စစ်ရေး
-
Apr- 2024 -6 April
ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့…
Read More » -
5 April
နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား
မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မိုးကောင်းမြို့နယ်ထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ SNA တပ်တွေဟာ ဆေးရုံအဆောက်အဦးထဲ ဝင်ရောက်တပ်စွဲနေပြီး ဆေးရုံရှေ့လမ်းမမှာတော့ လမ်းသွားလမ်းလာသူပြည်သူတွေကို စစ်ဆေးပြီး အခွန်ကောက်ခံနေတယ်လို့ နန်းခွင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနက်ကနေ တပ်စွဲထားတယ် အရင်လို SNA ဝတ်စုံနဲ့မဟုတ်ဘူး အရပ်ဝတ် အပြင်ကျည်ကာလိုမျိုး အမည်းရောင် ဝတ်စုံနဲ့နေကြတယ်။ ဟုတ်တယ် ဆေးရုံအရှေ့မှာဆေးရုံက ပြည်ထောင်စု ကားလမ်းမကြီးနံဘေးမှာကားတွေကို ထွက်တားပြီး ငွေကောက်နေတာ”လို့ပြောပါတယ်။ လက်ရှိ SNA တပ်ဖွဲ့ဝင်ရောက်တပ်စွဲနေရာယူနေတဲ့ ဆေးရုံဟာ ရပ်ကွက်(၆) ရွှေနန်းမြေလမ်းမထိပ်မှာရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ဆေးရုံဖြစ်ပြီး ဖွင့်ပွဲမကျင်းပရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ SNA တပ်ဖွဲ့ဆေးရုံမှာတပ်စွဲနေရာယူလိုက်တဲ့နောက် မနက်ပိုင်း ၇ ခွဲဝန်းကျင်မှာ နန်းခွင်ခန်းမဆောင်အနီး လက်နက်ကြီး နှစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်တာတွေတော့မရှိဘူးလို့ ဒေသခံတစ်ဦးက ခုလိုဆကပြောပါတယ်။ “ဆေးရုံနဲ့ ကျေးရွာခန်းမကြီးနဲ့က မဝေးဘူး လမ်းတစ်လမ်းကျော်ပဲ မနက်ဘယ်အဖွဲ့ပစ်တာလဲတော့ မသိဘူး လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာလည်းရှိတယ် လူအထိအခိုက်တော့ မရှိဘူး”လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ နန်းခွင်ဆေးရုံသစ်မှာ ဝင်ရောက်တပ်စွဲနေတဲ့ SNA တပ်ဖွဲ့ ဟာ စုစုပေါင်း အင်အား ၂၀ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင် နန်းခွင်တံတားအဆင်းမှာ စစ်ကောင်စီနဲ့ ပင်းဘောပြည်သူ့စစ်တွေ ပူးပေါင်းပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိလည်းရှိခဲ့ပါတယ်။ အဲဒီနောက် SAN တပ်တွေဟာ နန်းခွင်ရွာကနေ ထွက်ခွာသွားကြပေမယ့် မတ်လ လဆန်းပိုင်းကနေစပြီး ပြန်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ နန်းခွင်ရွာဟာ မိုးကောင်းမြို့နယ်နဲ့မြို့နယ်မြို့နယ်ကြားမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာလေးဖြစ်ပါတယ်။ By – Zami
Read More » -
5 April
ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၅ ရက်နေ့ ဒီမနက်မှာတော့ မိုးလင်းတာနဲ့တစ်ပြိုင်နက် ကျောက်စခန်းရွာ( ခဝမ်ဘန်)မှာ ရှိတဲ့ပြည်သူတွေအားလုံး မိုးမောက်၊ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်ကိုတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကျောက်စခန်းရွာကဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အခုလိုဖြစ်ရပ်မျိုးတစ်ခေါက်မှမကြံဖူးဘူး ဒီမနက်ထွက်လို့ရတဲ့ အချိန်တစ်ခါတည်းထွက်လာခဲ့တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဲ မှတ်ပုံတင်တောင်မယူနိုင်ခဲ့ဘူး ခုတော့ ဆွေမျိုးအိမ်မှာသူတို့ကျွေးတာစားပြီးနေနေတာပေါ့”လို့ပြောပါတယ်။ ရွာသားတွေထွက်ခွာသွားပြီးနောက် ဒီမနက် ၉ ခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်ကလေယာဉ်နဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပြပါတယ်။ “သုံးယောက်တော့ ထိတယ် မှိုင်းထိလား သေနတ်ထိလားတော့မသိဘူး ကလေးတစ်ယောက်က လက်မှာ မှိုင်းစထိတယ် နောက်နှစ်ယောက်ကတော့ ခြေထောက်မှာထိတယ်”လို့ဆိုပါတယ်။ ကျောက်စခန်းရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာထဲကနေအိမ်တော်တော်များများလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမောက်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်စခန်းရွာဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေက မတ်လ ၂ ရက်နေ့ ၆ နာရီလောက်မှာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတော့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်စခန်းရွာဟာ အိမ်ခြေ ၁၆၀ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် ၇၀၀ ဝန်းကျင်ရှိတာဖြစ်တယ်လို့ ကျောက်စခန်းရွာ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ By – Hope
Read More » -
5 April
ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေပိတ်စို့တိုက်ခိုက်မှုကြောင့် လက်ရှိကျွန်းကုန်းကျေးရွာထဲမှာရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၇၅၃ တပ်နဲ့ တောင်တွတ်ဘက်ကဆင်းလာတဲ့စစ်ကောင်စီစစ်သားတွေနဲ့ ပျူစောထီးတွေစုစုပေါင်း အင်အား ၂၀၀ ကျော်ပိတ်မိနေတာဖြစ်ပြီး ဒီအဖွဲ့တွေကိုကယ်ထုတ်ဖို့ စစ်တပ်က ကျွန်းကုန်းနဲ့ မနောသာကျေးရွာတွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်းPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုမ္မလင်း ဖောင်းပြင်နယ်စပ်က ဟုမ္မလင်းထဲက ကျွန်းကုန်းကို ၃၀ ရက်နေ့ကစတိုက်ခဲ့တာ အခုဆိုရင် ၇ရက်ရှိနေပြီ အဲ့ထဲမှာရဲဘော် ၅ ယောက်ထိပြီး တစ်ယောက်ကျတယ်။ ပြည်သူခြောက်ယောက်ထိတာတစ်ယောက်သေတယ်ဗျ ဟုမ္မလင်းကတက်တဲ့ MI 2 နဲ့ပစ်တဲ့ဟာက ရဲဘော်လေးယောက်ထိတာ တစ်ယောက်ကျတယ် တံတားဦးကတက်လာတဲ့ဂျက်ဖိုက်တာနဲ့က ပြည်သူခြောက်ယောက်ထိပြီးတစ်ယောက်သေတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျွန်းကုန်းထဲပိတ်မိနေတဲ့အဖွဲ့တွေကိုကယ်ထုတ်ဖို့ ဧပြီ ၁ ရက်နေ့က ဂျက်ဖိုက်တာတစ်စီးနဲ့ တစ်ရက်တည်း ၃ ကြိမ်၊ ဧပြီ ၂ ရက်နေ့က ဟုမ္မလင်း လေတပ်က MI 2 နဲ့ ၃ ကြိမ်၊ ဧပြီ ၃ ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ်၊ မနေ့က MI 2 နဲ့ ၄ ကြိမ်နှင့် ဒီကနေ့ ၁၂ နာရီ အချိန် မွာ MI 2 နဲ့နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟုမ္မလင်းPDF ထဲက ရဲဘော်တစ်ဦးနှင့် ကျွန်းကုန်းကျေးရွာထဲ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းသေဆုံးခဲ့တဲ့ အပြင်နေအိမ်တွေလည်းထိခိုက်ပျက်စီးတာတွေရှိသွားတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ တာဝန်ရှိသူ ကဆက်ပြောပါတယ်။ “အဓိကတိုက်ခိုက်တာတော့မနောသာနဲ့ကျွန်းကုန်းများတယ်ဗျ ရွာချင်းဆက်ထားတာဆိုတော့ သူတို့အများဆုံးပစ်တာကရွာထဲတွေပဲဗျနေအိမ်တွေဘာတွေထိခိုက်ပျက်စီးမှုကတော့ ကျွန်တော်တို့စာရင်းအတိအကျမရသေးဘူးဗျ ခြေမှုန်းရေးဝင်နေတုန်းဆိုတော့ မြေပြင်သတင်းယူလို့မရသေးဘူးဗျ အိမ်တွေပျက်စီးမှုကတော့ရှိတယ်ဗျ မနည်းဘူး မီးလောင်တာမျိုးတော့မရှိသေးဘူး”လို့သူကဆက်ပြောပါတယ်။ ကျွန်းကုန်းကျေးရွာကိုပိတ်စို့တိုက်ခိုက်နေတဲ့ အဖွဲ့တွေဟာ ခန္တီးခရိုင် တပ်ရင်း ၁၊တပ်ရင်း ၂၊ တပ်ရင်း ၃၊ ဖောင်းပြင်ခရိုင်တပ်ရင်း ၁ အပြင်အခြား ဟုမ္မလင်း အခြားPDF တွေလည်းပါဝင်ပြီး ဧပြီ ၁ရက်နေ့ကလည်းSNAနဲ့ စစ်ကောင်စီစစ်သားတွေတပ်ထိုင်ထားတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ရွာတို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်က ကျွန်းကုန်းလက်မလွတ်ရေး လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် ကုန်းကြောင်းနေကလည်း ဟုမ္မလင်း၊ ကသာ စတဲ့မြို့နယ်တွေဘက်ကနေစစ်သားအင်အား အများအပြားနဲ့စစ်ကူတွေပို့နေတယ်လို့သိပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
5 April
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဧပြီ ၅ ရက်နေ့ ဒီနေ့အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲပိတ်ထားတာ မြစ်ကြီးနားဘက်တက်လာမယ့်သူတွေလည်းတက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေဆင်းလာမယ့်ကားတွေလည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။ ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီးကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး မန္တလေးကနေမြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကိုဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ “ကောလင်းအထိသွားလို့ရတယ်ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်းလေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်းစီနေတယ်”ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။ ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိကချင်ပြည်နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေစျေးတက်နေပြီးစက်သုံးဆီရှားပါးလာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကားလမ်းမကြာခနပိတ်ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း တစ်ပတ်ဝန်းကျင်ကားလမ်းသွားလာခွင့်ပိတ်ဆို့ထားတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာလည်း အနည်းဆုံး ၁၀ ရက်ထက်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ By – Zaw Zaw
Read More » -
4 April
လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်
“စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။ ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။
Read More » -
4 April
ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချစစ်ဆေးဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို တစ်ချို့ကတော့ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “တော်တော်များများတော့ တူးနေကြပြီ တစ်ချို့ကျတော့လည်း လူငှားလို့မရတာရယ် ငွေကြေးအဆင်မပြေတာတွေရယ် အခုလည်းပိုက်ဆံတွေတစ်အားတောင်းတာ တစ်သိန်းအောက်မရဘူး။ ဟိုတုန်းကဆိုရင် သုံးလေးသောင်းဆိုရနိုင်တယ် အခုက ၁သိန်းကနေ ၄ သိန်းထိရှိတယ် ကျင်းက ကြီးရင်ကြီးသလိုပေးရတယ်၊ အဲ့တာကျင်းတူးခဘဲရှိသေးတာနော် အပေါ်မှာ အုပ်မဲ့ဟာတွေနဲ့ဆို ငါးသောင်းခြောက်သောင်းလောက်ပြန်ကုန်အုံးမှာ ကြိုတင်ပြင်ဆင်နေကြတာ ဟုတ်တယ် ”လို့ပြောပါတယ်။ ဗန်းမော်ဒေသခံတွေဟာ ကတုတ်ကျင်းတူးရာ အနက် ၅ပေ အကျယ် ၇ပေ လောက်ကို အနည်းဆုံး ၁ သိန်း ပေးရတာဖြစ်ပြီး ကျင်းအကျယ်အဝန်းအလိုက် သုံးလေးသိန်းထိ ပေးတူးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခြေအနေ ကောလဟာလအမျိုးမျိုးကြောင့် တစ်ခြားမြို့တွေဆီ ထွက်ပြေးတိမ်းရှာင်သူတွေများလာတဲ့အလျောက် ကားခတွေလည်းအရင်ကထက်ဈေးမြင့်တက်သွားပြီလို့ ဒေသခံတစ်ယောက်က ဆက်ပြောပါတယ်။ “ဒီမနက်ဆိုရင် မန်းလေးထိကို ၁သိန်း၂သောင်း ခါတိုင်း သောင်းဂဏန်းဘဲလေ ဟိုတစ်လောကဆိုရင် ၁သိန်းဘဲရှိသေးတာ ဒီရက်တွေက နီးလာတာနဲ့အမျှ ဈေးတွေကလည်းတက်တက်နေတယ် အဲ့တော့လည်း ဘယ်လိုကနေဘယ်လိုရှာကြံ ချေးငှားပြီးသွားရမလဲ ရှိတဲ့သူတွေကတစ်မျိုးပေါ့၊ ဒီနေ့လည်း မြို့ကနေထွက်တဲ့သူတွေက ကားတွေအပြည့်ဘဲ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တွေ တော်တော်များများပိတ်ထားတယ်လို့သိရပြီး ဒေသခံရဲ့ပြောပြချက်အရ တစ်ချို့ ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး ဗန်းမော်ခရိုင် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကိုလည်း တိုက်ပွဲတွေဦးတည်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်း အဓိက အချက်ချာကျတဲ့မြို့ဖြစ်ပြီး အစိုးရခရိုင်စိုက်ရာမြို့ဖြစ်တဲ့အပြင် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လည်း ပြောလို့ရသလို ကချင်ပြည်နယ်ထဲက သင်္ဘောဆိပ်ဆိုက်ရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လက်ရှိ ဗန်းမော်မြို့ကို အဖက်ဖက်ကနေ အင်အားတွေစုစည်းနေပြီး ခံစစ်သဘောနဲ့ပြင်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းလည်း ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့သလို တစ်လဝန်းကျင်ကြာလာပြီဖြစ်တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ရဲ့စခန်း ၆၀ ကျော်သိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။ By – Bu Bu
Read More » -
Mar- 2024 -19 March
ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ
ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ တတ်ိယအပတ်ကစပြီး ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့မှာ စစ်တပ်ကအုပ်ချုပ်ရေးမှူးတစ်ဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့ပြီး စာရင်းစကောက်ယူနေတဲ့အပြင် ဗန်းမော်မြို့မှာဆို စာရင်းကောက်ယူမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဗန်းမော်ခရိုင်မှာကတော့ အုပ်စုက ၅၈ အုပ်စုရှိတယ် အဲထဲမှာရပ်ကွက်ကျေးရွာတွေပါတယ် ဒီအုပ်စုအားလုံးထဲက ပထမအကြိမ် အသက် ၃၀ –၃၅ ကြားတွေကို စာရင်းအရင်ကောက်ပြီး နောက်ဒုတိယအကြိမ် ၃၀ အောက်တွေကို ပြန်ကောက်မှာဖြစ်ပြီး တစ်ရပ်ကွက်ကို အနည်းဆုံး ၂၀ ယောက်စုဆောင်းသွားမယ်လို့ သိရတယ်”လို့ပြောပါတယ်။ ဗန်းမော်ခရိုင်ထဲက မြို့နယ် ၄ ခုလုံးမှာရှိတဲ့ ရပ်ကျေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေကို မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းလာပေးဖို့ စာနဲ့တကွထုတ်ပြန်ပြောကြားထားတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသ နန့်မွန်းကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့ကစပြီး စစ်မှုထမ်းဖို့နာမည်စာရင်းတွေစတင်ကောက်ယူနေတဲ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ အမည်စာရင်းလာမပေးတဲ့သူတွေကို ခြိမ်းခြောက်တာတွေကိုပါလုပ်နေတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။ “သူတို့ကတော့ တစ်ရပ်ကွက်ကို ၂ယောက်နှုန်းနဲ့ခေါ်ဖို့လုပ်နေကြတယ် အဲကအုပ်ချုပ်ရေးမူးတို့ ရာအိမ်မှူးတို့ကတော့ ဖုန်းဆက်ပြီးခေါ်တယ် မှတ်ပုံတင်ကတ်ရောယူခဲ့ခိုင်းတယ် မလာရင်တော့ တစ်ခုခုဖြစ်ရင်တာဝန်မယူဘူးဆိုပြီး ခြိမ်းခြောက်တယ်” ဆိုပါတယ်။ နန့်မွန်းကျေးရွာကတော့ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး လူငယ်အရေအတွက်ကတော့ နှစ်ထောင်ဝန်းကျင်ရှိတယ်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ပါတယ်။ အခုလို အင်းတော်ကြီးဒေသမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဉပဒေကို အသက်ဝင်လာအောင်ကူညီပေးနေမှုအပေါ် အင်းတော်ကြီးက Indawgyi People Defence Force – IDG…
Read More »







