သတင်း

စစ်တပ်ဖွဲ့စည်းပေးသည့် UEC ခေါ်ယူသော အစည်းအဝေးသို့ ကချင်နိုင်ငံရေးပါတီအချို့တက်ရန် ဆုံးဖြတ်

အာဏာသိမ်း စစ်ကောင်စီမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် UEC မှ ကမ်းလှမ်းချက်အား ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီအများစုလည်း တက်ရောက်မည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် စစ်ကောင်စီမှ အသစ်ဖွဲ့စည်းထားသည့် UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံမည့်အစည်းအဝေးတွင် တက်ရောက်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ပါတီမှ ဒု ဥက္ကဋ္ဌ-၂ ဦးအောင်ခမ်းထံမှ သိရသည်။

ယခုကဲ့သို့တက်ရောက်ရန်အတွက် ပါတီတွင်းညှှိနိူင်းမူများပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတက်ရောက်ရန် ပါတီတွင်း လက်မခံသည့်သူများရှိသော်လည်း CEC အဖွဲ့ဝင်များ၏ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ဦးအောင်ခမ်းက ပြောသည်။

“စစ်တပ်ဘက်ကလည်း ခုချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းလုပ်ဆောင်နေတယ်ဆိုတဲ့အနေထားမျိုး ပြောနေတယ်။ တစ်ဖက်မှာလည်း ကျနော်တို့နိုင်ငံရေးပါတီဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တဲ့အတွက် နိုင်ငံရေးကိုနိုင်ငံရေးအရ ညှိနိူင်းအဖြေရှာဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်နေပါတယ်ဆိုတဲ့အထဲမှာ NLD ပါတီ အစိုးရပဲဖြစ်ဖြစ် စစ်တပ်ကဖွဲ့စည်းထားတဲ့အစိုးရဖြစ်ဖြစ် ဘယ်အစိုးရဘဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့က နိုင်ငံရေး၊ တိုင်းရင်းသားအရေးကိုတွေ့ဆုံဆွေးနွေးအဖြေရှာရမယ်။”ဟု ပါတီဒုဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့တက်ရောက်ရာတွင် ပါတီမှဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့် ဥက္ကဌများ၊ အတွင်းရေးမှူးအဖွဲ့များ တက်ရောက်မည် မဟုတ်ဘဲ CEC အဖွဲ့ဝင်မှ တစ်ဦးတက်ရောက်ရန်လျာထားကြောင်း သိရသည်။

ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ပါတီ၏ ဆုံးဖြတ်ချက်ကို သိရှိရန် ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဆက်သွယ်လာမည်ဟုဆိုသောကြောင့် လက်ရှိအချိန် အဖြေမရသေးပါ။

KSPP ပါတီနှင့် KNC ပါတီတို့သည် အာဏာသိမ်းစစ်ကောင်စီက ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်တွင် ပါဝင်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသော ပါတီဖြစ်သည်။

လီဆူအမျိုးသားတိုးတက်ဖွံံ့ဖြိုးရေးပါတီ LNDP အနေဖြင့်လည်း အသစ်ဖွဲ့စည်းထားသည့် UEC နှင့်တွေ့ဆုံမည် အစည်းအဝေးအား အပြုသဘောဆောင်သည့်အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးရွှေမင်းကပြောသည်။

“အစည်းအဝေးကျတော့ ဖိတ်စာတွေကတော့ လူမူကွန်ယက်စာမျက်နှာတွေမှာတော့တက်နေပြီ။ ကျနော်တို့ကတော့ ဖိတ်စာကတော့ ရွေးကောက်ပွဲကော်မရှင်မှာလာယူပါဆိုတာကို သွားမယူရသေးဘူး။ အခုတွေ့ရတဲ့အနေအထားအရ ဘာကိုဆွေးနွေးမယ်ဆိုတာမျိုး ပြောထားတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ဘာမှပြင်ဆင်ထားတာမရှိဘူး။ ဒီအစည်းအဝေးကို တက်ရောက်ပေးပါဆိုတော့ တက်ရောက်မယ်။ အစည်းအဝေးမှာဘာတွေပြောမလဲဆိုတာကို နားထောင်ပြီး ပြန်လာရုံပါဘဲ။” ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ LNUDP ၏ သဘောထားကိုလည်း မရရှိသေးပါ။

ဒီမိုကရေစီပါတီသစ်(ကချင်) NDP-K ပါတီသည် ပြည်နယ်အဆင့် အာဏာသိမ်းစစ်ကောင်စီ ပြည်နယ်အဆင့်က ခန့်ထားသော နေရာတစ်ခုတွင် ပါတီ ဥက္ကဋ္ဌက နေရာရရှိထားသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button