သတင်း

ကန့်ဘလူ၊ကျွန်းလှနဲ့ကောလင်း သုံးမြို့နယ်အစပ်က ရွာပေါင်း ၂၅ ရွာလျှပ်စီးမီးဖြတ်တာ ၄ လကျော်ရှိလာ

စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းအစပ်က ရွာပေါင်း ၂၅ရွာကိုစစ်ကောင်စီတပ်က လျှပ်စီးမီး ဖြတ်တောက်ထားတာ ၄လကျော်ကြာမြှင့်လာပြီဖြစ်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။

ကျွန်းလှနယ် ကံပေါက်ရွာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့နေရာကိုစစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကတည်းက လျှပ်စစ် မီးဖြတ်တောက်ခဲ့တာဖြစ်ပြီး ဒေသခံတွေအခက်အခဲများစွာကြုံနေရတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“အခက်အခဲကတော့အများကြီးပေါ့ ဒီအခြေနေကြောင့်ပြည်သူတွေတော်တော်ခက်ခဲသွားတယ် အကုန်လုံး အဆင်မပြေဘူးပေါ့ အဲ့ဒီထဲမှာအခက်ခဲဆုံးက ဆက်သွယ်ရေးအခက်အခဲနဲ့ သောက်သုံးရေ ပြတ်လပ်မူပေါ့ “လို့ပြောပါတယ်။

လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့ ကျေးရွာတွေဟာ အပူပိုင်းဒေသဖြစ်ပြီးရေတွင်းတူးဖို့လည်းပေ၂၀၀ ကျော်တူးမှရေရရှိတာကြောင့် ဘုံဘိုင်တွေမှာ မော်တာတပ်ပြီးအသုံးပြုကြတာဖြစ်ပြီး လက်ရှိမှာတော့ နီးစပ်ရာချောင်းနဲ့ရေတွေသိုလောင်ထားပြီးအသုံးပြုနေကြရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိလျှပ်စစ်မီးရရှိနေတဲ့ ကံပေါက်ရွာနဲ့လယ်လှရွာက ပျူစောထီးများ အထိုင်ချရာကျေးရွာဖြစ်ပြီး ဖြတ်တောက်ခံထားရတဲ့ရွာတွေမှာတော့ကာကွယ်ရေးတပ်တွေစိုးမိုးထားတဲ့ ရွာတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။

“အဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့နေရာတွေမှာ ဆက်သွယ်ရတာ အခက်အခဲဖြစ်သွားအောင်တော်လှန်ရေး အင်အားစုကိုအားနည်းသွားအောင် ပြီးရင် မီးရတဲ့အခါကျတော့လက်နက်ထုတ်တာလည်းအဆင်ပြေတယ် အဲ့တာတွေကိုလည်း သူတို့မြင်တယ်လေတစ်ဖက်မှာ ဒီနေရာတွေကို ကာကွယ်ရေးတပ်တွေလည်း စိုးမိုး ထားတာပေါ့လေ”လို့ပြောပါတယ်။

လက်ရှိ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့ရွာတွေဟာ ကန့်ဘလူနယ်က ၄ရွာ၊ကျွန်းလှနယ်က၁၂ရွာ နဲ့ကောလင်းနယ်က ၉ရွာလျှပ်စစ်မီးဖြတ်တောက်ခံထားရတာဖြစ်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှား သူများ အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

BY – AM

Show More

Related Articles

Back to top button