တိုက်ပွဲသတင်း

မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ

မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်က ကျေးရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တပ်ချကာ ရှိနေသည်ဟု သိရသည်။

ဧပြီလ ၃၀ရက် ယမန်နေ့ည ရောက်ရှိလာသောစစ်ကြောင်းများဖြစ်ပြီး ထိုအနက် စစ်အင်အားအချို့သည် အလော့ဘွမ်ဘက်သို့ ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကျေးရွာအတွင်းမှာ စစ်အင်အား ၃၀၀နီးပါးခန့်ရှိတယ်။ မနေ့ညနေက ရောက်လာကြတာ။ ဒီအလောဘွမ့်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ ဟုတ်တယ်။ တစ်ဝက်လောက်က ဒီမနက်ပိုင်း အစောကြီး အလောဘွမ့်ကို ထွက်သွားကြပြီ” ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ နယ်မြေရှိ အလော့ဘွမ်စခန်းကို စစ်တပ်က မြေပြင်စစ်အင်အားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ရင်း ၂ ရင်းကျဆုံသွားပြီးနောက် စစ်လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

Related Articles

Back to top button