-
Feb- 2026 -27 Februaryသတင်း
ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား
KIO/KIA ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။ …
Read More » -
27 Februaryသတင်း
အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။…
Read More » -
27 Februaryသတင်း
စစ်ကော်မရှင်ရဲ့ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကိုပိတ်ပင်ဖို့ နိုင်ငံ ၅ ခုကအစိုးရတွေကို Justice For Myanmar တောင်းဆို
စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ချက်ချင်း ပိတ်ဆို့ဖို့၊…
Read More » -
27 Februaryသတင်း
ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ
ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီမနောပွဲတော်ဖြစ်မြောက်ဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နှစ်ကစပြီး နှစ်စဉ် ဒေသခံကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို ဆက်တိုက်တွန်းအားပေးတောင်းဆိုခဲ့ရာ…
Read More » -
26 Februaryသတင်း
မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း မြေမြုပ်မိုင်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ Landmine Monitor ထုတ်ပြန်
Landmine Monitor ရဲ့ နောက်ဆုံးထုတ်…
Read More » -
26 Februaryသတင်း
ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ
ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မဇွပ်ယန်ကျေးရွာ စစ်ဘေးရှောင်နေတဲ့ ၉ တန်းကျောင်းသားဖြစ်သူက မိဘတွေခိုင်းစေမှုကြောင့် ဖားကန့်မြို့ပေါ်ဘက်ကို သွားလာခဲ့ရာ ဖားကန့် ရဲစခန်းနဲ့ တပ်မကုန်း ၊ စာသင်ကျောင်းအနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူ့ရဲ့မိဘတွေ ငွေသွားလွှဲခိုင်းရင်း ဖားကန့်လမ်းဘက်ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလိုက်ကြတယ်တဲ့။ အဲ့မှာ ရဲစခန်းနဲ့ တပ်မကုန်းနားမှာ ရောက်တော့ မျက်နှာမှာ မတ်တပ်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတယ်။ စစ်သားတွေက အမျိုးမျိုးပြောတော့ ကလေးတွေဆိုတော့ မပြောတတ် မဖြေတတ်ဖြစ်မှာပေါ့။ နော်ဆိုင်းလားလို့မေးတော့ဟုတ်တယ်လို့ဖြေတော့ ဖမ်းသွားတယ်တဲ့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ၉ တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ် မောင်မဒိန် နော်ဆိုင်းဆိုသူဖြစ်တယ်လို့သိရပါတယ်။…
Read More » -
26 Februaryသတင်း
မြစ်ကြီးနားမှာ KIA ကို ဆန္ဒပြဖို့စစ်ကောင်စီပြင်ဆင်နေ
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို ဆန္ဒပြဖို့…
Read More » -
26 Februaryသတင်း
ဗန်းမောက်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းအတွင်း…
Read More » -
26 Februaryသတင်း
ဘန်ရှောင်ရွာမှာ ဝတပ်ဖွဲ့ကားက ဆိုင်ကယ်စီးလူငယ်တစ်ဦးကို ဝင်တိုက်ပြီး လျော်ကြေးပြန်တောင်းဆိုမှုဖြစ်ပွား
ရှမ်းမြောက် လားရှိုးမြို့နယ် ဘန်ရှောင်ကျေးရွာမှာ United Wa State Army…
Read More » -
25 Februaryသတင်းဆောင်းပါး
ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ
ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။
Read More »









