတွက် ရွာကိုပြန်ရင် အလုပ်အကိုင် အခွင့်အလမ်း နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း မရှိသလို အမှောင်ကမ္ဘာထဲ လှောင်ပိတ်ထားသလို မျက်စိပိတ် နားပိတ် ဖြစ်သွားမှာကို ကြောက်ရွ့နေတာဘဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်က Naushawng Development Institute ဆိုတဲ့ community school  ကျောင်းမှာ တက်ဖို့ အကြံပေးလိုက်တော့ သူ့အနေနဲ့လည်း deadline နောက်ဆုံးတစ်ရက်မှာမှ ကျောင်းလျှောက်လိုက်တာဘဲ ဖြစ်ပါတယ်။

အိမ်မပြန်ချင်တဲ့ သူအတွက်တော့ ၂၀၁၆ စိတ်ပညာနဲ့ဘွဲ့ရပြီးနောက် အဲဒီကျောင်းမှာ တစ်နှစ်ပရိုဂရမ်ကို အခမဲ့ သင်ကြားခွင့် ရခဲ့ပြီး community school ဖြစ်တဲ့အလျောက် သူရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေခဲတဲ့ အရာတွေကို သင်ယူခဲ့ရတာ ဘဲ ဖြစ်ပါတယ်။

ဆင်းရဲတွင်းကနေ လွတ်မြောက်ချင်တဲ့ပူတာအိုတောင်ပေါ်သားလေးဟာ အဲဒီကျောင်းတက်ပြီးနောက် ကိုယ့တစ်ယောက်တည်း လွတ်မြောက်ဖို့အတွက်ဘဲ မဟုတ်ဘဲ  မဖွံ့ဖြိုးသေးတဲ့မွေးရပ်မြေ ဇာတိရွာအပြင် ကျေးလက်ဒေသဘက်ကို တက်နိုင်တဲ့ဘက်ကနေ ကူညီပေးစေချင်တဲ့စိတ်တွေရှိလာစေတာဘဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ မြစ်ကြီးနားမြို့တွင်းက အင်္ဂလိပ်သင်တန်းတွေနဲ့ community school တွေမှာ ကိုယ်တက်ခဲ့တဲ့ကျောင်းတွေ သင်တန်းတွေက ဆရာတွေနဲ့ ချိတ်ဆက်ပြီး volunteer အနေနဲ့ အင်္ဂလိပ်စာသင်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မြို့ကြီးပြကြီးတွေလို နေရာမျိုးတွေကို သွားချင်တဲ့အတွက် ရန်ကုန်မြို့လို နေရာမျိုးမှာ အလုပ်သွားလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။

တစ်နှစ်ကျော်ကြာလာပေမယ့် အဆင်မပြေတဲ့အတွက် မြစ်ကြီးနား ပြန်လာပြီး စာသင်တဲ့ အလုပ်တွေလုပ်ပြီး တဖြည်းဖြည်းကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တဲ့ သင်တန်းတစ်ခုကို ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ တယ်လို့ သိရပါတယ်။

သူဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်သင်တန်း အမည်ကိုတော့ Champion English Academy လို့ ပေးထားပြီး တောရွာတွေဘက်က ခက်ခဲတဲ့သူတွေကိုတော့ ငွေကြေးကောက်ခံတာမျိုးတွေ မပြုလုပ်တဲ့အပြင် scholarship တွေ ရရှိအောင် ပြင်ဆင်တဲ့ အခါတွေမျိုးမှာလည်း ကူညီပေးနေတာဘဲ ဖြစ်ပါတယ်။

ကိုယ်က ပိုတော်တဲ့ ပိုထူးချွန်တဲ့ ကျောင်းသားတွေကို မွေးထုတ်ချင်ရင် ကိုယ် ကိုယ်တိုင်လည်း ပိုပြီးထူးချွန်မှ တော်နေမှ မွေးထုတ်လို့ ရမှာပေါ့လို့ ကို ဆွတ်မိုင်က ပြောပါတယ်။

ဒီလိုနဲ့ သူဟာ ပိုပြီး အဆင်မြင့်တဲ့ ထူးချွန်ကျောင်းသားတွေကို မွေးထုတ်ချင်တဲ့အတွက် သူကိုယ်တိုင် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဘဲ ဖြစ်ပါတယ်။

တစ်ဖက်မှာ ပညာသင်ဆု (scholarship) ဆိုတဲ့အရာက လွယ်လွယ်ကူကူရနိုင်တဲ့ အရာမဟုတ်တဲ့အတွက် သူ့လိုဘွဲ့ရပြီး စာသင်တဲ့နေရာမှာ အတွေ့အကြုံရှိတဲ့သူ အတွက်တောင် တစ်နှစ်လောက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းတော်တော်များများက recommendation letterတွေနဲ့ကိုယ်ဘာအတွက်ကြောင့်မို့လို့ ဒီပညာသင်ဆုကိုလိုချင်ရတာလဲ ဆိုတဲ့ စာစီစာကုံးတွေကို အင်္ဂလိပ်လိုတောင်းလေ့ရှိတာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူရဲ့ ကြိုးစားမှုနဲ့ လိမ္မာပါးနပ်မှုကြောင့် scholarship လျှောက်တဲ့ချိန်လိုအပ်တဲ့အလုပ်အတွေ့အကြုံ ထောက်ခံစာ( recommendation letter)တွေကို သူအရင်က စေတနာ့ဝန်ထမ်းအနေနဲ့စာသင်ကြားပေးခဲ့တဲ့ ကျောင်းက ဆရာကြီးတွေဆီကနေ ရယူနိုင်ခဲ့သလို အင်္ဂလိပ်စာကိုအမြဲသင်ကြားပေးနေသူ ဖြစ်တဲ့အတွက် စာစီစာကုံးရေတဲ့ အခါတွေမှာလည်း သူ့အတွက်တော့ အဆင်ပြေခဲ့တာဘဲ ဖြစ်ပါတယ်။

တစ်နှစ်ကျော်အကြာ ကျောင်းတက်ဖို့ ပြင်ဆင်ပြီးချိန်မှာတော့ ၂၀၂၃ခုနှစ်မှာ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The University of Queenland)တက္ကသိုလ် မှာ  Master of Education in  Leadership မေဂျာကို scholarship နဲ့ တက်ရောက်ခွင့်ရခဲ့တာဘဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလို ပညာသင်ဆု(scholarship) ရရှိခဲ့တဲ့ အပေါ် ခုလိုပြောပါတယ်။

အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့ သူတွေအတွက်ဘဲ ပြီးတော့  အခွင့်အရေးဆိုတာ ဘယ်လိုနေရာ မျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့ စိတ်နဲ့ ကြိုးစားလို့ ရှိရင် ကိုယ်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်လို့ဆိုပါတယ်။

လက်ရှိမှာဆိုလည်း သူဟာ ပညာရေးနဲ့ ပက်သက်တဲ့ ဘာသာရပ်ကို လေ့လာသင်ကြားနေတာ ဖြစ်ပြီး သူဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်သင်တန်း Champion English Academy ကနေပြီးတော့လည်း ခက်ခဲနေတဲ့ လူငယ်တွေကို  အခမဲ့ အင်္ဂလိပ်စာ သင်ကြားပေးတာ မျိုးတွေ အပြင် ကျောင်းသားတွေအနေနဲ့ scholarship ရဖို့ ပြင်ဆင်တဲ့ အခါမျိုးတွေမှာလည်း ကူညီလမ်းပြပေးနေတာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူလက်ရှိတက်ရောက်သင်ကြားနေတဲ့ ဘာသာရပ်က ကျောင်းတွေ တည်ထောင်တဲ့ အခါဆရာ/မတွေနဲ့ ကျောင်းသားတွေကို ဘယ်လို ပုံစံမျိုးနဲ့ လမ်းညွန် သင်ကြားပြီးပညာရေးတိုးတက်ဖွံဖြိုးလာအောင် ပြုလုပ်ရမယ်ဆိုတဲ့ ဘာသာရပ်ဘဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ ကျောင်းပြီးသွားတဲ့အခါ ဝေးလံခေါင်ပါးတဲ့ ရွာတွေမှာ ကျောင်းတွေ တည်ထောင်ပြီးလူငယ်တွေနဲ့ ရပ်ရွာတွေကို အသိပညာတွေ ဖွံ့ဖြိုးတိုးတက်လာအောင် သူအနေနဲ့ တက်မြောက်လာတဲ့ပညာတွေကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်တော်ကိုယ်တိုင်အရင်လမ်းဖောက်ပြထားလို့ ရှိရင်နောက်လူတွေအတွက်လည်း လမ်းစ ဖြစ်လာမယ်လို့ထင်တယ် ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ဆိုရင်လည်း ပညာတွေတတ်မှလွတ်မြောက်နိုင်မှာဖြစ်တယ်။ကိုယ်ဘာမှ မပေးခဲ့နိုင်ရင်တောင်မ ကိုယ့်ရဲ့ ပညာအမွေတွေကိုတော့ နောက်လူငယ်တွေကို သင်ယူနိုင်အောင်လို့ကိုယ်ကိုယ်တိုင်လည်း အမြဲကြိုးစားနေပါတယ်လို့ ကိုဆွတ်မိုင်က ပြောပါတယ်။

လက်ရှိမြန်မာ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ပညာသင်အရွယ် လူငယ်တော်တော်များများကလည်းလမ်းပျောက်နေကြတာဘဲ ဖြစ်ပါတယ်။

ခုလို လမ်းပျောက်နေတဲ့ လူငယ်တွေကို ကိုဆွတ်မိုင်ကနေပြီးတော့ ဘဝတစ်လျှောက်တွေ့ကြုံလာရတဲ့အခက်အခဲပြဿနာတွေကြားကနေပြီးတော့ ဩစတေးလျ နိုင်ငံက အဆင်မြင့် တက္ကသိုလ်မှာ ဘယ်လို ပညာသင်ကြားနိုင်ခဲ့လဲ ဆိုတာနဲ့ ပက်သက်ပြီး ခုလိုမျှဝေ ထားပါတယ်။

လူငယ်တွေကို ပထမဆုံးအနေနဲ့ ကိုယ်ကိုယ်တိုင်က ဘာဖြစ်ချင်လဲ ဆိုတာကို အရင်သိစေချင်တယ်ဒုတိယအနေနဲ့တော့ အင်္ဂလိပ်စာကို သေချာတတ်ကျွမ်းအောင် လေ့လာစေချင်တယ် နောက်ဆုံးအနေနဲ့တော့ဘာအလုပ်ဖြစ်ဖြစ် လုပ်ကိုလုပ်နေစေချင်တယ် ကိုယ်မှာ ဘာမှ နောက်ခံ မရှိရင်တောင် ခံပြင်းတဲ့ စိတ်နဲ့ဘာ ဖြစ်ဖြစ်ကြိုးစားပြီး လုပ်စေချင်တယ်

By – Hope

Show More

Related Articles

Back to top button