တိုက်ပွဲသတင်း

ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်

လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၂၅ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင်တည်ရှိသော အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့်ပစ်သတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူဟု ယူဆရသောသူကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စဖြစ်တာက အဲ့ဒီ စံပြကျေးရွာက ပြည်သူ့စစ်တပ်ကို KIA က လာပစ်သွားတယ်လို့သိရတယ်။ အဲ့နောက်ပိုင်း စစ်သားတွေက စစ်ဆေးမှုတွေ ထိန်းချုပ်မှုတွေပိုပြီး တင်းကြပ်လာတယ်။ နောက်ပြီး သူတို့ရဲ့ တပ်စခန်းကို လာပစ်သွားတဲ့ သူဆိုပြီး လာဖမ်းကြတာ။ အဲ့ချိန်မှာ အိမ်မှာရှိနေတဲ့လူ ၃ ယောက်က စစ်သားတွေလာတော့ ထွက်ပြေးကြတယ်ပေါ့။ စစ်သားတွေက သူတို့ရဲ့နောက်လိုက်ပြီး သေနတ်နဲ့လိုက်ပစ်တယ်ဟုတ်တယ်။ သူတို့ကို KIA စစ်သားထင်ပြီး လာပစ်တယ်လို့ဘဲပြောရမှာပေါ့ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်ခဲ့သော်လည်း အဆိုပါ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button