• Jul- 2023 -
    18 July
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ

    KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…

    Read More »
  • 18 July
    သတင်းphoto- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား

    ဖားကန့်မြို့ပတ်လမ်းမကြီးမှာ ၁၂ဘီးယာဉ်တစ်စီးတိမ်းမှောက်

    ဖားကန့်မြို့ပတ်လမ်းမကြီးရဲ့အပေါ်လမ်းမှာ ယနေ့ ဇူလိုင်လ ၁၈ ရက်၊နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ကုန်ပစ္စည်းအပြည့်တင်လာတဲ့ ၁၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ၁၂ ဘီးယာဉ်ဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိ ဈေးဆိုင်များနဲ့တံတိုင်းများ၊ဈေးဆိုင်ရှေ့ မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးနှင့်အတူ လမ်းဘေးမီးတိုင်များကိုပါ တိုက်မိထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အခုလိုပြောပါတယ်။  “လူထိခိုက်မိတာတော့ မရှိဘူး၊ကားဒရိုင်ဘာကိုတော့ ရဲစခန်းကို ခေါ်သွားတယ်လို့…

    Read More »
  • 18 July
    သတင်းGoogle map - KNG

    ဗန်းမော်မြို့နဲ့ လဂျားယန်ကြား စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူအချို့ ပိတ်မိနေ

    ဗန်းမော်မြို့နဲ့ လဂျားယန်ကြားမှာ စစ်ရေးတင်းမာနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေတဲ့အပြင် ဒေသခံပြည်သူတချို့ လည်း ပိတ်မိနေတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး လဂျားယန်အနီးမှာရှိတဲ့ ဒုန်ခုန်းကျေးရွာဒေသခံတချို့ဟာ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ပြီဖြစ်ပေမဲ့ တစ်ချို့ကတော့ဒုန်ခုန်းကျေးရွာမှာကျန်နေသေးတယ်လို့ သိရပါတယ်။ အလားတူ လွယ်မောက်ယန်က ဒေသခံတွေလည်း ဇူလိုင်လ ၇ ရက်နေ့ကနေ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် လွယ်မောက်ယန်ဘက်ကနေ မန်ဆိုင်းရွာမှာထွက်ပြေး တိမ်းရှောင်လာခဲ့ရာမှ လက်ရှိချိန်  ပိတ်မိနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က…

    Read More »
  • 18 July
    သတင်းphoto- ရွှေကူမြို့မရဲစခန်း

    ရွှေကူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွေ့နေကြ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က မြို့မရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုတွေအားလုံး ညဘက်တွေမှာ ရွှေကူစစ်တပ်ထဲကိုပြောင်းရွှေ့အိပ်နေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။  ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင်လ ၁၁ ရက်နေ့ က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘက်ကထိခိုက်သေဆုံးသူများခဲ့တာကြောင့် ဇူလိုင်လ ၁၁ ရက်နောက်ပိုင်း ရဲဝန်ထမ်းတွေအားလုံးရဲစခန်းမှာမအိပ်ရဲကြတော့တာဟုတ်တယ်လို့  တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံအမျိုးသမီး တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “သူတို့က စခန်းထဲမှာကိုမအိပ်ကြတော့တာ…

    Read More »
  • 18 July
    သတင်းဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ

    လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့က ဇူလိုင်၁၈ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ်ဦးတော့ ခေါင်းနည်းနည်းထိတယ် စိုးရိမ်စရာတော့မရှိပါဘူး လက်ရှိတော့ ဒီအခြေနေတွေကြောင့်…

    Read More »
  • 18 July
    သတင်းPhoto- ဂိမ်းဆိုင်မှာပစ်သတ်ခံရတဲ့ ကိုဇော်သိန်းဦး

    ငါးပစ်ဂိမ်းဆိုင်ဓါးမြတိုက်ခံရပြီး ပြည်သူတစ်ဦးပစ်သတ်ခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ၆ မှာရှိတဲ့ ကိုအောင်မင်းသန့်ရဲ့ ငါးပစ်ဂိမ်းဆိုင်မှာ အမည်မသိလူတစ်စု ဓါးမြဝင်တိုက်ပြီး ဂိမ်းဆော့နေတဲ့ ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ မှော်ဝမ်းရပ်ကွက်ကဒေသခံတွေဆီကနေ သိရပါတယ်။ ဒီမနက် ၃ နာရီဝန်းကျင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိလူငယ် ၆ ဦး ဆိုင်ကယ် ၃စီးနဲ့ဝင်ရောက်လာပြီးတော့ ဓါးမြဝင်တိုက်တာဖြစ်တယ်လို့ မှော်ဝမ်းဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့မှာသေနတ်အတို ၃လက်ပါတယ် ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူး မျက်နှာမှာဖုံးထားကြတာလို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့သူတွေကတော့ ဂိမ်းလာဆော့နေတဲ့သူဟုတ်တယ်” လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့သူဟာ အသက် ၄၃ နှစ်အရွယ် ကိုဇော်သိန်းဦးဆိုသူဖြစ်ပြီး မန္တလေးတိုင်း၊မတ္တရာဇာတိဖြစ်ကာ လက်ရှိဖားကန့် မှော်ဝမ်းရပ်ကွက်မှာ လာရောက်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ဓါးမြဝင်တိုက်သူတွေဟာ ဂိမ်းဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့လက်ဝတ်လက်စားအပြင် ဆိုင်မှာရှိတဲ့ပိုက်ဆံတွေလည်း ယူသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဝန်ထမ်းတွေရဲ့ဆွဲကြိုးတွေလည်း ဆွဲဖြုတ်သွားတယ် ပြီးတော့ ဂိမ်းဆိုင်မှာရှိတဲ့ပိုက်ဆံတွေ အကုန်လုံးယူသွားတယ်တဲ့” လို့ ပြောပါတယ်။…

    Read More »
  • 18 July
    သတင်းPhoto - စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (Crd- Shwegu PDF)

    ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ

    ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က  ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း…

    Read More »
  • 17 July
    သတင်းဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

    ဝက်လက်က စစ်ဘေးရှောင်တွေ ဖျားနာသူတွေများလာပြီး ဆေးဝါးအကူညီတွေလိုအပ်နေ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ တော၊တောင်တွေမှာဖြစ်သလိုအိပ်နေရတဲ့အတွက် ဖျားနာသူတွေများလာပြီး မိုးကာနဲ့ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တွေထံကသိရပါတယ်။‌ ဝက်လက်နယ်အရှေ့ခြမ်းက သုံးဆင့်ကန်ရွာနဲ့သာလိုင်းရွာကို ပြီးခဲ့တဲ့ဇူလိုင် ၁၃ရက်နေ့ကစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ ၃ထောင်နီးပါးမိုးထဲရေထဲထွက်ပြေးခဲ့ကြရတာဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အဲ့မှာမိုးကရွာ မိုးကတစ်အားမပြင်းထန်ပေမဲ့ လေကတိုက်တော့ နေမကောင်းတာတွေသက်ကြီးရွယ်အို တွေလည်းပါတဲ့အခါကျတော့ ဖျားနာတာတွေဖြစ်နေတယ်ဗျ အဲ့တာတွေကလည်း မြေကြီးပေါ်မှာအိပ်ကြ တယ် ဖြစ်သလိုယာယီဖျာလေး တွေခင်းပြီးအိပ်ကြတာပေါ့” လို့ပြောပါတယ်။ ဒေသခံတွေဟာလက်ရှိမှာ…

    Read More »
  • 17 July
    သတင်းဓာတ်ပုံ-ဇူလိုင်၁၆ရက်နေ့ ခင်ဦးမှ စစ်ဘေးရှောင်မျာ

    ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။ ဇူလိုင်၁၆ရက်နေ့ မနေ့က နေ့လည် ၁နာရီလောက်မှာ အင်းပတ် ကွေ့ဈေးတန်းကအထိုင်ချစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကသူတို့စခန်းနဲ့မီတာ ၃၀၀လောက်အကွာမှာရှိတဲ့ အင်းပတ်ရွာကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ အင်းပတ်ကပေါ့ စစ်ဘေးရှောင်နှစ်ဦး လက်နက်ကြီးထိတာပေါ့တစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားတယ် တစ်ဦးကတော့ ဆေးကုသမူခံယူနေရဆဲပါ”လို့ပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူဟာ…

    Read More »
  • 17 July
    သတင်းဓာတ်ပုံ-ကန့်ဘလူက ဓာတ်အားလိုင်းဖြန့်ဖြူးသည့်နေရာတစ်ခု

    ကန့်ဘလူ၊ကျွန်းလှနဲ့ကောလင်း သုံးမြို့နယ်အစပ်က ရွာပေါင်း ၂၅ ရွာလျှပ်စီးမီးဖြတ်တာ ၄ လကျော်ရှိလာ

    စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းအစပ်က ရွာပေါင်း ၂၅ရွာကိုစစ်ကောင်စီတပ်က လျှပ်စီးမီး ဖြတ်တောက်ထားတာ ၄လကျော်ကြာမြှင့်လာပြီဖြစ်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။ ကျွန်းလှနယ် ကံပေါက်ရွာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့နေရာကိုစစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကတည်းက လျှပ်စစ် မီးဖြတ်တောက်ခဲ့တာဖြစ်ပြီး ဒေသခံတွေအခက်အခဲများစွာကြုံနေရတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “အခက်အခဲကတော့အများကြီးပေါ့ ဒီအခြေနေကြောင့်ပြည်သူတွေတော်တော်ခက်ခဲသွားတယ် အကုန်လုံး အဆင်မပြေဘူးပေါ့ အဲ့ဒီထဲမှာအခက်ခဲဆုံးက ဆက်သွယ်ရေးအခက်အခဲနဲ့…

    Read More »
Back to top button