ဆောင်းပါး

တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ရနေတဲ့ ရမ်ပူရပ်ကွက် မူးယစ်ဈေးတန်း

ရောင်းတဲ့ ဒိုင်အိမ်ကို ကျွန်တော်တို့တစ်ရပ်ကွက်လုံးလည်းသိတယ် ရဲတွေရောသိတယ် ဒါပေမယ့် ပိုက်ဆံယူပြီးမှဘဲ ပြန်ပြန်သွားတာလို့ ပြောပြလာသူကတော့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးပါ။

ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးနဲ့ ၁၅ မိနစ်ခန့်သာဝေးတဲ့ မြို့ပေါ်ရပ်ကွက်လို့ပြောလို့ရတဲ့ ရပ်ကွက်တစ်ခုဖြစ်ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေထဲမှာ အဆိုးဆုံးနေရာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်းမူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကိ သိသိရက်နဲ့ ဥပက္ခာပြုနေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။

မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတွေဟာများသောအားဖြင့် ညနေစောင်းအချိန် ရမ်ပူရပ်ကွက်ထဲစုလာပြီး အုပ်စုလိုက် ၁၀ ယောက်ကနေ ၃၀ယောက်ထိရှိကာ ရပ်ကွက်ထဲမှာ ပေါ်တင်အော်ရောင်းတာမျိုးတွေပါ ပြုလုပ်လာတယ်နောက်ထပ် ရမ်ပူရပ်ကွက်က အမျိုးသားတစ်ဦးကခုလိုပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းတဲ့ သူကိုတိုင်လို့ရှိရင်တော့ ဖမ်းသွားတယ် ဒါပေမယ့် ရဲစခန်းမရောက်ခင်မှာ လမ်းမှာတင်ပစ္စည်းသိမ်းတယ် ပိုက်ဆံတောင်းတယ်ပြီးတော့ ပြန်လွတ်ပေးတယ်လို့ပြောပါတယ်။

ဒါကြောင့် ရမ်ပူရပ်ကွက်ဟာ အမှတ်  ရဲစခန်းနဲ့ နီးတဲ့အတွက် ရပ်ကွက်နေပြည်သူတွေဟာ ရဲစခန်းထိတစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ သွားတိုင်တန်းတာတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမယ့်လည်း ထိရောက်စွာအရေးယူခြင်းမရှိတဲ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်တာကိုလည်း ခွင့်ပြုထားပေးတာဖြစ်တယ်လို့ ရပ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ဒီလို ဉပဒေစိုးမိုးမှုတွေမရှိတော့တဲ့အတွက် မူးယစ်ဆေးဝါးကို အပြိုင်အဆိုင်ရောင်းလာကြပြီး ရမ်ပူအပိုင်း ၂၁ ကနေ အပိုင်း ၂၂၊ ၂၃အထိ ရောင်းဝယ်သုံးစွဲမှုတွေ ပိုပြီးပျံနှံ့လာပြီး ရပ်ကွက်ထဲလမ်းဘေးမှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲမှုတွေ ပြုလုပ်နေတာဟာဆိုရင် သုံးနှစ်ဝန်းကျင်ရှိလာပြီ ဖြစ်တယ်လို့ လည်း ဒေသခံတွေကဆိုပါတယ်။

အဓိကအားဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ပေးဆပ်သူလူမှုကယ်ဆယ်ရေး လမ်းကြားတည့်တည့် မှာရှိတဲ့ ကုန်းတံတားနဲ့ ခင်မာသီရိလမ်းသွယ်၂၄ ကြား မှာ  နေ့တိုင်း မနက်  နာရီလောက်ကနေ  ၁၂ နာရီ ဝန်းကျင်လောက်ထိရှိနေတတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်နေပြည်သူတွေအပြင် ရပ်ကွက်ထဲဝင်လာသူတိုင်းကို မူးယစ်ဆေးဝါးဝယ်ယူဖို့ ဖျားယောင်းသွေးဆောင်မှုတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း လူမြင်ကွင်းရှေတွေမှာဘဲ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ရပ်ဘူရပ်ကွက်နေ  အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

သူတို့က  လူမြင်ကွင်းမှာဘဲ ဘောင်းဘီတွေချွတ်ပြီး ယောက်ကျားလေး အင်္ဂါတွေမှာ ထိုးသွင်းနေကြတာ  မြင်ရတာ လုံးဝ အဆင်မပြေဘူး အမျိုးသား အချင်းချင်းတောင် မြင်ရတာ အဆင်မပြေဘူး လာဝယ်ပြီး မထိုးတတ်တဲ့ သူတွေကိုရော ပြန်ထိုးပေးနေကြတာလို့ ဆိုပါတယ်။

 အခုလို အခြေအနေတွေ အရမ်းဆိုးရွားလာတဲ့အတွက် တစ်ခါတစ်ရံ ရပ်ကွက်တွင်းကပြည်သူတွေကဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို အတူတကွမောင်းထုတ်တာမျိုးတွေကို လုပ်ဆောင်ကြရတာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း   ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက  မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ဦးပေါက်စခေါ် ရပ်ကွက်လူကြီးတစ်ဦးကို မျက်စိတစ်ဖက်ကွယ်သွားတဲ့အထိ မူးယစ်ဆေးသမားတွေက အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ရမ်ဘူရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ဦးပေါက်စက မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကို မောင်းထုတ်တဲ့ ထဲမှာ တက်တက်ကြွကြွပါဝင်တော့  မကျေနပ်တော့ ဖိုးသမား ၄ယောက်က ကျောက်ခဲတွေနဲ့ ထုနှက်ရိုက်သွားတာ မျက်စိတောင်ကွယ်သွားတယ် ကုလို့တောင်မရတော့ ဘူလို့ဆိုပါတယ်။

ရမ်ပူရပ်ကွက်ဟာ အရင်ကတော့ာ သာမန်ငြိမ်းချမ်းတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ခိုးဆိုးလုနှိုက်လဲ မရှိသလို ရပ်ကွက်နေပြည်သူတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ သွားလာလို့ ရနေတာဘဲ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုင်းပြည်တစ်ခုလုံး ဖရိုဖရဲဖြစ်လာပြီး မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်းနေထိုင်သူတွေများလာကာ မူးယစ်ဆေးဝါးပြသာနာကလည်း ပိုဆိုးလာသလို ရမ်ပူရပ်ကွက်မှာ တခြားနယ်ကလာရောက်နေထိုင်တဲ့လူတွေ ပိုများလာတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

ရပ်ကွက်ကနယ်မြေအားဖြင့် ၂၄ ပိုင်းထိရှိသလို အပိုင်းတစ်ပိုင်းမှာတင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး တခြားရပ်ကွက်တွေထက်စာရင် အိမ်ငှားတန်းလျားတွေလည်း ပိုများတဲ့နေရာတစ်ခုဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကနေ သိရပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ စတင်ပျံနှံ့လာတာကတော့ ရမ်ပူအပိုင်း ၂၁ ကဖြစ်ပြီး သုံးပုံတစ်ပုံဝန်းကျင်က မူးယစ်ဆေးဝါးရောင်းတဲ့အိမ်တွေဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးစတင်ရောင်းဝယ် ဖြန့်ဖြူးတဲ့သူကလည်း အပိုင်း၂၁ မှာ နေထိုင်တဲ့ အသက်၅၀ ဝန်းကျင်အရွယ် နယ်မြေခံအမျိုသားတစ်ဦးဖြစ်တယ်လို့ သိရပြီး သူရဲ့ ရုပ်ရည်အသွင်ပြင်ကတော့ ပိန်ပိန်ပါးပါး နဲ့ အရပ်ကတော့ ၅ပေကျော် ဖြစ်ပါတယ်။

သူကတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းကနေ အိမ်ငှားတန်းလျားတွေဆောက်ပြီး အိမ်ငှားတွေကိုခေါ်တင်ခဲ့သလို အဲဒီအိမ်ငှားတန်းလျားမှာဘဲ မူးယစ်ဆေးဝါးတွေကို မနက်ဈေးသဖွယ်အော်ရောင်းတာမျိုးတွေကို လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ရပ်ကွက်အတွင်း နယ်မြေဒေသခံမဟုတ်တဲ့ အပြင်လူတွေလည်း အိမ်ငှားတန်းလျားထဲ ပိုမိုများပြားလာသလို မူးယစ်ဆေးဝါးရောင်းဝယ်သူတွေလည်း ပိုမိုများပြားလာတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေထဲ လူငယ်တွေလည်း သိသိသာသာများပြားလာသလို တစ်ဖက်မှာ မူးယစ်ဆေး သုံးလက်စရှိခဲ့တဲ့ သူတွေကတော့ ပိုမိုသုံးစွဲလာပြီး လမ်းကြားတွေမှာဆို ဆေးထိုးအပ်တန်းလန်းနဲ့ မှိန်းနေတဲ့ သူတွေကိုပါ ပေါ်ပေါ်ထင်ထင် မြင်လာရတယ်လို့ ရမ်ပူဒေသခံတွေက ပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button