-
Mar- 2021 -2 Marchသတင်း
ဖားကန့်သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွင်းခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်အာဏာဆန့်ကျင်သည့်သပိတ်တွင် ရဲတပ်ကြပ်တစ်ဦး ပါဝင်လာသည့်အတွက် ပထမဆုံးအကြိမ်အဖြစ် မတ်လ ၂ ရက်နေ့တွင် ပစ်ခတ်ဖြိုခွင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် လူစုခွဲဖြိုခွင်းခံရခြင်း မရှိခဲ့သော်လည်း…
Read More » -
2 Marchရွေးကောက်ပွဲဆိုင်ရာ
ဗန်းမော်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု CDM တွင်ပါဝင်လာ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အစိုးရဌာနပေါင်းစုံမှဝန်ထမ်း ၇၀ ရာခိုင်နူန်းခန့် CDM တွင်ပါဝင်လာသည့်အတွက် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိနိုင်သည့်အခြေနေတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ “တစ်နေ့ထက်တစ်နေ့ တစ်ဖြည်းဖြည်းများလာတယ်။ ရှင်းရှင်းပြောရရင် အစိုးရရုံးတွေကဖွင့်ထားတယ်ဆိုတာလောက်ဘဲ တစ်ကယ့်တစ်ကယ်မှာတော့ လည်ပတ်နေတဲ့ရုံးဆိုတာမရှိတော့ဘူး အကုန်လုံး Shut Downတော့ဖြစ်ကုန်တဲ့အနေထားတော့…
Read More » -
1 Marchသတင်း
ဝန်ကြီး ဦးဒရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို ပထမအကြိမ် ရုံးထုတ်
ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲဆိုထားမှုကို မတ်လ ၁ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းခံရပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းများကို အရပ်သားအစိုးရတက်လာသည့်အထိ…
Read More » -
1 Marchသတင်း
လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး
လီဆူ အနုပညာရှင်တစ်ဦးဖြစ်သော ယောတီဖာကို ယမန်နေ့ည ၁၂ နာရီခန့် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ သူသည် ပူတာအိုဇာတိဖြစ်ပြီး ယမန်နေ့ည မြစ်ကြီးနား ရမ်ဘိုရပ်ကွက်ရှိ အသိမိတ်ဆွေ တစ်ဦး၏ နေအိမ်၌ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အရပ်ဝတ်လူတစ်စုနှင့်…
Read More » -
1 Marchသတင်း
လူစုလူဝေး ခွင့်မပြုသော်လည်း ဝိုင်မော်တွင် စစ်အာဏာရှင်ကို ပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထွေထွေသပိတ်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲ မပြုလုပ်နိုင်ရန် ရဲနှင့်စစ်သားများက မနက် ၉နာရီခွဲအချိန်ခန့်တွင် လူစုနေရာတွင် ရောက်လာပြီး လူစုကို ဖြိုခွင်းလိုက်သည်။ လူစုလူဝေးပြုလုပ်နေသည့် နေရာအနီးတဝိုက်တွင် စစ်အင်အားများထပ်မံတိုးမြင့်ထားပြီး ဆန္ဒထုတ်ဖော်သူများနှင့်…
Read More » -
Feb- 2021 -27 Februaryသတင်း
စစ်ကောင်စီ၏ ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်သူများ မလိုလား
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်သော လူထုများဖြင့် ဆွေးနွေးရန် ‘ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဖွဲ့စည်းလိုက်သော်လည်း အဆိုပါကော်မတီကိုလည်း အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သော ပြည်သူများက ဆိုသည်။ ပြည်သူလူထုများက စစ်အာဏာရှင်စနစ်ကို တွန်းလှန်တော်လှန်နေသည့်ကာလအတွင်း ပြည်သူလူထု၏…
Read More » -
27 Februaryသတင်း
ဝိုင်းမော်တွင် ဖမ်းဆီးခံရသော ကျောင်းဆရာမနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့
ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သား တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ၂ဦးကို မြစ်ကြီးနားထောင်ကြီးသို့မပို့ခင်အတွင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးအတွင်း ထိန်းသိမ်းထား ချိန် ဒေသခံရပ်မိရပ်ဖများကိုတွေ့ခွင့်မပေးသည့်အပြင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြန်လွှတ်ပေးရန်…
Read More » -
25 Februaryသတင်း
ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းရှိ CDM လှုပ်ရှားမှုတွင်ပါဝင်သူများအနေဖြင့် ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိနေကြောင်း ဖားကန့် CDM ကူညီရေးအဖွဲ့တစ်ခုထံမှ သိရသည်။ “CDM လုပ်တဲ့ဝန်ထမ်းတွေ တစ်ချို့က မချိတ်ဆက်ရဲဘူး။ ကျနော်တို့အပေါ်မှာ ယုံကြည်တာမယုံကြည်တာလည်း တစ်ပိုင်းရှိနိုင်တယ်။ နောက်တစ်ချက်ကလည်း CDM လုပ်တဲ့သူက…
Read More » -
25 Februaryသတင်း
ပူတာအိုမှ ဖမ်းဆီးခံလူငယ် ၅ ဦးလွတ်မြောက်ရန် အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေဟုဆို
ပူတာအိုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကနဦးဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သော လူငယ် ၅ ဦးသည် လက်ရှိအချိန် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရပြီး ၎င်းတို့လွတ်မြောက်စေရန် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသော ‘စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ဆွေးနွေးနေသည်ဟု ဆိုသည်။ လူငယ် ၅ဦးမှာ…
Read More » -
23 Februaryသတင်း
စစ်တပ်ဖွဲ့စည်းပေးသည့် UEC ခေါ်ယူသော အစည်းအဝေးသို့ ကချင်နိုင်ငံရေးပါတီအချို့တက်ရန် ဆုံးဖြတ်
အာဏာသိမ်း စစ်ကောင်စီမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် UEC မှ ကမ်းလှမ်းချက်အား ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီအများစုလည်း တက်ရောက်မည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများထံမှ သိရသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် စစ်ကောင်စီမှ အသစ်ဖွဲ့စည်းထားသည့် UEC နဲ့ နိုင်ငံရေးပါတီများ…
Read More »









