သတင်း

မိုးရွာသွန်းမှုကြောင့် ကုဋေကျေးရွာက ရွာပတ်လမ်းမကြီးပြေပြိုပြီး လူနေအိမ် ၅အိမ်ပြောင်းရွှေ့ရ

ဖားကန့်မြို့ မှာ ယခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် လုံးခင်းအုပ်စု ကုဋေကျေးရွာဧရိယာမှာရှိတဲ့  အများပြည်သူသုံး‌ရွာပတ်လမ်းမကြီးပြိုကျပြီးပျက်စီးပြီး လူနေအိမ် ၅လုံးပြောင်းရွှေ့ပြောင်းရွှေ့ရမယ်လို့ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ဒီလမ်းမကြီးမြေပြိုတာဟာ ကျောက်စိမ်းတူးဖော်ပြီးနောက် မိုင်းပိတ်သိမ်းတဲ့လုပ်ငန်းများ ၊ ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်သိမ်းဆည်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ချိန် အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ကုဋေကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီ ကျေးရွာပါတ်လမ်းမကြီးဟာ လုံးခင်း-ကုဋေ-တော်မှော်အထိ ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး၊အများပြည်သူ အသုံးပြုအားထားရာလမ်းမကြီးတစ်ခုဖြစ်သောကြောင့် မြေပြိုပျက်စီးသွားတဲ့နေရာကို မြေဖို့ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။

“ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့တော့ ညှိနှိုင်းပြီး လမ်းကို‌‌ပြန်ဖို့ဖို့ အတွက်လုပ်နေကြပါပြီ”ဟု ရပ်မိရပ်ဖတစ်ဦးက ကချင်သတင်းဌာန KNGကိုပြောပြသည်။

Photo - ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ
Photo – ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ

 ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ (၁) ရက်နေ့မှစပြီး စစ်တပ်မှအာဏာရယူပြီးနောက် ကျောက်စိမ်းတူးဖော်နေမှုများအား ရပ်နားထားရှိရန် စစ်တပ်က ထုတ်ပြန်ချက် ၄ ကြိမ်ထုတ်ပြန်ထားပေမယ့် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုက အရင်အရပ်သားအစိုးရကာလများထက် ပိုမိုတူးဖော်နေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။

“ ခုနောက်ပိုင်းက နေရာတိုင်းလိုလိုမိုးရွာပြီဆိုတာနဲ့ မြေပြိုတာများလာတယ် ဖားကန့်မှာ မြေမှန်ကမရှိတော့ဘူးလေ အဲကြောင့် ကျောက်စိမ်းတူးဖော်ပြီးရင်လည်း သက်ဆိုင်ရာက သေချာစစ်ဆေးပြီး လုပ်ငန်းပိတ်သိမ်းတဲ့ဟာကို သေချာကြပ်မတ်ပေးစေချင်တယ်” လို့ လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။

Photo - ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ
Photo – ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ

ကုဋေကျေးရွာသည် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စုအတွင်းတည်ရှိပြီး ၁၉၆၂ခုနှစ်ကတည်းက ကျေးရွာအဖြစ်တည်ရှိခဲ့ကြောင်း၊အိမ်‌ခြေ တစ်ထောင်ခန့်ရှိကြောင်း၊ယခု ၂၀၂၃ခုနှစ်အထိ အတည်တကျနေထိုင်သူနှင့် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ‌ခြောက်ထောင်ကျော်နေထိုင်သည့် ကျေးရွာကြီးတစ်ရာဖြစ်သည်။

By-NY

Show More

Related Articles

Back to top button