• Jul- 2025 -
    3 July
    သတင်း

    မြစ်ကြီးနားမှာ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဒီသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး  အေးစေတီရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက် ၊ ပလနရပ်ကွက်စတဲ့နေရာတွေမှာ တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။ “ရမ်ပူဘက်တော့များတယ် ဒါမယ့် အခုကတော့…

    Read More »
  • 3 July
    သတင်း

    ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် ဒရုန်းဗုံးသီးကျလို့ အရပ်သား ၂ ဦးသေဆုံး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဆွတ်ဘွမ့် (ခေါ်) အမှိုက်ပုံကျေးရွာက ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ပေါ် မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ နောက်ထပ် အရပ်သား ၁၂ ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားရာက…

    Read More »
  • 3 July
    သတင်း

    မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ

    ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို–မြစ်ကြီးနားကား လမ်းပိုင်းမှာမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မဆွန်စွပ်ကျေးရွာအနီးမှာ ဆိုးဆိုးဝါးဝါးမြေပြိုသွားတာဖြစ်တယ်လို့ ကားသမားတစ်ဦး KNGကိုပြောပါတယ်။ “လမ်းက ကျဥ်းကျဥ်းလေးပဲကျန်တော့ မိုးဆက်ရွာလို့ထပ်ပြိုရင်တော့…

    Read More »
  • 3 July
    သတင်း

    လုံးခင်းသင်္ချိုင်းမြေတူးဖော်နေတဲ့လုပ်ငန်းရပ်တန့်လိုက်တဲ့နောက် စစ်တပ်ကစစ်ဆေးမေးမြန်း

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ အများပိုင်သင်္ချိုင်းမြေနေရာမှာ မြေတူးဖော်ပြီး အကွက်ရိုက်ဖို့လုပ်နေတဲ့ လုပ်ငန်းစဉ်ကို KIO ဘက်က ရပ်တန့်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လာရောက်စစ်ဆေး တာတွေလုပ်ဆောင်သွားတယ်လို့ သိရပါတယ်။ လုံးခင်းသင်္ချိုင်းကုန်းနေရာရဲ့ အောက်ဖက်ခြမ်းနေရာကို ဖဲ့ယူပြီး မြေတူးဖော်လိုက်တာကြောင့် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေ တစ်ပိုင်းတစ်စ ပေါ်ထွက်လာတဲ့ သတင်းဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပြည်သူလူထုကြားမှာ ကန့်ကွက်တဲ့ဝေဖန်မှုများစွာရှိခဲ့ပါတယ်။ အဲဒီနောက် လုပ်ငန်းစဉ်ချက်ချင်းရပ်တန့်သွားပြီး ဇွန်လ ၃၀ ရက်နေ့မှာ စစ်တပ်က သင်္ချိုင်းမြေနေရာကို လာရောက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သင်္ချိုင်းမြေ ကိစ္စကို စစ်တပ်က လာရောက်ပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်သွားတယ်။ အနီးမှာရှိတဲ့ သင်္ခါရလူမှုကူညီရေးအသင်းထဲကို ဝင်ပြီးတော့ သင်္ချိုင်းမြေတူးတဲ့ ဘက်ဟိုးသမားတွေ၊ ခြံစောင့်တွေကို ခေါ်ယူမေးမြန်းတာတွေလုပ်သွားတယ်။ တစ်ရက်လုံး စစ်ဆေးမေးမြန်းတာတွေပြီးမှ ညအချိန် စစ်သားတွေ ပြန်ထွက်သွားတယ်”လို့ပြောပါတယ်။ လက်ရှိ သင်္ချိုးမြေတူးထားတဲ့နေရာမှာ လုပ်ငန်းရုတ်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ ရပ်တန့်ထားတဲ့သဘောသာရှိနေပြီး မြေတူးထားတဲ့နေရာမှာ သွပ်ကာထားကာ ဘက်ဟိုးနဲ့ ခြံစောင့်လူတွေရှိနေကြသေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးသွားတဲ့ နောက်ဆက်တွဲကိစ္စနဲ့ အဲ့ဒီမှာလုပ်ငန်းဆောင်ရွက်နေတဲ့ KIO လက်အောက်ခံတွေအနေနဲ့ ရှေ့ဆက်ဘယ်လိုမျိုးဆောင်ရွက် သွားမယ်ဆိုတာကို အသေးစိတ်မသိရသေးဘူးလို့ ဖားကန့် ပြည်သူတွေဆိုပါတယ်။ သင်္ချိုင်းမြေနေရာမှာ မြေတူးပြီးအကွက်ရိုက်ဖို့ လုပ်ငန်းဆောင်ရွက်နေတာ ၃ လခန့်ကြာမြင့်လာ ပြီးနောက် ပြည်သူလူထုရဲ့ ဝေဖန်ကန့်ကွက်ပြောဆိုမှုကြောင့် ယာယီလုပ်ငန်း ရပ်တန့်ထားတာလည်းဖြစ်နိုင်တယ်လို့ ဆက်ဆိုပါတယ်။ “ကျနော်တို့က ယာယီရပ်နားထားတယ်လို့ပဲမြင်ပါတယ်။ တကယ်လို့ အပြီးပိတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာ ချက်ချင်းမြေပြန်ဖို့ပေးတာတို့၊ တစ်ခုခုတော့ တာဝန်ယူပေးရမယ်လို့ ထင်တယ်။ အခုက အဲလိုမဟုတ်ဘူး။ သွပ်တွေလည်း ဒီတိုင်းကာထားသေးတယ်။ သော့ခတ်ထားလိုက်တဲ့ ပုံစံမျိုးပဲပေါ်နေတာပေါ့လေ။ ဘယ်လိုပုံစံဆက်သွားမယ်ဆိုတာက ဆက်ပြီးစောင့်ကြည့်ရအုံးမှာပေါ့”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိအခြေနေမှာ သင်္ချိုင်းမြေတူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖားကန့်ပြည်သူတွေစောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိနေတာဖြစ်တယ်လို့ ပြောပြပါတယ်။ ဖားကန့်လုံးခင်းကျေးရွာနေ ဘာသာပေါင်းစုံအသီးသီးက ပြည်သူတွေအသုံးပြုနေတဲ့ လုံးခင်းသင်္ချိုင်းမြေကို လက်ရှိ အာဏာရရှိထားတဲ့သူတွေက ရုပ်အလောင်းမြှုပ်နှံထားပြီးသားနေရာမှာ မြေနေရာဖြိုချပြီး အကွက်ရိုက်နေရာချပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နှစ်ပေါင်းကြာရှည်အသုံးပြုလာတဲ့ သင်္ချိုင်းမြေနေရာဟာ မြေနေရာ ၅ ဧကခန့်ကျယ်ဝန်းပြီး လက်ရှိမှာ အများပြည်သူသွားလာနေတဲ့ မိန်းလမ်းနေရာနဲ့ ကပ်ယက် ပေ ၁၀၀ ဝန်းကျင်အထိ တူးဖော်လိုက်ပြီလို့ သိရပါတယ်။ လုံးခင်း သင်္ချိုင်းကုန်းမြေနေရာက မှော်ဆီစာကျေးရွာကိုသွားတဲ့ မိန်းလမ်းမကြီးပေါ် ဥရုချောင်းဘေးကပ်ယက်မှာ တည်ရှိနေပြီး အဲဒီ မိန်းလမ်းမကြီးတစ်လျှောက်မှာ လုံးခင်းကျောက်ဝိုင်းနဲ့ ဖုန်းရောင်းဝယ်ရေးဆိုင်၊ စားသောက်ဆိုင်တွေ တိုးချဲ့စည်ကားလာတဲ့အတွက် အခုလို သင်္ချိုင်းမြေနေရာတွေအထိပါ မြေကွက်ရိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ချိုင်းကုန်းမြေနေရာရဲ့အပေါ်ဘက်ခြမ်းမှာ လုံးခင်းတိုက်နယ်ဆေးရုံနဲ့ သင်္ခါရလူမှုကူညီရေးအသင်းရှိပြီး အောက်ဖက်ခြမ်းမှာ သင်္ချိုင်းမြေနေရာရှိနေတဲ့အတွက် မိန်းလမ်းမကြီးပေါ်မှာ တစ်ဆက်တည်းရှိကြတာဖြစ်ပါတယ်။ By…

    Read More »
  • 3 July
    သတင်း

    ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ

    ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ  အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…

    Read More »
  • 3 July
    သတင်း

    ဖားကန့်မှာ နှစ်ဖက်တပ်ကြား လက်နက်ကြီးပစ်ခတ်မှု အရပ်သား နေရာတွေမှာ ကျမှန်ပေါက်ကွဲနေ

    ဖားကန့်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီး အပြန်လှန်ရမ်းသမ်းပစ်ခတ်မှုရှိနေတဲ့အတွက်လူနေထူထပ်တဲ့နေရာတွေမှာ ကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်က‌နေ တိုက်ပွဲပြန်ငြိမ်သွားတဲ့ ၃ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်နေသလို KIA…

    Read More »
  • 2 July
    အင်တာဗျူး

    မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ…

    Read More »
  • 2 July
    သတင်း

    ကချင်မှာ ငှက်ဖျားဖြစ်သူများပြီး ဆေးပြတ်လပ်မှုကြုံနေရ

    ကချင်ပြည်နယ်မှာ ငှက်ဖျားဖြစ်သူတွေများနေပြီး ဆေးပြတ်လပ်မှုတွေကြုံနေတာ ၂ နှစ်ဆက်တိုက်ရှိလာပြီလို့ ကချင်ပြည်နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့ ၂၀၂၃ ခုနှစ်အထိ ကချင်မှာ ငှက်ဖျားဆေးတွေကိုအခမဲ့ရယူနိုင်တဲ့ အဖွဲ့အစည်းတွေရှိသလို အိမ်တိုင်းလိုလိုမှာလည်း ပိုးလောက်လန်းကင်းစင်တဲ့ဆေးအိတ်အပြင် ခြင်ဆေးလိုက်ဖြန်းတဲ့သူတွေရှိပေမယ့် ခုနောက်ပိုင်း ခြင်ဆေးဖြန်းပေးတာမရှိသလို ငှက်ဖျားဆေး ပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ ကချင်ပြည်နယ် ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာလည်း…

    Read More »
  • 1 July
    သတင်း

    ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ ကျန်းမာရေးဆိုးရွားသူများလာ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ အစာအာဟာရ ပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေနေဆိုးရွားသူများလာနေတယ်လို့ တပ်မှ KIA ပူးပေါင်းတပ်ထံ ထွက်ပြေးလာသူတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းနေရာတစ်ချို့နဲ့ ရှေ့ကာကင်းစခန်းအများပိုင်းသိမ်းယူထားနိုင်ပြီဖြစ်ပေမယ့် ဗန်းမော်အကျဉ်းထောင်အနီးရှိ စကခ…

    Read More »
  • 1 July
    သတင်း

    နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်းမှုကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လွင့်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရှာချို့ယွင်းမှုတွေဖြစ်နေတာကြောင့် တစ်မြို့နယ်လုံးလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်နေတယ်လို့ ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုရင်တော့သုံးရက်ရှိပါပြီ။ မီးပြတ်တာက စက်ရုံတစ်ခုလုံးက Computer Systerm နဲ့ထိန်းချုပ်ထားတာလေး အဲ့Control room ကနေပျက်သွားတော့ဘာမှလုပ်မရဘူး Systerm တစ်ခုလုံးရပ်သွားတာ ပြင်တော့ပြင်နေတယ်”လို့ သူကပြောပါတယ်။ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံးကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပျက်သွားတာကြောင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်သွားတာဖြစ်ပြီးအနည်းဆုံးရက်ပေါင်း ၂၀ နီးပါးကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ “ဒီကလူတွေနဲ့ရသလောက်တော့ပြင်နေတယ် အဲ့တာမှမရရင် ပညာရှင်တွေသီးသန့်ခေါ်ပြီးပြင်ရမှာဗျအနည်းဆုံး ၁၅ ရက် ရက်၂၀ တော့ကြာမယ်ထင်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့နယ် EPC ရုံးမှ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လျှပ်စစ်မီးရက်ရှည် ပြတ်တောက်လာပါက အဓိကအားဖြင့် လျှပ်စစ်မီးကိုအားကိုးနေရတဲ့ Stalink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ရေခဲသေတ္တာအသုံးပြုရတဲ့စားသောက်ဆိုင်တွေ၊Beauty Salon ဆိုင်တွေနဲ့အခြားလျှပ်စစ်မီးသုံးရတဲ့ လုပ်ငန်းတွေအတွက် လည်ပတ်ဖို့အခက်အခဲလာမှာဖြစ်ကြောင်း Starlink wifiဆိုင် ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတော့ Power Station နဲ့ Epc ကမီး နဲ့ ပဲတွဲပြီးလည်ပတ်နေတာ အခုက epcမရဘူးဆိုတော့ ဘာမှလုပ်ရဘူး wifi ဘေလ်ဖိုးလည်းတလစာကမနည်းဘူးအခွန်ကလည်းပေးရသေးတယ်။ သူများလည်းကိုယ်တွေလိုပဲညည်းနေကြတာပါ့”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။…

    Read More »
Back to top button