တိတ်တဆိတ်အသက်နုတ်နေတဲ့ ငှက်ဖျားအန္တရာယ်

By - Hope

မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးတောက်တောက်နဲ့ ချစ်စရာကောင်းတဲ့ အသက်  နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

မပိန်မဝ ပုံမှန်ခန္ဓာကိုယ်နဲ့ အသားနီညိုညိုရှိပြီး လူချစ်လူခင်များတဲ့ ကလေးငယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

နီးစပ်တဲ့ ဆွေမျိုးတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ ကလေးဟာ မိခင်နဲ့ ညီမတို့အတူ နန်းမတီးမြို့နဲ့ အနည်းငယ်အလှမ်းဝေးတဲ့ တောင်ခြေတစ်နေရာမှာ တဲအိမ်လေးဆောက်ပြီး နေထိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိသားစုဟာ ဝက်မွေးမြူရေးနဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေကြတာ ဖြစ်တယ်လို့လည်း နီးစပ်တဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဒါ့အပြင် သူတို့နေထိုင်တဲ့ နေရာဟာ မြို့နဲ့ အလှမ်းဝေးတဲ့ ဒေသဖြစ်တာကြောင့် အနီးပတ်ဝန်းကျင်မှာ ဆေးရုံ၊ ဆေးခန်းလို ကျန်းမာရေးဝန်ဆောင်မှုတွေ မရှိသလောက်နည်းပါးပြီး လူနေထိုင်မှုလည်း နည်းပါးတယ်လို့ သိရပါတယ်။

ကလေးငယ်ဟာ မဆုံးပါးခင် နေ့ခင်းပိုင်းအချိန်အထိတော့ သာမန်နေ့တွေလိုပဲ ကလေးသဘာဝအတိုင်း ဆော့ကစားနေခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ညပိုင်းရောက်ချိန်မှာတော့ ရုတ်တရက် အဖျားပြင်းထန်စွာ တက်လာခဲ့ပြီး နောက်တစ်နေ့ ဆေးရုံကို ရောက်ရှိချိန်မှာ ဆရာဝန်တွေက ငှက်ဖျားရောဂါ ဖြစ်နေတယ်လို့ ပြောကာ ဆေးနှစ်ချောင်း ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ကုသမှုနောက်ကျသွားသဖြင့် ကလေးဟာ သတိမလည်တော့ဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

ယခုကဲ့သို့ သာမန်ကလေးများနည်းတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားတတ်တဲ့ ကလေးငယ်တစ်ယောက်ကို သတိမထားမိလိုက်ချိန်မှာပဲ ရုတ်တရက် တိတ်တဆိတ် အသက်နုတ်သွားစေခဲ့တာကတော့ ကျွန်တော်တို့ရဲ့ လက်တန်းလောက်တောင် မရှိတဲ့ “ခြင်” ဆိုတဲ့ သတ္တဝါဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကလေးက လိမ္မာတယ်၊ တော်တော်များများလည်း ချစ်ကြပါတယ်။ သူတို့အိမ်က လုံးဝကို တောင်ခြေမှာ ဖြစ်နေတော့ အဲဒါကြောင့်လည်း ဆေးသေချာမကုနိုင် ဖြစ်သွားတာပါ” လို့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးက ပြောပြပါတယ်။

ခြင်ဟာ လူအသေအပျောက်အများဆုံးဖြစ်စေတဲ့ သတ္တဝါဆိုးတွေထဲက တစ်မျိုးဖြစ်ပြီး ဒီခြင်တွေကနေ ကူးစက်တဲ့ရောဂါတွေကြောင့် ကလေးလိုပဲ ရုတ်တရက် အပြင်းဖျားကာ အသက်ဆုံးရှုံးခဲ့ရသူတွေလည်း မနည်းလှပါဘူး။

ဒီလို အသက်ဆုံးရှုံးခဲ့ရသူတွေထဲမှာ ကလေးငယ်တွေသာမက လူကြီးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

အထူးသဖြင့် ကလေးငယ်တွေဟာ လူကြီးတွေလို ခန္ဓာကိုယ်မှာ တစ်ခုခု မူမမှန်ဖြစ်နေတာကို သေချာမပြောပြတတ်ကြတာကြောင့် ငှက်ဖျားပိုးလို တိတ်တဆိတ် ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို အချိန်မီ မသိရှိဘဲ ကုသမှုနောက်ကျသွားတဲ့အခါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

ဒီလိုခြင်ကနေကူးစက်တဲ့ ငှက်ဖျားရောဂါက ၂၀၂၆ ခုနှစ် မေလကစပြီး ဝိုင်းမော်မြို့နယ်အတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး မေလမှ ဇွန်လ ဒုတိယပတ်အထိ သေဆုံးသူ  ဦးရှိခဲ့သလို နောက်ထပ်  ဦးမှာလည်း ဆေးရုံအရေးပေါ်ဌာနတွင် ကုသမှုခံယူနေရတဲ့ အခြေအနေအထိ ဖြစ်ပွားခဲ့ပါတယ်။

PSA

ဖျားနာသေဆုံးသူတွေထဲမှာ ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေပြီး အရင်နှစ်တွေထက် ဒီနှစ်မှာ ငှက်ဖျားကြောင့် သေဆုံးသူ ပိုများလာတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနှစ်ကတော့ ငှက်ဖျားရောဂါ ပိုအဖြစ်များလာတယ်။ ဦးနှောက်ထဲထိ ဝင်သွားရင်တော့ သေရင်သေ၊ မသေရင်လည်း ကြောင်သွားနိုင်တယ်” လို့  ဆိုပါတယ်။

ငှက်ဖျားရောဂါကို ဖြစ်စေတဲ့ ခြင်တွေထဲမှာ အဓိကက နေ့ခင်းပိုင်းကိုက်တတ်တဲ့ ခြင်အမျိုးအစားတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ PF (Plasmodium falciparum) ပိုး၊ PV (Plasmodium vivax) ပိုးနဲ့ PF/PV အရောပိုးတွေကို အများဆုံး တွေ့ရတယ်လို့ ဆေးပညာရှင်တွေ ပြောပါတယ်။

အဲဒီပိုးတွေထဲမှာ PV ပိုးက သာမန်အအေးမိဖျားနာသလို ဖြစ်တတ်ပြီး အန္တရာယ်နည်းပေမယ့် PF ပိုးကတော့ ပြင်းထန်နိုင်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တာကြောင့် အထူးသတိထားဖို့ လိုတယ်လို့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဆရာ Jacob က ပြောပါတယ်။

လူအများစုက တော်ရုံဆို ဆေးရုံ၊ ဆေးခန်းကို မသွားကြဘဲ နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ အရင်ကုသပြီး နောက်ဆုံးအခြေအနေရောက်မှသာ သွားကြတာကြောင့် PF ငှက်ဖျားရောဂါမှာ မြန်မာနိုင်ငံအတွင်း သေဆုံးနှုန်း ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ဖြစ်ပွားလာပြီဆိုရင်လည်း ချက်ချင်း စစ်ဆေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူတာက အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရာခိုင်နှုန်းအရဆိုရင် PF ပိုးက ၅၆. ရာခိုင်နှုန်း၊ PV ပိုးက ၄၁. ရာခိုင်နှုန်းနဲ့ PF/PV အရောပိုးက . ရာခိုင်နှုန်းခန့်ရှိပြီး ကချင်ပြည်နယ်မှာတော့ PF ပိုးကို အများဆုံး တွေ့ရတယ်လို့ သိရပါတယ်။

လူတစ်ယောက်အနေနဲ့ အဖျားတက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်း အိပ်ချင်ခြင်းတွေ ဖြစ်လာပါက PF ငှက်ဖျားပိုးကြောင့် ဖြစ်နိုင်တာကြောင့် အချိန်မီ စနစ်တကျ ကုသမှုခံယူရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ကုသမှုအချိန်မီရရှိပါက PF ပိုးရဲ့ သေဆုံးနှုန်းကို .၀၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သော်လည်း ကုသမှုနောက်ကျပါက အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဆရာ Jacob က ဆက်ပြောပါတယ်။

PF ပိုးက ပြင်းထန်ပေမယ့် တစ်ကြိမ်ပြန်မကူးစက်တော့ရင် ရောဂါမပြန်ဖြစ်နိုင်သော်လည်း PV ပိုးကတော့ ကုသပြီးသွားသော်လည်း အသည်းထဲမှာ ပိုးအမြစ်တွယ်နေနိုင်တာကြောင့် ပြန်လည်ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ငှက်ဖျားပိုးတွေ့ရှိပါက မပေါ့ဆဘဲ အချိန်မီကုသပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို သေချာခံယူရန် လိုအပ်ပါတယ်။

၂၀၂၆ ခုနှစ် WHO Myanmar Health Cluster အရတော့ ချင်းပြည်နယ်တောင်ပိုင်းမှာ ငှက်ဖျားဖြစ်ပွားမှု သတိပေးအဆင့်ကျော်နေပြီး ကချင်၊ ချင်းနဲ့ တနင်္သာရီမှာလည်း တက်လာနေတယ်လို့ ဖော်ပြထားပါတယ်။

အလားတူ Myanmar Health Cluster ရဲ့ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ ငှက်ဖျားဖြစ်ပွားသူ ၁၂၆,၅၆၂ ဦးရှိခဲ့ပြီး အန္တရာယ်အမြင့်ဆုံး မြို့နယ် ၁၀ ခုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲ မြို့နယ် ၁၀ ခုထဲမှာ ကချင်က မြို့နယ်  ခု ပါဝင်တယ်လို့ ဆိုပေမယ့် ဘယ်မြို့နယ်တွေဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။

တစ်ဖက်မှာလည်း ကချင်ပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ အင်ဂျာယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ စတဲ့ဒေသတွေမှာတော့ ငှက်ဖျားနဲ့ တခြားရောဂါတွေပါ အဖြစ်များနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် ဒီဒေသတွေကို အကူအညီပေးဖို့ ၂၀၂၃ အကုန်ပိုင်းလောက်ကစပြီး ပိုခက်လာတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး တချို့နေရာတွေမှာ ဆေးဝါးတွေကို ကန့်သတ်တာတွေရှိတဲ့အတွက် ကုသရေးလည်း ခက်ခဲလာတယ်လို့ သိရပါတယ်။

နယ်လှည့်ဆေးဝါးလိုက်လံကူညီပေးနေတဲ့ တစ်ဦးကတော့ ဆေးကုသမှုတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးသင့်တယ်။ အခုက ဆေးသယ်ဖို့ရော ကုသဖို့ရော ခက်နေတယ်။ ရှိတဲ့ဆေးနဲ့ပဲ အချင်းချင်းကူညီကုနေရတာပဲရှိတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ကချင်၊ ချင်းနှင့် ဝေးလံခေါင်သီသော ဒေသတွေမှာ ငှက်ဖျားရောဂါဟာ နှစ်စဉ်လိုလို ဖြစ်ပွားနေတဲ့ အဓိကကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။

အထူးသဖြင့် ဒီဒေသတွေမှာ ရွှေတူးမှု များပြားလာတာနဲ့အတူ ရွှေတူးပြီးနောက် ကျန်ခဲ့တဲ့ ချိုင့်တွေမှာ ရေဝပ်နေပြီး အဲဒီရေတွေမှာ ခြင်ဥတွေဥကာ ခြင်တွေအများအပြား ပေါက်ဖွားလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ခြင်ကိုက်ခံရမှုကို ကြိုတင်ကာကွယ်ဖို့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ရေဝပ်နိုင်မယ့်နေရာတွေကို ရှင်းလင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းနဲ့ ဆေးခြင်ထောင်အသုံးပြုခြင်းတို့အပြင် စိုစွတ်မှုလျှော့ချပြီး အလင်းရောင်ရရှိအောင် လုပ်ဆောင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ကလေးသူငယ်တွေကိုလည်း ခြင်မကိုက်အောင် အင်္ကျီဘောင်းဘီလက်ရှည်တွေ ဝတ်ဆင်ပေးသင့်တယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါဟာ ကလေးသူငယ်၊ နာတာရှည်ရောဂါရှိသူ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။

ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာအောင် အာဟာရပြည့်ဝအောင်စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အိပ်ရေးဝဝအိပ်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။

ဒါမှသာ တိတ်တဆိတ် လူ့အသက်ကို နုတ်ယူနေတဲ့ ငှက်ဖျားရောဂါကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button