• Jul- 2023 -
    15 July
    သတင်းPhoto - ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ

    မိုးရွာသွန်းမှုကြောင့် ကုဋေကျေးရွာက ရွာပတ်လမ်းမကြီးပြေပြိုပြီး လူနေအိမ် ၅အိမ်ပြောင်းရွှေ့ရ

    ဖားကန့်မြို့ မှာ ယခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် လုံးခင်းအုပ်စု ကုဋေကျေးရွာဧရိယာမှာရှိတဲ့  အများပြည်သူသုံး‌ရွာပတ်လမ်းမကြီးပြိုကျပြီးပျက်စီးပြီး လူနေအိမ် ၅လုံးပြောင်းရွှေ့ပြောင်းရွှေ့ရမယ်လို့ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ ဒီလမ်းမကြီးမြေပြိုတာဟာ ကျောက်စိမ်းတူးဖော်ပြီးနောက် မိုင်းပိတ်သိမ်းတဲ့လုပ်ငန်းများ ၊ ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်သိမ်းဆည်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ချိန် အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ကုဋေကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီ ကျေးရွာပါတ်လမ်းမကြီးဟာ လုံးခင်း-ကုဋေ-တော်မှော်အထိ ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး၊အများပြည်သူ အသုံးပြုအားထားရာလမ်းမကြီးတစ်ခုဖြစ်သောကြောင့် မြေပြိုပျက်စီးသွားတဲ့နေရာကို မြေဖို့ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ “ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့တော့ ညှိနှိုင်းပြီး လမ်းကို‌‌ပြန်ဖို့ဖို့ အတွက်လုပ်နေကြပါပြီ”ဟု ရပ်မိရပ်ဖတစ်ဦးက ကချင်သတင်းဌာန KNGကိုပြောပြသည်။…

    Read More »
  • 14 July
    သတင်းPhoto- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦ

    ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…

    Read More »
  • 14 July
    သတင်းPhoto- မီးရှို့ခံရတဲ့ပေါက်ကန်ရွာ

    ဝက်လက်မှာကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦးသတ်ဖြတ်ခံရ၊နေအိမ်၂၀၀နီးပါးကိုမီးရှို့ဖျက်ဆီးသွား

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ဘက်ခြမ်း ရထားသံလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ကြာစစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၂၀၀နီးပါးမီးရှို့ခဲ့တဲ့အပြင် ကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့မနက်ပိုင်းကနေ မနေ့ကညပိုင်းအထိ ဝက်လက်နယ်တောင်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းပတ်ထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေပါသတ်ဖြတ်ခံခဲ့ရတာလို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “၁၂ ရက်နေ့က သာလိုင်းရွာကိုစဝင်တာပေါ့ အသက် ၇၀ကျော်အဘိုးကြီး တစ်ယောက်ကိုပစ်သတ်သွားတယ်…

    Read More »
  • 14 July
    သတင်းphoto- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့

    ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ဆီပန့်ဆိုင်များဓာတ်ဆီပြတ်လပ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီတပ်က တစ်လနီးပါး ထပ်ပိတ်ထားတာကြောင့် လုံးခင်း၊ဆိုင်းတောင်တွေမှာရှိတဲ့ ဆီပန့်ဆိုင်ကြီးတွေဓာတ်ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်မကြာခနပိတ်ပင်လျက်ရှိပြီး ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းကပိတ်ထားခဲ့ရာကနေ တစ်လကျော်လာပြီဖြစ်တယ်လို့ ဖားကန့်မြို့ပေါ်က ဆီပန့်ဆိုင်ပိုင်ရှင်အမျိူးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”ဟုတ်တယ်လတ်တလောဓာတ်ဆီဆိုင်ကဘယ်လိုမှ မဖွင့်နိုင်သေးဘူး အခုဖွင့်တာလည်း ဒီဇယ်လက်ကျန်ရှိတော့ ဒီဇယ်လေးကိုပဲ…

    Read More »
  • 14 July
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ လဆန်းပိုင်းကတည်းက အင်းတော်နယ်မှာရောက်နေတဲ့ရက်နေ့ တပ်မ ၈၈နှင့် တပ်မ ၇၇ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်းဟာ…

    Read More »
  • 14 July
    သတင်းphoto- ပြီးခဲ့တဲ့လ ပူတာအို- နောင်မွန်းလမ်းပျက်စီးနေပု

    နောင်မွန်မြို့နယ်ထဲမှာ ဆန်ပြတ်လပ်လာပြီး ဒေသခံများစားသောက်ရေးအခက်တွေ့နေ

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲက ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ်စပြုနေပြီး ဆန်စျေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေ စားသောက်ရေးပိုမိုခက်ခဲလာတယ်လို့ နောင်မွန်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ နောင်မွန်မြို့နယ်နဲ့ပူတာအို့မြို့နယ်ထဲမှာ ၂ လကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပူတာအို- နောင်မွန်ကားလမ်းပိုင်း မြေပြိုမှုတွေရှိနေတဲ့အပြင် ကုန်ကားကြီးတွေသွားလာရခက်ခဲလာပြီးတဲ့နောက် နောင်မွန်မြို့နယ်ထဲ ဆန်တွေရောက်နည်းလာပြီး ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ် လာတာဖြစ်တယ်လို့ နောင်မွန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။…

    Read More »
  • 13 July
    သတင်းphoto- ယင်းမာပင်နယ်မှ စစ်ဘေးရှောင်များ

    ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား

    စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့…

    Read More »
  • 13 July
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ အမည်မသိဖုန်းနံပါတ်တွေနဲ့ ဖုန်းဆက်တာ၊မက်ဆေ့ချ်ကနေတစ်ဆင့် အကောင့်ထဲကို ငွေလွှဲပေးရမယ် လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံလာတယ်လို့ မြစ်ကြီးနားကလုပ်ငန်းရှင်တစ်ဦး ခုလိုပြောပါတယ်။ “ည၉နာရီလောက်ကို ဖုန်းခေါ်လာတာ ကျနော်က အိပ်ခါနီးပြီဆိုတော့ ဖုန်းကမကိုင်မိလိုက်ဘူး  ကျနော်က ပြန်ခေါ်လိုက်တာ ပြန်ခေါ်တော့ ဖုန်းမခေါ်နဲ့…

    Read More »
  • 13 July
    သတင်းPhoto- နန်းယွန်းမြို့

    ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်

    ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 13 July
    သတင်းphoto- တနိုင်းချောင်းရေကြီးလို့ လူနေရပ်ကွက်ရေဝင်ရောက်

    တနိုင်းချောင်းရေကြီးလာတဲ့အတွက် မြို့ပေါ်ရပ်ကွက် အများပိုင်းရေမြှပ်

    ကချင်ပြည်နယ် တနိုင်းမြို့မှာ တနိုင်းချောင်းရေကြီးလာတာကြောင့် မြို့ပေါ်ရပ်ကွက် အများပိုင်းရေဝင်ရောက်နေပြီး ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိ တနိုင်းချောင်းရေကြီးနေပြီး မြို့ပေါ် ရပ်ကွက်အများပိုင်းမှာရှိတဲ့ လူနေအိမ်တွေ နဲ့ လမ်းမပေါ်တွေမှာရေမြှပ်နေတာဖြစ်တယ်လို့ တနိုင်းမြို့ အေးသုခရပ်ကွက်နေအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”မိုးတာရွာနေတာ ဒီနေ့နဲ့ဆို ၁၄…

    Read More »
Back to top button