-
Nov- 2024 -28 Novemberသတင်း
ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ
ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆောင်းအဝင်မှာ မြစ်ချောင်းတစ်လျှောက်ထွက်တာဖြစ်ပြီး ဒေသခံတွေက ကျောက်ဂျပိုးထွက်ချိန် အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဖြစ်ဖမ်းကြသလို ဟင်းစားအဖြစ်လည်း ဖမ်းကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မြစ်ချောင်းတစ်လျှောက် နှစ်တိုင်းပုံမှန်ဖမ်းနေတဲ့နေရာတွေမှာ အထွက်နည်းလာတယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ပူတာအိုအနီးပတ်ဝန်းကျင်မှာ အရင်လို ကျောက်ဂျပိုးတွေ မထွက်တော့ဘူး။ အခုစျေးတော့ တော်တော်ရနေတယ်။ လက်ရှိ တစ်ပိဿာမှာ ၈ သိန်းခွဲကနေ ၁၀ သိန်းဝန်းကျင်ထိ ရနေတယ်။ ရှာဖို့လည်း သိပ်မလွယ်တော့ဘူး။ အရင်လို များများမရတော့ဘူး။ အခုက တော်တော်ကို တောဘက်ကသွားပြီးမှ ရှာနေရတယ်။ အရင်နှစ်တွေကလို မူလာရှီးဒီတံတားတွေ၊ ချောင်းတွေနားမှာ စောင့်ပြီးဖမ်းလို့ မရတော့ဘူး။ မရှိတော့ဘူး။ တောထဲတော်တော်သွားမှ သွားဖမ်းကြတော့တယ်။ ဒါကြောင့်စျေးလည်း ပိုရနေသလိုပဲ”လို့ပြောပါတယ်။…
Read More » -
28 Novemberသတင်း
မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ
ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းလောက်ကစလို့ မန္တလေး–မြစ်ကြီးနား အတက်အဆင်း ယာဥ်တွေနဲ့ စက်သုံးဆီသယ်ဆိုင်ကယ်တွေအားလုံးကို သွားခွင့်မပေးပဲပိတ်လိုက်ထားတာလို့ သိရပါ တယ်။ သို့သော် ဒီကနေ့မှာတော့ ကချင်ပြည်နယ်ကိုတက်မယ့် ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးနေပြီး စက်သုံးဆီသယ်ဆိုင်ကယ်တွေကို ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ “မော်လူးမြို့မှာ မန္တလေးကိုသွားတဲ့ အဆင်းကားနဲ့ ဆီသယ်ကယ်ရီဆိုင်ကယ်တွေပိတ်မိနေတယ်။ မော်ဟန် ရဲစခန်းက ဆီသယ်ကယ်ရီတွေကိုပိတ်ထားတာ အစီးတစ်ရာလောက်ရှိတယ်။ အခုတော့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ယာဥ်တွေကိုပိတ်ထားဆဲပါ။ အတက်ကုန်ကားတွေကိုတော့လွတ်ပေးနေတယ် အဆင်းကားတွေ တော့အခုထိပိတ်မိနေဆဲပဲ။ ဆီကားတွေကိုမော်ဟန်ကစပိတ်တဲ့သဘောပဲ”လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ် အင်းတော်မြို့နယ် တိုက်ပွဲမတိုင်ခင်ကတည်းက ကချင်ပြည်နယ်ထဲဝင်မယ့် စက်ဆုံးဆီသယ်ဆီဘောက်ဆာကားတွေကို စစ်ကောင်စီတပ်ဟာ အဝင်မခံဘဲ နန့်စီးအောင်ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ထားတာ ၄ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကချင်ပြည်နယ်ကိုစက်သုံးဆီသယ်ဖို့အတွက် ဒေသခံတွေဟာ ဆိုင်ကယ်၊ ပါဂျဲရိုးကုန်တင်ကားတွေကို အသုံးပြုပြီး စက်သုံးဆီတွေသယ်ယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အင်းတော်ကို လေယာဥ်လာတယ်လို့သတင်းရတယ်။ မနေ့ကပါ။ အခုအချိန်ထိ အဆင်းကားတွေ မဖွင့်သေးဘူး အတက်ကားတွေတော့စဖွင့်ပေးနေပြီ။ စစ်ကိုင်းနဲ့ကချင်အစပ် နန့်စီးအောင်ဂိတ်မှာက ဆီဘောက်ဆာကားတွေပိတ်ထားတာကကြာပြီ ဆိုင်ကယ်ကယ်ရီနဲ့ ပါဂျဲရိုးဆီပုံးသယ်ကားတွေနဲ့ သယ်ယူနေကြတာပါ အင်းတော်တိုက်ပွဲမတိုင်ခင်တည်းကဆီတွေကို အဲ့လိုသယ်နေတာပေါ့”လို့ နောက်ထပ်ပိတ်မိနေသူတစ်ဦး လက်ရှိအဲ့ဒီဒေသတစ်ဝှိုက်ကအခြေနေကိုပြောပြပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါ တယ်။ စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သတင်းဌာနတွေမျာဖော်ပြနေပေမဲ့ စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ချက်ကိုတော့ KNG ကအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ခုလိုစက်သုံးဆီယာဉ်တွေကို သွားလာခွင့်ပိတ်ထားတာကြောင့် လက်ရှိတော့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ စက်သုံးဆီဈေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေပြီး စက်သုံးဆီလုံးဝပြတ်လပ်သွားတာမျိုးမဟုတ်ပေမဲ့ ဒေသခံတွေဟာ အကန့်အသတ်တွေနဲ့သာ စက်သုံးဆီတွေဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီနေ့မှာတော့ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ (တစ်သောင်း) ဝန်းကျင်အထိ စျေးတက်နေဆဲဖြစ်ပါတယ်။ By – အမိုး
Read More » -
27 Novemberသတင်း
မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ
မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့ အန်စာတုံးကားတစ်စီးကို အခွန် ၁၀ သိန်းဝန်းကျင် နှစ်ဖက် လက်နက်ကိုင်တပ် ဂိတ်တွေမှာ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ မန္တလေးမြို့ကစတင်ထွက်ခွာချိန် စစ်ကိုင်းတံတားဖြတ်တဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့စုပေါင်းဂိတ်ကို ကားအသေးအကြီးပေါ်မူတည်ပြီး ၂ သိန်း (…
Read More » -
26 Novemberသတင်း
ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တစ်သျှူငှက်ပျောကား သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်က ကုန်ကားမဝင်သေး
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်မှာ တစ်သျှူးငှက်ပျောကား သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည် မြို့သိမ်းတိုက်ပွဲကြောင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ KIA ဘက်က ပြန်ဖွင့်လိုက်ပြီး တစ်သျှူငှက်ပျောကားတွေကို သွားလာခွင့်ပြုနေပြီလို့ ကန်ပိုင်တည်ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ “KIA တွေက သစ်သျှူးငှက်ပျောတင်တဲ့ ကားတွေကိုပြန်သွားခိုင်းနေပြီ။ တရုတ်ဘက်က ကုန်ကားတွေပြန်ဝင်ဖို့ စောင့်နေတဲ့အခြေအနေမှာဟုတ်တယ်။ တကယ့်လို့ KIA ဘက်က သစ်သျှူးကားတွေ သွားခွင့်ပေးနေပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မဝင်လာရင်တော့ KIA ဘက်ကလည်း ပြန်ပိတ်လိုက်မလားတော့မသိဘူး”လို့ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲမဖော်ဆောင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လစပြီး ကချင်အထူးဒေသ ၁ နယ်မြေတွင်းရှိ ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA သိမ်းပိုက်လိုက်တဲ့အတွက် နယ်စပ်ဂိတ်ကို ဩဂုတ်လကနေ အောက်တိုဘာလ ၂၂ ရက်နေ့ထိ စစ်ရေးအခြေနေကြောင့် တစ်လကျော်ပိတ်ထားခဲ့ပါတယ်။ သို့သော် စစ်တပ်ထိန်းချုပ်မှုရှိနေသေးတဲ့ ကံပိုင်တည်နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကန့်အသတ်နဲ့ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။ မြို့ကို KIA သိမ်းပိုက်ပြီး တစ်ပတ်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့စတင်ကာ တရုတ်ဘက်ခြမ်းထွက်မယ့် တစ်သျှူးငှက်ပျောကားတွေကို KIA ကထွက်ခွင့်ပေးလိုက်ပြီး ဂိတ်ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ ဒေသခံတွေပြောဆိုချက်အရ လတ်တလောမှာ တစ်သျှူးငှက်ပျောကားတွေ ဝင်ထွက်သွားလာခွင့်ရနေပမေယ့် တရုတ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်မယ့် ကုန်ကား၊စက်သုံးဆီကားတွေတော့ ဝင်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။ ကန်ပိုင်တည်ဒေသခံ တစ်ချို့ရဲ့ ပြောဆိုချက်အရ KIO အစိုးရရဲ့ အုပ်ချုပ်ယန္တရားစတင်လည်ပတ်တာနဲ့ တရုတ်ဘက်က ကုန်ကားတွေဝင်ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ “တရားဝင်ပြောဆိုတာမျိုးတော့မဟုတ်ဘူး။ အပြင်မှာ အချင်းချင်းပြောဆိုနေကြတာက ဒီရက်ပိုင်း KIO ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်နေပြီ။ အဲဒါပြီးတာနဲ့ ကုန်တင်ကားတွေလည်း အရင်ကလို ပြန်ပြီး လည်ပတ်တော့မယ်လို့ ကြားသိထားတယ်။ အခုတောင်မှ ကုန်ကားတစ်ချို့ နည်းနည်းပါးပါးသွားလာနေပြီ”လို့ နောက်ထပ် ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလ မကုန်ခင်ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ ယခင်ကလို ပြန်ပြီး လည်ပတ်နိုင်ဖို့အခြေအနေရှိတယ်လို့ ကုန်ပိုင်တည်ဒေသခံ သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ KIO အစိုးရအနေနဲ့ ကန်ပိုင်တည်မြို့မှာ အုပ်ချုပ်ရေးယန္တရားစတင်ဖော်ဆောင်တော့မယ်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကနေ ဒီကနေ့ အထိ ကချင်ပြည်နယ်ထဲကို စားသောက်ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ တင်သွင်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားမြို့အပါ တခြား မြို့နယ်အသီးသီးမှာ ကုန်ပစ္စည်းပြတ်လပ်နေတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်တဲ့အခက်အခဲကို ပြည်သူတွေ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ နေ့မှာ KIA က ပန်ဝါမြို့သိမ်းလိုက်တဲ့နောက် နာရီပိုင်းအတွင်းမှာပဲ ကန်ပိုင်တည်နယ်စပ်ဂိတ်အပါ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံးနီးပါး တရုတ်အစိုးရဘက်က ပထမအကြိမ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
26 Novemberသတင်း
မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ နိုဝင်ဘာ လဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာ ကျပ်ငွေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင်သာရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီနေ့ကတော့ တစ်လီတာကို တစ်သောင်းခွဲဟုတ်တယ်။ ဆီကမနက်ပိုင်းပဲရောင်းတာ ဝယ်ရလည်း ခက်တယ်။ ဆီကရှိတော့ရှိတယ်ထင်တယ်။ အရင်လို သိပ် မရောင်းပေးတာ။ အခုက မျှမျှပြီး ရောင်းနေတာ။ ဈေးတွေကလည်း တက်နေတာပေါ့”လို့ ပြောပါတယ်။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဟာ မြစ်ကြီးနား– မန္တလေးလမ်း၊မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ကစ ကချင်ပြည်နယ်နယ်စပ် စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်လာတာကြောင့် မြစ်ကြီးနား– မန္တလေးသွားလမ်းပိုင်း သွားလာခွင့်ပိတ်သွားခဲ့ပြီး စက်သုံးဆီကားများအဝင်ရပ်တန့်သွားခဲ့ပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း စက်သုံးဆီကားအဝင်မရှိတော့ပေမယ့် မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေသေးတာကြောင့် ဩဂုတ်လကနေ အောက်တိုဘာလ ၁၇ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင်း စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ (ငါးထောင်) နဲ့ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်သာရှိပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်ဌာနချုပ် ပန်ဝါမြို့ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်တဲ့တွက် မြစ်ကြီးနား– ကံပိုင်တည်လမ်းကြောင်းကနေလည်း စက်သုံးဆီအဝင်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ “ ကျနော်တို့မြစ်ကြီးနားကိုက အောက်ပိုင်း မန္တလေးတို့မြစ်ကြီးနားတို့က ဆီတွေမရောက်တာ ကြာပြီ။ တရုတ်ဆီတွေပဲသုံးနေရတာဟုတ်တယ်။ အခုကတရုတ်ဘက်ကလည်းပိတ်တော့ ဆီတွေကမရောက်တော့ ခက်ကုန်တာပေါ့” လို့ ပြောပါတယ်။ ဒါကြောင့် လတ်တလော မြစ်ကြီးနားမြို့ထဲကို စက်သုံးဆီအဝင်ရပ်တန့်သွားတာ တစ်လကျော်ရှိလာပြီး မြို့တွင်း ဆီဆိုင်ကြီးတွေဟာ လက်ကျန်ဆီတွေကို အကန့်သတ်နဲ့ရောင်းချပေးလာပြီး စျေးနှုန်းလည်း ပိုမြင့်တက်လာနေတာဖြစ်ပါတယ်။ မြန်မာ– တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ကြိုးစားနေသလို နယ်စပ်ဂိတ်ကိုလည်း ဖွင့်ထားပြီး တရုတ်တစ်သျှူးငှက်ပျောကားတွေ ထွက်ခွင့်ပေးနေပြီဖြစ်ပါတယ်။ သို့သော် တရုတ်နိုင်ငံဘက်က ငှက်ပျောကားအဝင်သာ လက်ခံပြီး စက်သံးဆီ၊လူသုံးကုန်ကားတွေကို မြန်မာဘက်ခြမ်းထွက်ခွင့်မပေးသေးပဲ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
25 Novemberသတင်း
ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး KIO အရာရှိ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့အင်္ဂါရပ်နဲ့ ပြည်သူ့စုံတဲ့ အုပ်ချုပ်ရေးစနစ်တွေဖွဲ့စည်းပြီး…
Read More » -
25 Novemberသတင်း
တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
25 Novemberသတင်း
ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စည်ပင်စျေးထဲမှာဖွင့်လှစ်ထားတဲ့ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ယဥ်ခိုင်ရဲ့ကား(Crown White Color) နိုဝင်ဘာ ၂၄ရက်နေ့ မနက်ပိုင်းမှာ လုယက်ခံလိုက်ရပြီး ရွှေသား ပိသာ ၃၀၀ ကျော်နဲ့ငွေသား သိန်း ၈၀ ကျော်ပါသွားကြောင်း ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနီးတဲ့အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “သူ့ရွှေဆိုင်က ကောင်ကထောင်မှာအိမ်ကတော့ပန်းလှိုင်ရပ်ကွက်မှာအဝေးကြီးပဲ အိမ်ကနေရွှေဆိုင်ကို အထွက်အိမ်ရှေ့မှာလုခံလိုက်ရတာ ပိုင်ရှင်ကရေနွေး ဓာတ်ဗူးမေ့ကျန်ခဲ့လို့ အိမ်ထဲခနဝင်ယူတဲ့အခါ ကားကိုတခါတည်းမောင်းပြေးသွားတာ ကားကသော့တန်းလန်းနဲ့ဆိုတော့ တစ်ခါတည်းမောင်းပြေးသွားတာ အကုန်ပါသွားတယ်”လို့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ကားလုယက်သွားသူတွေဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦးဖြစ်ပြီး ပူတာအိုမြို့အထွက်ဘက် အထက်ဆန်ခေါင်ကျေးရွာဘက်ကိုမောင်းပြေးသွားတာလို့ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့ နီးစပ်ရာပတ်ဝန်းလူတွေက ကားမောင်းပြေးသွားတဲ့ အထက်ဆန်ခေါင်ဘက်ကိုလိုက်လံစုံစမ်းရာမှာတော့ ကားကိုပြန်တွေ့ပေမယ့် ရွှေနဲ့ငွေသားတွေကိုပြန်မရတော့ဘဲ လုယက်သူတွေလည်းလွတ်မြောက်နေဆဲလို့ နောက်ထပ် ကောင်ကထောင်ရပ်ကွက် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ကားကတော့ပြန်တွေ့တယ် ဆန်ခေါင်သွားတဲ့လမ်းမှာ လမ်းဘေးမှာထိုးရပ်ထားတာ ပစ္စည်းတော့မရတော့ဘူး ဘယ်သူဘယ်ဝါတွေလည်းခုထိမသိရသေးဘူး”လို့ ပြောပါတယ်။ ဇမ္မူရာဇ်ရွှေဆိုင်က်ိုတော့ ဒီကနေ့မှာပြန်ဖွင့်နေပေမယ့် ငွေလွဲ၊ငွေထုတ်တစ်ခုတည်းသာရတော့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဖားကန့်၊ဗန်းမော်၊ မိုးညှင်းစတဲ့မြို့နယ်တွေထဲမှာ ရွှေဆိုင်ဓားပြတိုက်ခံရတာ၊အခုလိုလုယက်ခံရတာတွေမကြာခနဖြစ်ပွားနေပေမယ့် ပူတာအိုမြို့နယ်ထဲမှာတော့ယခုတစ်ကြိမ်ဟာ ပထမဆုံးကြိမ် လုယက်ခံရတာလို့သိရပါတယ်။ By – Zaw Zaw
Read More » -
23 Novemberသတင်း
NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။ “ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆိုကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ “အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့အခုလိုဂိတ်တွေဘာတွေထိုင်လို့ရလာနေတာ နဂိုယုန်းအောင်အဖွဲ့ကတော့ဒါမျိုးမရှိဘူး ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကိုအခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေလက်ရှိ NSCN-K နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »









