လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။

ဇူလိုင်၁၆ရက်နေ့ မနေ့က နေ့လည် ၁နာရီလောက်မှာ အင်းပတ် ကွေ့ဈေးတန်းကအထိုင်ချစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကသူတို့စခန်းနဲ့မီတာ ၃၀၀လောက်အကွာမှာရှိတဲ့ အင်းပတ်ရွာကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အင်းပတ်ကပေါ့ စစ်ဘေးရှောင်နှစ်ဦး လက်နက်ကြီးထိတာပေါ့တစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားတယ် တစ်ဦးကတော့ ဆေးကုသမူခံယူနေရဆဲပါ”လို့ပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူဟာ အင်းပတ်ရွာသား အသက်၅၀အရွယ် ဦးသန်းစိုးဆိုသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ရွှေဘိုကနေထွက်လာတဲ့ ခမရ ၇၀၂၊၇၀၈ တပ်ဖွဲ့တွေဖြစ်ပြီးတော့အင်းပတ်ကွေ့ ဈေးတန်းက အထိုင်တပ်တွေနဲ့ ပူးပေါင်းကာ အင်းပတ်ရွာကို မဝင်ခင်ချမ်းသာကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပြောပါတယ်။

“ ရွှေဘိုကလာတဲ့စစ်ကြောင်းက ပြီးခဲ့တဲ့၁၅ရက်နေ့တည်းကရောက်နေတာ မနေ့ကမနက်ပိုင်းမှာ အင်းပတ်ကွေ့နဲ့ရွာသစ်ကုန်းပျူတွေက သူတို့ကိုကြိုတာလိုလိုနဲ့ပေါင်းပြီး ချမ်းသာကုန်းကို အရင်ဝင်တာ အဲ့နားကရွာတွေကလည်း တစ်ရွာနဲ့တစ်ရွာကပ်နေတော့မနေ့ကဆိုဒေသခံ၁သောင်းကျော်လောက် ရှောင်လိုက်ရတယ်”လို့ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၁၆ရက်နေ့ လက်နက်ကြီးထိမှန်ခဲ့ရတဲ့ဒေသခံနှစ်ဦး
ဓာတ်ပုံ-ဇူလိုင်၁၆ရက်နေ့ လက်နက်ကြီးထိမှန်ခဲ့ရတဲ့ဒေသခံနှစ်ဦး

လက်ရှိမှာတော့ ရွှေဘိုကနေလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရေဦးမြို့နယ်ဘက်ကိုစစ်ကြောင်းပြန်လည် ထွက်ခွာသွားခဲ့တဲ့အတွက် ဒေသခံအချို့ရွာတွေကိုပြန်ကပ်နိုင်ပေမဲ့

အင်းပတ်ကွေ့အထိုင်စခန်း၊ရွာသစ်ကုန်း ပျူရွာနဲ့ နီးတဲ့ ချမ်းသာကုန်းရွာနဲ့အင်း ပတ်ရွာကဒေသခံတွေကတော့ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

အင်းပတ်ကွေ့ဈေးတန်းအထိုင်စစ်ကောင်စီအဖွဲ့တွေဟာ အဲ့ဒီနေရာမှာတပ်စွဲထားတာတစ်နှစ်ကျော်ကြာပြီ ဖြစ်ပြီး မီတာ ၂၀၀လောက်အကွာက ရွာသစ်ကုန်းပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းကာ အနီးတစ်ဝှိုက်က ရွာတွေကိုမကြာခဏစစ်ကြောင်းထိုးစီးနင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းပတ်ရွာဟာ အိမ်ခြေ ၂၀၀ကျော်ရှိတဲ့ရွာဖြစ်ပြီး အခုလိုစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးတွေပစ်ခတ်တဲ့အတွက် ဒေသခံ ၂ဦးသေဆုံးခဲ့ရပြီး ၁၅ဦးအထိဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၆ရက်နေ့ကမြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)ကထုတ်ပြန်ထားပါတယ်။

BY; AM

Show More

Related Articles

Back to top button