စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုးမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ကျော်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မူလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာအပါအဝင် နေထိုင်ရန် နေရာအချို့ အခက်အခဲဖြစ်နေ‌ကြောင်း စစ်ဘေး‌ရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
“လောလောဆယ် ဆန် ကုန်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲ ၁ ခုက စစ်ရှောင်ရမယ့် အချိန် ကြာအုံးမယ်ဆိုရင် တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်။ အချိန်တိုဆိုရင်တော့ တတ်နိုင်သလောက် ခြစ်ကုတ် စားလို့ ရတယ်။ ထပ်ကြာအုံးမယ်ဆိုရင် စားနပ်ရိက္ခာအတွက် လုံးဝ အဆင်မပြေတော့ဘူး” ဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောသည်။
လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူ ၅၆၀ ဝန်းကျင်သည် မုံးကိုးမြို့ပေါ်ရှိ လီဆူဘုရားကျောင်း၊ KBC ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်နေကြပြီး ဆက်လက်ရှောင်တိမ်းနေထိုင်ဖို့ရန် လိုအပ်ပါက စားနပ်ရိက္ခာ ပြတ်တောက်မူ အခြေနေ ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကင်းစင်လာသည််အတွက် ယင်းဘာသာရေးကျောင်းများတွင်လည်းဆုတောင်းပွဲများ ၊မင်္ဂလာဆောင်၊ စာသင်ဆောင် စသဖြင့် ပြန်အသုံးပြုရန် လိုအပ်လာသည့်အတွက် စစ်ရှောင်ပြည်သူများအနေဖြင့် အဆိုပါနေရာများတွင် နေထိုင်ရန်အတွက် နေရာအခက်အခဲရှိလာကြောင်း စစ်ရှောင်စခန်းတာဝန်ခံများမှ သိရသည်။
ထို့ကြောင့် စစ်ရှောင်ပြည်သူများ နေထိုင်ရန်‌နေရာနှင့် စစ်ရှောင်စခန်းဆောက်လုပ်ရန် ငွေကြေးများလည်း လိုအပ်နေကြောင်း စစ်ရှောင်စခန်းမှ နေရာစီမံခန့်ခွဲရေး တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။
“ကျွန်တော်တို့ စိတ်အညစ်ရဆုံး အခက်အခဲက ပထမ နေရာမရှိဘူး။ ဒုတိယ ငွေ မရှိဘူး ဖြစ်နေတယ်။ ပြောင်းရွှေ့ဖို့ ဆွေးနွေးကြည့်သေးတယ်။ နေရာပြောင်းပြီး တဲဆောက်လိုက်ရင် ရှိထားတဲ့ ပိုက်ဆံ နည်းနည်းလေးကို ကုန်သွားမှာ။ ဘာနဲ့ စားမလဲ။ စားဖို့ မရှိတော့ဘူးဖြစ်သွားမှာ။ နေရာအတွက် တော်တော်ပူပင်နေရတယ်။ နေရာ တောင်းကြည့် တာလည်း အဆင်မပြေဘူး။ တပ်မမှူးလည်း ခဏ သီးခံပြီး နေပေးပါ။ မကြာ လောက်တော့ဘူးလို့တော့ ပြောတော့ ခုက ဖြစ်သလို ကျောင်းဝင်းမှာပဲ ပြွတ်သိပ် နေနေရတယ်။ ဖေဖော်ဝါရီလ ကနေစပြီး စာတွေပြန်သင်ပေးတော့မယ်ဆိုတော့ အရင်တုန်းက MDA အဆောက်အဦး ဟောင်း ငြိမ်းအေးမြေကုမ္ပဏီရဲ့ နေရာမှ တချို့ကို ပြောင်းအိပ်ခိုင်းရတယ်။ အပြင်ဘက် တဲဆောက်ပြီးနေဖို့က ပိုက်ဆံလုံးဝ မရှိတော့ဘူးလေ။ ခု နေနေတဲ့ လူတွေက လုံးဝ ပြန်လို့မရတဲ့ သူတွေပါ။” လို့ သူက ပြောပါတယ်။
မုံးကိုးမြို့နယ်တွင် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လကုန်ပိုင်း မှစပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့်အတွက် ရွာပေါင်း ၇ ရွာခန့်မှ ဒေသခံ ပြည်သူ ၅၀၀ ကျော် လက်ရှိအထိ နေရပ်ပြန်လည်နေထိုင်ခြင်း မရရှိသေသည့်အပြင် နေအိမ်များ ထိခိုက်ပျက်စီးမှု၊ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေမှု၊ စစ်ရေးတင်းမာနေမှု တွေကြောင့် လက်ရှိရှောင်တိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
Show More

Related Articles

Back to top button