သတင်း

မြန်မာဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးဈေးများပိုမိုကျဆင်းလာ

မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့နေသည့် ဖရဲသီးများ ဈေးအဆမတန်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ထိ ဖရဲသီး ၁ ကီလိုဂရမ်တွင် တရုတ်ငွေ ယွမ် ၇ ယွမ်ဝန်းကျင်ခန့်ရရှိသော်လည်း ဇန်နဝါရီလ ၁၀ရက်နေ့မှစကာ ယွမ် ၅ ယွမ်အထိ ကျဆင်းသွားကြောင်း အရှေ့မြောက်တံခါးအများနဲ့ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဦးအောင်ဆက်နိုင်က ခုလိုပြောသည်။
“၁ ကီလိုဂရမ် ကို ၇ ယွမ် ရရာကနေ ၅ ယွမ် ထိကျသွားတယ်။ ၁ တန်ကို ယွမ် ၅၀၀၀ ယွမ် ခန့်ပဲရတော့တယ်။” လို့ အရှေ့မြောက်တံခါး အများနဲ့ဆိုင်သော ကုမ္ပဏီ လီမိတက်မှ ဦးအောင်ဆက်နိုင်က ပြောသည်။
ယင်းကဲ့သို့ ဖရဲ‌သီးဈေးနူန်း ကျဆင်းလာခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနေရာဖြစ်သည့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးနေရာခက်ခဲမူနှင့် ကိုဗစ်ဂိုက်လိုင်း နှစ်နိုင်ငံ ကုန်သွင်း၊ကုန်ထုတ် ပြုလုပ်ရာတွင် အချိန်ကြန့်ကြာမူတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်မှလည်း ပုံမှန်တရက်လျှင် ကားအစီး ၇၀၀ ထိ လက်ခံ‌နေရာမှလက်ရှိချိန်တွင် ကားအစီးရေ ၄၀ ဝန်းကျင်သာ လက်ခံတော့ကြောင်း စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်ကပြောသည်။
အလားတူ ဖရဲသီးဈေးများကျဆင်းနေသည့်အပြင် တင်ပို့ရန် ကြန့်ကြာမူတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများနေသည့်အတွက် အရည်အ‌သွေးကောင်းမွန်သည့် ဖရဲသီးကား ၁ စီးလျှင် ၁ တန်ရဖို့ရန်ပင် ခက်ခဲနေသည့်အပြင် ဖရဲသီးဈေးသည်လည်း ၁တန်လျှင် ၆၀၀၀ ယွမ်မှ ၁ တန်လျှင် ၅၀၀၀ ယွမ်သာ ရရှိသည့်အတွက် ကားခမရဘဲ အစီးပြတ်ရောင်းနေရကာ လုပ်ငန်းရှင်များ အရှုံးများ‌ေန‌ေကြာင်း သိရသည်။
ဖရဲသီးတင်ပို့သည့်အခြေနေ၊‌ ဈေးကျဆင်းနေမူတို့‌ေကြာင့် ဆုံးရှုံးမူ များနေကြောင်း ဖရဲသီးကိုယ်စားလှယ်တစ်ဦးကလည်း ခုလိုပြောသည်။
“မူဆယ်အထိ ဖရဲကားခ သိန်း ၂၀ ကျပ်၊ ဂျပ်ဖာဖိုး သိန်း ၂၀ ကျပ်၊ ပို့ကုန်ဂျူတီကြေး ၁ သိန်းကျပ်၊ ၁၀၅ မိုင်မှ တရုတ်နယ်စပ်မျဉ်း A ဇုန်အထိ ၅ သိန်းကျပ်၊ တရုတ်ဖက်ခြမ်း ကုန်ကျစရိတ်သိန်း ၇၀ ကျပ်၊ ကုန်ကျငွေပေါင်း သိန်း ၁၂၀ ကျပ် ဝန်းကျင်ရှိပါတယ်။ ဖရဲသီးဖိုးက သိန်း ၃၀ ကျပ်နဲ့ဆိုရင် ဖရဲကား ၁ စီးကို သိန်း ၁၅၀ ဝန်းကျင်ကုန်မယ်။ ပွဲခ မပါသေးဘူး။” လို့ ကိုယ်စားလှယ် ၁ ဦးကပြောသည်။
ထို့ကြောင့် သစ်သီးဝလံ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအား ” ဈေးကောင်းလှပြီဆိုပြီး အရည် အသွေးမမီ ဖရဲတွေ တင်ချင်သေးတဲ့ တောင်သူများသတိချပ်စေလိုပါတယ်။ ယခုရက်ပိုင်းအတွင်း ဖရဲတွေ ကြမ်းတမ်းစွာ ဈေးကျဆင်းနေပါတယ်။ ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် ကြာရက်နှင့် ကုန်ကျစရိတ်တွေကြောင့် ချင့်ချိန် တင်ပို့သင့်တယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်က အကြုံပြုပြောဆိုသည်။
လက်ရှိ ဈေးကွက်အခြေအနေက ၅ ယွမ်အောက်အထိ ကျနေပြီး ဖရဲသီးဈေး ဆက်ကျနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် သစ်သီး၀လံကုန်စည်ဒိုင်မှလည်း ဇန်နဝါရီ ၁၀ ရက်‌ေန့ ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင်လုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအားများအ‌နေဖြင့် လရှိအခြေအနေတွင် ရပ်တံ့‌နေသည်ထက်ပိုသည့် အရွေ့တခုမျှသာ ရှိနေပြီး လက်ရှိ တင်ပို့ရန် စောင့်ဆိုင်းနေသည့် ဖရဲကားများ၊ လမ်းကြောင်းရှိဖရဲတွေ နည်းပါးတဲ့ အချိန်အထိ စောင့်ဆိုင်းပြီး တင်ပို့နိုင်ရန်နဲ့ သတင်းအချက်အလက်တွေကို မေးမြန်းစုံစမ်းပြီးမှ တင်ပို့ကြပါရန် တိုက်တွန်းအကြံပြုထားသည်။
Show More

Related Articles

Back to top button