-
Mar- 2026 -9 Marchသတင်း
မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး
ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။ “အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။ “သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့ ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ “ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – ဂျဘောက်ရာ
Read More » -
9 Marchသတင်း
ဗုံးကြဲခံရပြီးနောက် တာမခန်၊ ဟောင်ပါးပြည်သူတွေ ဗုံးခိုကျင်းတူးပြီးနေနေရ
ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တာမခန်ကျေးရွာထဲက ရှင်ကထောင်ကုန်းဗုံးကြဲခံရပြီးနောက် တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဗုံးခိုကျင်းတူးပြီးနေနေရကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ တာမခန်ကျေးရွာအကျော်မှာရှိတဲ့ ရှင်ကထောင်ကုန်းကို တိုက်ပွဲမဖြစ်ပဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးကျဲခံရမှုဖြစ်စဥ်အပြီးမှာတော့ တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဟာဗုံးခိုကျင်းတွေတူးပြီးနေနေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက…
Read More » -
9 Marchသတင်း
ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး
မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက“ဘုန်းကြီးကျောင်းက ကပ်ပရလင်မယားထိတာပါ၊ မိန်းမကပြီးသေသွားပြီ။ ကချင်ကုန်းရွာလမ်းပေါ်မှာ တစ်လုံးကျတယ်။ တစ်လုံးကရှောက်ပင်ချုံဘက်၊ တစ်လုံးကနောက်ဘက်တောင်ရိုးပေါ်” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းထပ်ရှိခဲ့သလို ကချင်ကုန်းကျေးရွာဘုန်းကြီးကျောင်း ကအဆောက်အဦးတချို့ထိမှန်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကချင်ကုန်းကျေးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ် ထားပေမဲ့လည်း လက်တလောမှာနှစ်ဖက်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိသလို လေကြောင်းတိုက်ခိုက်ခံရတာဟာ အရပ်သား ပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကချင်ကုန်းရွာက မန္တလေး–မြစ်ကြီးနားလမ်းမပေါ်မှာရှိတာ။ တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတဲ့နေရာ ဟုတ်တယ်။ လက်တလောမှာ မန္တလေး–မြစ်ကြီးနားလမ်းကလည်းဖွင့်နေတယ်ဆိုတော့ စစ်ရေးကလည်းငြိမ်တယ်။ အဲ့ဘက်လမ်းပေါ်က တိုက်ပွဲသာဖြစ်ရင် ကားတွေအကုန်ပိတ်မှာလေ။ အခုလက်ရှိက ကားတွေနေ့တိုင်းထွက်နေကြတယ်။”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကဆိုရင်လည်း စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့ကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အလားတူ ဒီကနေ့မှာလည်း မော်လူးမြို့နယ် နန်းခွင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးလေကြောင်းတိုက်ခံရလို့ အရပ်သားတစ်ဥိီးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာလည်း မြန်မာပြည်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ရှိနေဆဲဖြစ်သလို ဒီနှစ်ရဲ့ပထမဆုံးလ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးခဲ့ရသလို ၂၄၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
9 Marchသတင်း
ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။ “မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။ တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။ ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။ “မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။ ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
9 Marchသတင်း
နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး အသက်သေဆုံး
ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၈ ရက်နေ့ မနေ့ည ၈ နာရီခွဲမှာ နမ့်ဖတ်ကာမြို့ ရပ်ကွက် (၆)မှာ နေအိမ်တစ်အိမ် မီးလောင်ရာကနေ မြေးအဖွား ၂ ဦး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အိမ်ထဲမှာ ဓာတ်ဆီပုံးနဲ့အနီးကပ်မှာ မီးခြစ်နဲ့လားဘာနဲ့လား ခြစ်မီးကနေစပြီး မီးစလောင်ကျွမ်းလာတာလို့ သိရတယ်။ အဖွားဖြစ်သူနဲ့ မြေးဖြစ်သူ ကလေးမလေး မီးထဲသေဆုံးသွားတယ်။ အဖိုးဖြစ်သူနဲ့ မြေးလေးတစ်ယောက်က လွတ်တယ်။”လို့ ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့နေအိမ်ဟာ ဦးအိုက်စိုင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအိုက်စိုင်း ဇနီး ဒေါ်အန်ဟေမ်နဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မြေးမလေးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတွေပြောချက်အရ နေအိမ်မီးလောင်မှုစဖြစ်တာဟာ နေအိမ်ထဲမှာရှိတ့ ဓာတ်ဆီပုံးမှာ မီးစွဲရာကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် အိမ်တွင်းပိုင်ဆိုင်မှုအားလုံးလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး အဓိက မီးလောင်ရတဲ့အကြောင်းရင်းက မီးအသုံးပြုမှု သတိမထားတာကြောင့် ဖြစ်ပွားတာများတယ်လို့ ဆိုပါတယ်။ “မီးလောင်တာတွေကို ကြည့်လိုက်ရင် မိသားစုဝင်တွေ မီးအသုံးပြုမှုပေါ့ဆတာကြောင့် များတယ်။ မီးလောင်ပြီဆိုတာနဲ့ တစ်ခါတည်း ငြိမ်းသတ်နိုင်ခြင်းလည်း မရှိဘူး။ အဓိက မီးသတိပြုမှု အားနည်းကြတယ်။ အခုတစ်ခေါက်ရော၊ ရှေ့တစ်ခေါက်တွေမှာရော မီးလောင်တာတွေက လျှပ်စစ်မီးလျှော့တာကြောင့် လောင်တာမပါသေးဘူး။” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ နမ့်ဖတ်ကာမြို့မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတိုင်း နမ့်ဖတ်ကာမြို့မှာတာဝန်ရှိတဲ့ မီးသတ်ရုံးတွေဘက်မှ မီးလောင်တဲ့အိမ်ကို ချက်ချင်းမရောက်နိုင်တာမျိုးတွေ တာဝန်ရှိအုပ်ချူပ်ရေးအပိုင်းမှ တာဝန်ယူလုပ်ဆောင်ရမယ့်အရာ၊ အားနည်းနေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။ နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ထိန်းချူပ်ထားတာဖြစ်ပြီး မြို့တွင်း တအာင်းတပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တို့လည်း ရုံးစိုက်ထားကာ မြို့တွင်း အုပ်ချူပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
7 Marchသတင်း
မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့…
Read More » -
6 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…
Read More » -
6 Marchသတင်း
ကချင်မှာ စက်သုံးဆီရောင်းဝယ်မှုအခြေနေ ဘယ်လိုရှိနေသလဲ
အစ္စရေး၊ အမေရိကန် နဲ့ အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီမလုံလောက်မှာကိုကမ္ဘာတစ်ဝှမ်းက ကြုံနေရချိန် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှာလည်း စက်သုံးဆီတွေကိုအလုအယက်ဝယ်ယူမှုတွေရှိနေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက် ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတွင်း စက်သုံးဆီပြတ်လပ်သွားမယ့်အခြေနေမရှိဘူးလို့ စစ်ကော်မရှင်ရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြောထားပေမဲ့…
Read More » -
6 Marchသတင်း
ပန်နန်းဒင်ဒေသမှာ ဆန်တစ်အိတ် ကျပ် ၁၀ သိန်းဝန်းကျင် ပေးဝယ်နေရ
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲ ကား၊ ဆိုင်ကယ်လမ်းမပေါက်တဲ့ ပန်နန်းဒင်မြို့အထက်ဘက်ကျေးရွာတွေဘက်မှာ ဆန်တအိတ်ကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းအစွန်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ရဲ့အထက်ဘက်က တစ်ပတ်ခန့်ကြာခြေလျင်လမ်းလျှောက်ရတဲ့ တဆူထု၊တဇုံ၊ခရောင်း၊အရွန်ဒမ်း၊ဂဝိုင်၊ငဝါစတဲ့ကျေးရွာတွေဘက်မှာဆန်တစ်အိတ်ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပန်းနန်းဒင်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ပန်နန်းဒင်မြို့ပေါ်မှာကအဲ့လောက်ကြီးစျေးမကြီးပါဘူး…
Read More » -
5 Marchသတင်း
မြစ်ကြီးနားမှာ သဲကျောက်ကားတွေကြောင့်လမ်းတွေပျက်စီးလာ
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာတယ်လို့မြို့ခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ်…
Read More »









