-
Jan- 2022 -13 Januaryသတင်း
မြေရှားသတ္တု တူးဖော်ရန် ချီဖွေတွင် သွားရောက်စောင့်ဆိုင်းနေသူ များပြား
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသသို့ မြေရှားသတ္ထုတူးဖော်ရန်သွားသည့် အလုပ်သမားများကို ချီဖွေမြို့ စစ်ဆေးရေးဂိတ်တွင် လူဦးရေကန့်သတ်ထားသော်လည်း စောင့်ဆိုင်းနေသူအလွန်များပြားနေကြောင်း သိရသည်။ ပန်ဝါဒေသသို့သွားမည့်အလုပ်သမားများကို ချီဖွေမြို့ ၄မိုင်ပြည်သူ့စစ်ဂိတ်တွင် Quarantine တစ်ပတ်စာအတွက် ကျပ်ငွေ ၁ သိန်းခွဲ ကောက်ခံသည့်အပြင် တစ်ပတ်လျှင်…
Read More » -
13 Januaryသတင်း
မိုးကောင်း ကြံ့ခိုင်ရေးပါတီဝင်များက Non CDM ဆရာမများကိုထောက်ပံ့ရန် ဆန်နဲ့ ငွေသားလိုက်လံကောက်ခံနေ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ပင်းကြိုင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်များက စစ်ကောင်စီအောက် အလုပ်လုပ်ကိုင်နေသော ကျောင်းဆရာများကိုထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင်စပါး ၂ တင်း ကောက်ခံနေပြီး စပါးမပေးနိုင်ပါက ငွေကျပ်တစ်သောင်းထည့်ဝင်ရန် လိုက်လံကောက်ခံနေကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်း သိရှိရသည်။ အလယ်တန်းကျောင်းအထိဖွင့်လှစ်ထားသော…
Read More » -
12 Januaryသတင်း
မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာမှာ ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ညနေ ၁ နာရီခန့်ကစ ဖြစ်တာ။…
Read More » -
12 Januaryသတင်း
မုံးကိုးမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ကျော်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မူလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာအပါအဝင် နေထိုင်ရန် နေရာအချို့ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။ “လောလောဆယ် ဆန် ကုန်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲ ၁…
Read More » -
12 Januaryသတင်း
ကသာနယ် မိုးတားကြီးရွာအနီး စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၃ စီးဖြင့်ဗုံးကြဲ
ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ် ဂျက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ” ၁၂ လုံးလောက်ကို ချသွားတာ …
Read More » -
12 Januaryသတင်း
မြန်မာဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးဈေးများပိုမိုကျဆင်းလာ
မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးများ ဈေးအဆမတန်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့ထိ ဖရဲသီး ၁ ကီလိုဂရမ်တွင် တရုတ်ငွေ ယွမ် ၇ ယွမ်ဝန်းကျင်ခန့်ရရှိသော်လည်း ဇန်နဝါရီလ ၁၀ရက်နေ့မှစကာ ယွမ်…
Read More » -
10 Januaryသတင်း
ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။ “စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို…
Read More » -
10 Januaryသတင်း
မီတာခမတရားကောက်ခံနေသည့် ဟိုပင်လျှပ်စစ်ရုံးဝန်ထမ်းများကို ဟိုပင် PDFက သတိပေး
ပြည်သူများထံမှ လျှပ်စစ်မီးသုံးဆောင်ခ မတရားကောက်ခံနေသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများက ဟိုပင်ဒေသ PDFများက သတိပေးစာထုတ်ပြန်ထားသည်။ ဟိုပင်လျှပ်စစ်ဝန်ထမ်းများသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ မီတာစာရွက်လာရောက်ဖတ်ခြင်းမပြုဘဲ ပြည်သူများထံမှ မီတာခမတရားကောက်ခံမှုများပြုလုပ်နေပြီး မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည် ဟု…
Read More » -
10 Januaryသတင်း
ဝိုင်းမော်မြို့၊ ဈေးကြီးအပြင်ဘက် ရောင်းချသည့်ဈေးသည်များ ရောင်းချခွင့်အချိန်ကန့်သတ်ခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ကျန်စစ်သားလမ်းပေါ်တွင်ရှိသော နံနက်စျေးတွင် လာရောက်ရောင်းချသည့် အပြင်စျေးသည်များထံမှ အခွန်မရရှိသဖြင့် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချခွင့်ကို အချိန်ကန့်သတ်လိုက်သောကြောင့် အပြင်စျေးသည်များ စျေးဆက်ရောင်းချရန် ပြသနာအခက်အခဲကြုံတွေ့နေရကြောင်း ဈေးသည်များထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ရက် ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က…
Read More » -
10 Januaryသတင်း
( ၇၄) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်
ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားများ၏ နေအိမ်အချို့တွင် ကချင်အမျိုးသားအလံလွှင့်တင်ကာ ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒေသခံတစ်ဦးကခုလိုပြောသည်။ “ကချင်ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။…
Read More »









