-
May- 2021 -1 Mayလူ့အခွင့်အရေးချိုးဖောက်မှု
အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီး
မိုးမောက်မြို့နယ်အတွင်း ပြည်သူများနေထိုင်သောကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နွမ်းလန့်စသည့်ကျေးရွာတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေး KIA တို့…
Read More » -
1 Mayတိုက်ပွဲ
မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ
မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်က ကျေးရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တပ်ချကာ ရှိနေသည်ဟု သိရသည်။ ဧပြီလ ၃၀ရက် ယမန်နေ့ည ရောက်ရှိလာသောစစ်ကြောင်းများဖြစ်ပြီး ထိုအနက် စစ်အင်အားအချို့သည် အလော့ဘွမ်ဘက်သို့ ချီတက်သွားပြီဖြစ်ကြောင်း…
Read More » -
1 Mayလူ့အခွင့်အရေးချိုးဖောက်မှု
‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် မနက်စျေးအနီးတွင် ‘ပိုသူလှု၊ လိုသူယူ’ အစီအစဥ်ပြုလုပ်သော လူငယ်များ ၁၁ဦထက်မနည်း မေလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက် ခက်ခဲလာသောပြည်သူများအချင်းချင်းဖေးမကူညီသည့် အစီစဉ်ဖြစ်သည်။ အဆိုပါ လူငယ်များက ယနေ့…
Read More » -
Apr- 2021 -30 Aprilတိုက်ပွဲ
ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်
လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော ဧပြီလ ၂၅ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင်တည်ရှိသော အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့်ပစ်သတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူဟု ယူဆရသောသူကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။…
Read More » -
30 Aprilစစ်ပြေးဒုက္ခသည်များ
ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်လိုအပ်နေဆဲ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာ ၇ ခုမှ စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ ဗန်းမော်–လိုင်ဇာကားလမ်းမကြီးပေါ်က အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ဒေသခံများက…
Read More » -
29 Aprilသတင်း
ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ
ဧပြီလ ၂၈ရက်နေ့မှစကာ အကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။ ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။…
Read More » -
29 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ
မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။ ဧပြီလ ၂၇ ရက်ည ၉ နာရီခန့်က နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့များက…
Read More » -
28 Aprilသတင်း
စစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုရန် ပူတာအို ဘာသာရေးနှင့်ယဉ်ကျေးမှုအဖွဲ့များကို စည်းရုံး
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုလုပ်ရန် ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ က ပူတာအိုရှိ ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများကို ငွေကြေးပေးကာ စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်…
Read More » -
28 Aprilရွေးကောက်ပွဲဆိုင်ရာ
CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင် ပါဝင်လာမှုသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်ယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပါဝင်လာခြင်းသည် ပါတီကိုယ်စားပြုမဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်သည်ဟု သိရသည်။ KSPP ပါတီမှ တရားဝင်နှုတ်ထွက်ထားခြင်းမဟုတ်သော်လည်း ပါတီတာဝန်များကို ရပ်နားထားသည်ဟု သိရသည်။ “CRPH မှာ…
Read More » -
28 Aprilတိုက်ပွဲ
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု…
Read More »









