သတင်း

အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ လဆန်းပိုင်းကတည်းက အင်းတော်နယ်မှာရောက်နေတဲ့ရက်နေ့ တပ်မ ၈၈နှင့် တပ်မ ၇၇ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်းဟာ မနေ့က ရွာသာရွာထဲစစ်ကြောင်းထိုးလာခဲ့ပြီး ရွာသာ ရွာဒေသခံ လင်မယားနှစ်ဦးဆီက ရွှေ ၂ ကျပ်သားနဲ့ နာမကျန်းဖြစ်နေတဲ့ အမျိုးသားတစ်ဦးဆီက ဆေးကုဖို့စုဆောင်းထားတဲ့ ငွေသား သိန်း ၇၀ ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံက KNG ကိုအခုလိုပြောပါတယ်။

“အင်းတော်ကနေတက်လာတဲ့စစ်ကြောင်းကမော်တိတ်ကနေ ရွာသာရွာထဲဝင်လာတာ အဲ့မှာ လေဖြတ်ဝေဒနာခံစားနေရတဲ့ သူကိုဆေးခန်းသွားပြဖို့ စပါးရောင်းပြီးစုထားတဲ့ သိန်း ၇၀ ကိုယူသွားတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်လာတဲ့အချိန်ထွက်မပြေးဘဲကျန်နေတဲ့ လင်မယားနှစ်ဦးဆီကလည်း ရွှေ ၂ ကျပ်သားလည်း ယူဆောင်သွားတယ်လို့ ရွာသာရွာဒေသခံ အမျိုးသားကအခုလိုဆက်ပြောပါတယ်။

“စစ်ကြောင်းကရွာထဲကိုမနက်အစောကြီးဝင်လာတာ အစောကြီးဝင်လာတော့ ရွာသားတွေကလည်း တောင်ပြေးမြောက်ပြေး ပြေးကြတာပေါ့ အဲ့ချိန်မှာလင်မယားနှစ်ယောက်က အိမ်အောက်မှာ နွားချည်လျက်နဲ့မို့နွားချည်ကြိုးဖြေပေးတဲ့ချိန် ဆိုင်ကယ်မှာအထုပ်ချန်ထားမိလိုက်တာ။ အဲ့မှာ ထုပ်ထားတဲ့ ရွှေ ၂ကျပ်သား ပါသွားတယ်”လို့သူဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ပစ္စည်းတွေလုယူတဲ့အပြင်ငွေကျပ်သိန်း ၇၀ လုယုခံရတဲ့ အမျိုးသားကိုလည်း ရိုက်နက်တာမျိုးတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကြောင်းဟာ ဒီနေ့ထိ ရွာသာရွာထဲမှာရှိနေသေးတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲမှာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အင်းတော်ဘက်ကနေတက်လာတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဗန်းမောက်ဘက်ကို စစ်ကြောင်းထိုးမယ်လို့သိရပြီး မော်တိတ်ဒေသထဲမှာ ကျောင်းသားတပ်နှင့်အင်းတော်PDFတို့က ဇူလိုင် ၁၀ ရင်နေ့က တစ်ကြိမ်နှင့်ဇူလိုင် ၁၁ ရက်နေ့က တစ်ကြိမ် ၂ကြိမ်အထိတိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းဆက်မထိုးနိုင်ပဲ ပိတ်မိနေတဲ့စစ်ကြောင်းဖြစ်ပါတယ်။

BY;WL

Show More

Related Articles

Back to top button