လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် မနက်စျေးအနီးတွင်ပိုသူလှု၊ လိုသူယူအစီအစဥ်ပြုလုပ်သော လူငယ်များ ၁၁ဦထက်မနည်း မေလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် ခက်ခဲလာသောပြည်သူများအချင်းချင်းဖေးမကူညီသည့် အစီစဉ်ဖြစ်သည်။

အဆိုပါ လူငယ်များက ယနေ့ နံနက် ၇ နာရီခန့်ဟင်းသီးဟင်းရွက်များလာရောက်ဝေနေစဥ် တင့်ကားအပါ စစ်ကားများဖြင့် ရဲနှင့်စစ်သား လူအင်အား ၃၀ခန့် က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေက ၁၁ယောက်လောက်ရှိတယ်။ လာဖမ်းတဲ့အချိန် စစ်ကားပါတယ်။ တင့်ကား ၂စီးပါတယ်။ ရဲကားတော့မပါဘူး။ ဒါပေမယ့် ရဲနှင့်စစ်သား အားလုံး ၃၀လောက်ရှိတယ်ဟု ပြောဆိုသည်။

ပိုသူလှု၊ လိုသူယူအစီအစဥ်ပြုလုပ်သည့် လူငယ်များမှာ ထိုနေရာတွင် ပုံမှန်လာရောက် ပေးနေခြင်းမဟုတ်ဘဲ လိုအပ်သော နေရာများတွင် သွားရောက် ကူညီနေသော သူများဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button