ICJ တရားရုံး သမိုင်းတစ်လျှောက် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ခံရတဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံဟာ ဒီကနေ့မှာဘဲ ရိုဟင်ဂျာလူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုအတွက် နိုင်ငံတော်တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆုံးဖြတ်ခံရတဲ့ နိုင်ငံဖြစ်လာပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ  ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာဘဲ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုပြုလုပ်ခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ချမှတ်ချက်ကို ICJ တရားသူကြီး ၁၅ ဦးထဲက ၉ ဦးက မဲပေးဆုံးဖြတ်ခဲ့တယ်လို့ သိရပြီး ကျူးလွန်မှုကြောင့် ထိခိုက်နစ်နာသူခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေကို ၂နှစ်အတွင်း လျော်ကြေးပေးဆာင်ရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ငွေကြေးမပမာဏ အတိအကျမတောင်းဆိုထားသလို ဂမ်ဘီယာနိုင်ငံက ကိုယ်စားတောင်းခံပေးနိုင်တယ်လို့သိရပါတယ်။

ရဟာတဲ့ လျော်ကြေးငွေတွေကို ရိုဟင်ဂျာလူမျိုးတွေကို အညီအမျှခွဲဝေးပေးပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် လည်းတာဝန်ယူရမယ်လို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ ကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ယူဆဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံအနေနဲ့ ချက်ချင်းနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ဒါအပြင် ဒီစီရင်ချက်ဟာ အပြီးသတ်စီရင်ချက် ဖြစ်တဲ့အတွက် ICJ Statute ပုဒ်မ ၆၀ အရ ICJ ရဲ့ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။

ကြားနာမှုကိုတော့ မြန်မာစံတော်ချိန် ညနေ၄နာရီကနေ ၆နာရီခွဲအထိ အတွင်း ၂နာရီခွဲနီးပါး ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ မွေးဖွားနှုန်းလျှော့ချမှု၊ အတင်းအဓမ္မ တိမ်းရှောင်ခဲ့ရမှု၊ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရမှု၊ မြန်မာစစ်တပ်က အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေကိုတွေ့ရှိခဲ့တယ်လို့ တရားသူကြီး ယူဂျီ အီဝါဆာဝါက ဆိုပါတယ်။

ဒါအပြင် ရိုဟင်ဂျာလူမျိုး ၁သောင်းခန့် သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲမှာ အသက်၅နှစ်အောက် ကလေးသူငယ် ၂၁၀၉ဦး သေဆုံးခဲ့တဲ့ သတ်သေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

ပထမဆုံးအကြိမ်ကြားနာမှုကိုတော့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့ကနေ ၁၂ရက်နေ့ထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်က အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့  အမှုဆိုင်ရာ တရားရုံးကိုယ်စားလှယ်အဖြစ်နဲ့ ဦးကျော်တင့်ဆွေကတော့ အရံတရားရုံး ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီဘက်က အာဏာသိမ်းလိုက်တာ ဖြစ်တဲ့အတွက်  ဦးကိုကိုလှိုင်ကို နဲ့ Agent ဒေါ်သီတာဦးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးကျော်တင့်ဆွေတို့ရဲ့  နေရာကို အစားထိုးပြောင်းလဲခဲ့ပြီး  ၂၀၂၂ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ICJ ကြားနာမှုများတွင် ဦးကိုကိုလှိုင်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအမိန့်ချမှတ်မှုကို  ၂၀၁၇ခုနှစ် စစ်တပ်ရဲ့ ရာဇဝတ်မှု ကျူးလွန်မှု ဖြစ်စဉ်အပြီး ၉နှစ်ကျော်အကြာမှသာ ပြုလုပ်နိုင်ခဲ့သလို တရားကြားနာမှုကလည်း ၂၀၁၉ ပထမဆုံး တရားကြားနာမှုကနေ လက်ရှိ ၄ကြိမ်အထိ ၆နှစ်နဲ့မှ ၁၁လခန့် ကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အမိန့်ချမှတ်ထားတဲ့အရာတွေကို လက်တွေ့ဘယ်လို အကောင်အထည်ဖော်လာနိုင်လဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button