KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Oct- 2024 -
    22 October
    သတင်း

    လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ရပ်ကွက် ၁၂ မန်ဆူဘက်ကိုကြဲသွားတာပေါ့နော်။ အိမ်တစ်လုံးပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ ဘူး။ သန်းခေါင်ကျော်အချိန်လို့ပြောရမယ် ၂၂ ရက်နေ့ထဲတောင်ရောက်လာပါပြီ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ဖြစ်သွားတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့နယ်က အီနိုင်ကျေးရွာနဲ့ မြို့ပြင်ကနားမခေါ်ကားကြီးကွင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကပဲ လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး အဲ့ဒီဖြစ်စဥ် ၂ ခုမှာလည်း အမျိုးသား ၄ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။…

    Read More »
  • 22 October
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ

    မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်  မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး  စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။…

    Read More »
  • 22 October
    သတင်း

    BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော

    ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို  KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင်  BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ…

    Read More »
  • 22 October
    သတင်း

    ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

    ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 21 October
    သတင်း

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 21 October
    သတင်း

    နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

    နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ  ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တရုတ်နယ်စပ်– ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်နေပြီး ရှေ့တန်းကာကင်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲဟာ မြို့အနီးရောက်ရှိလာပြီဲဖြစ်တာကြောင့် ကံပိုင်တည်မြို့ပြည်သူတွေဟာ မြစ်ကြီးနား– ဝိုင်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို တစ်ချို့က နီးစပ်ရာတောထဲမှာ တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ ကံပိုင်တည်မြို့နေ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။  “မနေ့ညနေပိုင်းကနေ ပြေးတဲ့သူပြေးကုန်ကြပြီ  ငွေကြေးတတ်နိုင်တဲ့သူတွေအများပိုင်းက မြစ်ကြီးနားနဲ့ဝိုင်းမော်ဘက်တိမ်းရှောင်ကြတယ်”လို့ ပြောပါတယ်။…

    Read More »
  • 21 October
    သတင်း

    ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ

    မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။ “အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာ”လို့ပြောပါတယ်။ အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့  ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ  ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။…

    Read More »
  • 21 October
    သတင်း

    ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ပေါ်အတွင်း ကင်းပတ်လေ့ရှိပြီး ဒေသခံတွေအများအပြားသွားလာတတ်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်ကပြောပါတယ်။ “အရင်က အင်တာနက်မဖြတ်ခင်ကတော့ VPN လောက်ပဲစစ်တာ။ အခုက အင်တာနက်ပြတ်သွားတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖုန်းသုံးတာတို့ဆို မသင်္ကာလို့ဆိုပြီးစစ်ဆေးတာမျိုးပေါ့။ တပ်ဘက်ကလူတွေက လက်ဖက်ရည်ဆိုင်တို့ လူများတဲ့နေရာတွေမှာ နေရာဝင်ယူထားတယ်။ စစ်ဆေးခံရ တာတွေလည်း များတယ်။ အဓိကစစ်ဆေးတာကတော့ ပုံတွေနဲ့ We Chat တွေကိုစစ်တယ်”…

    Read More »
  • 20 October
    သတင်းဆောင်းပါး

    စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ 

    နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့်…

    Read More »
  • 19 October
    သတင်း

    ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု

    ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး  ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။…

    Read More »
Back to top button