-
May- 2021 -30 Mayတိုက်ပွဲ
အင်းတော်ကြီး နန့်မွန်းတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်း (Na Mawn) ရှိ အာဏာသိမ်းစစ်တပ်အောက်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်တချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ပြည်သူ့စစ်တပ်စခန်းအနောက်ဘက်ရပ်ကွက် လူနေအိမ်တစ်ခုတွင် လက်နက်ကြီး…
Read More » -
29 Mayတိုက်ပွဲ
အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပို့ မြင်းများ ရောက်ရှိနေ
မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်စခန်းကို တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ မြင်း (၂၅) ကောင်ထက်မနည်း နွမ်းလန့် အခြေစိုက် ခမရ (၄၃၈) တပ်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီခန့်တွင် နွမ်းလန့်တပ်စခန်းသို့…
Read More » -
29 Mayတိုက်ပွဲ
ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်
ပူတာအိုမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့က ယနေ့ နံနက် လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၉ ရက်နေ့…
Read More » -
28 Mayတိုက်ပွဲ
နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ
လီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၆၀ အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်သည် မေလ ၂၇ ရက်ည ၈ နာရီခွဲခန့်က သူ၏နေအိမ်တွင် ပစ်သတ်ခံရကြောင်း နောင်းမီဒေသခံတစ်ဦးက…
Read More » -
28 Mayတိုက်ပွဲ
ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ
ပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ တပ်ရင်းတွင် ယနေ့ နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၈ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက် ရှိ…
Read More » -
27 Mayသတင်း
CRPH နှင့် KPICT ကြား သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးကြောင်း ထုတ်ပြန်
ကြားကာလ ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် ကချင် KPICT တို့ကြား သဘောတူညီချက်တစ်ခုကို ယနေ့ မေလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း CRPH က ထုတ်ပြန်ထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Kachin…
Read More » -
27 Mayသတင်း
CDM မလုပ်သည့် ပညာရေးဝန်ထမ်းများကို ပူတာအိုလူငယ်အဖွဲ့ သတိပေး
ပူတာအိုခရိုင်တွင် CDM မလုပ်ဘဲ စာသင်ကျောင်းရောက်နေသည့် ဆရာ/မများအနေဖြင့် အလုပ်နားပြီး အမြန်ဆုံးထွက်ခွာသွားရန် ပူတာအိုရှိ လူငယ်အဖွဲ့က သတိပေးထားကြောင်း သိရသည်။ ‘ပူတာအို မြို့နယ်၊ ခရိုင် ၊ ပညာရေးကျောင်း အသီးသီးမှ ကျောင်းအုပ်များနှင့် ကျောင်းဆရာ၊ ဆရာမ…
Read More » -
27 Mayစစ်ပြေးဒုက္ခသည်များ
ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန် စစ်ရှောင်စခန်းအထိ စာရင်းကောက်နေဟုဆို
ချီဖွေမြို့ နယ်တွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန်အတွက် စစ်ရှောင်စခန်းရှိ ပြည်သူများ၏ အိမ်ထောင်စုစာရင်းကောက်ခံမှုများ ရှိနေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ “မနေ့ကစပြီးတော့ စစ်ရှောင်စခန်းတိုင်းမှာ တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရမယ် အထက်အမိန့်ဆိုပြီး စာရင်းလိုက်ကောက်တယ်။ နာမည်စာရင်းနဲ့အတိအကျ လိုက်ကောက်တာဆိုတော့ ကျနော်တို့မှာ မလုပ်ချင်လည်း လုပ်ရတော့မယ့်သဘောမှာရှိနေတယ်။ ဘယ်လိုပြောရမှန်းကို…
Read More » -
27 Mayတိုက်ပွဲ
ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး
ယနေ့ညနေ ၃နာရီ ဝန်းကျင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခံရပြီးနောက် လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ခုသေတဲ့ ၄ယောက်က ပြည်သူစစ်လား ဒေသခံလားဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ ဘယ်သူ့မှထွက်လို့မရတဲ့အခြေနေဖြစ်နေတော့ သေတာဘယ်သူဘယ်ဝါမှန်း…
Read More » -
26 Mayတိုက်ပွဲ
ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်
ကွတ်ခိုင်မြို့ အထွက် ရှုခင်းသာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသော ရှုခင်းသာအနီးတွင်…
Read More »









