တိုက်ပွဲသတင်း

ရွှေကူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွေ့နေကြ

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က မြို့မရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုတွေအားလုံး ညဘက်တွေမှာ ရွှေကူစစ်တပ်ထဲကိုပြောင်းရွှေ့အိပ်နေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

 ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင်လ ၁၁ ရက်နေ့ က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘက်ကထိခိုက်သေဆုံးသူများခဲ့တာကြောင့် ဇူလိုင်လ ၁၁ ရက်နောက်ပိုင်း ရဲဝန်ထမ်းတွေအားလုံးရဲစခန်းမှာမအိပ်ရဲကြတော့တာဟုတ်တယ်လို့  တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံအမျိုးသမီး တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“သူတို့က စခန်းထဲမှာကိုမအိပ်ကြတော့တာ စစ်တပ်ထဲမှာပြောင်း အိပ်ကြတော့တာ၊အချုပ်သား တွေကိုပဲထားခဲ့တာစခန်းမှာက၊ အဲ့ဒီဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နောက်နေ့ကနေစပြောင်းအိပ်ကြတာ နေ့လယ်ဆိုတော့ရှိတယ် ဟန်ပြပေါ့နေ့လည်ဆိုရင်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 ရွှေကူနယ်မြေရဲစခန်းကဝန်ထမ်းမိသားစုဝင်တွေဟာ ညရုံးဆင်းချိန်နောက်ပိုင်း စစ်တပ်ထဲကိုပြောင်းကြရပြီး မနက်ရုံးဖွင့်ချိန်မှ ရဲစခန်းကိုပြန်လာကြတယ်လို့ မျက်မြင်တွေ့နေတဲ့ ဒေသခံတွေကဆိုပါတယ်။

ညဘက် ရဲတွေမရှိတဲ့အချိန်မှာတော့ အဲ့ဒီရဲ စခန်းကို ရွှေကူစစ်တပ်ထဲက စစ်သားတွေ အစောင့်လာအိပ်ပေးကြတယ်လို့လည်း ရွှေကူမြို့ပေါ်က အမျိူးသားတစ်ဦးက အခုလိုပြောပါတယ်။

“ရဲတွေကတော့မအိပ်ကြတော့ဘူး ဒါပေမယ့် တပ်ကရှိထားတယ် ။ရဲတွေကတော့မအိပ်ရဲဘူးပေါ့ အခုကရဲစခန်းကိုစစ်တပ်ထိုင်ထားသလိုဖြစ်နေတယ် လက်နက်ကြီးတွေကော ထောင်ထားတယ်”လို့ ရွှေကူမြို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းဒရုန်းနဲ့ မတိုက်ခိုက်ခံရချိန်မှာတော့ ရဲအရာရှိအချို့နဲ့ရဲတပ်သားတွေ ယူနီဖောင်းဝတ်ဆင်ပြီးရုံးတက်ကြပေမယ့် ဒီရက်ပိုင်းတွေမှာတော့ အရပ်ဝတ်တွေနဲ့သာ ရုံးတက်လာကြတယ်လို့သိရပါတယ်။

“အခုကရဲတွေအင်အားဘယ်လောက်ရှိမှန်းမသိရဘူး ဘာလို့ဆိုသူတို့က အရပ်ဝတ်တွေနဲ့ပဲလာကြတော့ဘယ်သူကရဲဘယ်သူကအရပ်သား မသိရဘူး”လို့ အထက်မှာဖော်ပြခဲ့ တဲ့အမျိုးသမီးကပြောပါတယ်။

ရွှေကူနယ်မြေရဲစခန်းကို ဇူလိုင် ၁၁ ရက်နေ့ ည ၃ နာရီအချိန်က ရွှေကူPDF တပ်ရင်း ၅ ကနေ ဒရုန်းနဲ့ ဗုံး ၂ လုံးပစ်ချ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ဦး ပွဲ ချင်းပြီးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတဲ့အပြင် ဇူလိုင် ၉ ရက်နေ့ကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရကာ ၂၀၂၂ ခုနှစ်တွေမှာလည်း မကြာခန တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button