စစ်ရေးသတင်း

ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ

ကချင်ပြည်နယ်ထဲက  မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။

မတ်လ တတ်ိယအပတ်ကစပြီး ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့မှာ စစ်တပ်ကအုပ်ချုပ်ရေးမှူးတစ်ဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့ပြီး စာရင်းစကောက်ယူနေတဲ့အပြင် ဗန်းမော်မြို့မှာဆို စာရင်းကောက်ယူမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

ဗန်းမော်ခရိုင်မှာကတော့ အုပ်စုက ၅၈ အုပ်စုရှိတယ် အဲထဲမှာရပ်ကွက်ကျေးရွာတွေပါတယ် ဒီအုပ်စုအားလုံးထဲက ပထမအကြိမ် အသက် ၃၀ –၃၅ ကြားတွေကို စာရင်းအရင်ကောက်ပြီး နောက်ဒုတိယအကြိမ် ၃၀ အောက်တွေကို ပြန်ကောက်မှာဖြစ်ပြီး တစ်ရပ်ကွက်ကို အနည်းဆုံး ၂၀ ယောက်စုဆောင်းသွားမယ်လို့ သိရတယ်လို့ပြောပါတယ်။

ဗန်းမော်ခရိုင်ထဲက မြို့နယ်  ခုလုံးမှာရှိတဲ့ ရပ်ကျေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေကို မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းလာပေးဖို့ စာနဲ့တကွထုတ်ပြန်ပြောကြားထားတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

အလားတူ မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသ နန့်မွန်းကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့ကစပြီး စစ်မှုထမ်းဖို့နာမည်စာရင်းတွေစတင်ကောက်ယူနေတဲ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့  အမည်စာရင်းလာမပေးတဲ့သူတွေကို ခြိမ်းခြောက်တာတွေကိုပါလုပ်နေတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။

သူတို့ကတော့ တစ်ရပ်ကွက်ကို ၂ယောက်နှုန်းနဲ့ခေါ်ဖို့လုပ်နေကြတယ် အဲကအုပ်ချုပ်ရေးမူးတို့ ရာအိမ်မှူးတို့ကတော့ ဖုန်းဆက်ပြီးခေါ်တယ် မှတ်ပုံတင်ကတ်ရောယူခဲ့ခိုင်းတယ် မလာရင်တော့ တစ်ခုခုဖြစ်ရင်တာဝန်မယူဘူးဆိုပြီး ခြိမ်းခြောက်တယ်” ဆိုပါတယ်။

နန့်မွန်းကျေးရွာကတော့ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး လူငယ်အရေအတွက်ကတော့ နှစ်ထောင်ဝန်းကျင်ရှိတယ်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ပါတယ်။

အခုလို  အင်းတော်ကြီးဒေသမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဉပဒေကို အသက်ဝင်လာအောင်ကူညီပေးနေမှုအပေါ် အင်းတော်ကြီးက Indawgyi People Defence Force – IDG -PDF တွေဘက်က ရပ်တန့်ပေးဖို့ မတ်လ ၁၇ရက်နေ့က သတိပေးစာထုတ်ပြန်ထားတဲ့အပြင် ပါဝင်ကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူတုံ့ပြန်ဖို့ ရှိတယ်လို့  Indawgyi People Defence Force – IDG -PDF အဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

ဒါအပြင် လူငယ်တွေအနေနဲ့လည်း စစ်တပ်နဲ့ ပူးပေါင်းခြင်းမပြုလုပ်ဖို့နဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲဝင်တွေဆီကို ခိုလုံနိုင်တယ်လို့ ပြောပါတယ်။ဒါကြောင့် မိဘပြည်သူတွေအနေနဲ့လည်း မကြောက်မရွံရဲရဲစွာ ရင်ဆိုင်ပြီး အမှားအမှန်ကို သေချာခွဲခြားပြီး အမှန်တရားဘက်ကနေ ရပ်တည်ပါဆိုပြီး သူကခုလို ဆက်ပြောပါတယ်။

ပြည်သူတွေကို စကားပါးချင်တာက စစ်ကောင်စီဘက်က ရှုုံးနေလို့ ခုလိုပြည်သူတွေကို အတင်းအကျပ်လုပ်ယူနေတာ ဖြစ်ပါတယ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနေခဲ့ကြတာ အခုအဲလိုနေလို့မရတော့ပါဘူး ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့လမ်းကိုရွေးကြပါလို့ တချို့က ကြောက်လို့ ဝင်သွားကြရတာပါဆိုတဲ့ စကားကို ပြောကြတယ်အဲဒါကိုက အရမ်းကို မှားတဲ့ လုပ်ရပ်ပါဆိုပြီး ပြည်သူတွေကို အသိပေးနိုးဆော်ထားပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့မှာလည်း မတ်လ ၁၈ ရက်ညကစပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်စာတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီလို သတင်းထွက်ပေါ်လာမှုအပေါ် မြစ်ကြီးနာမြို့ အခြေစိုက် People’s Defense Forces-NBPDFတာဝန်ခံကို KNGဘက်က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ခုလိုဆိုပါတယ်။

ကျွန်တော်တို့ဘက်ကတော့ စစ်မှုထမ်းဉပဒေထွက်တဲ့အချိန်ကနေ စစ်ကောင်စီတွေကို ကူညီရင် ထိရောက်စွာ အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပြီးသားပေါ့ ဆိုတော့ခုထွက်လာတဲ့ဟာက လော်ဘီပုံစံမျိုးလည်း ဖြစ်နိုင်တယ် ကျွန်တော်တို့ဘက်က အတည်ပြုကြည့်ရသလောက်တော့ ဖြစ်နိုင်ချေနည်းတာပေါ့ ဆက်လက်ပြီးမှတော့ စုံစမ်းနေပါတယ်လို့ပြောပါတယ်။

 အလားတူဘဲ ကချင်– စစ်ကိုင်းအစပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ထဲမှာစစ်ကောင်စီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် လူနေအိမ်တွေဆီကို တစ်အိမ်တက် တစ်အိမ်ဆင်းပြီးပြည့်သူ့ စစ်မှုးထမ်းဖို့ နာမည်စာရင်းလာရောက်ပေးသွင်းတာတွေနဲ့ ပတ်သက်ပြီး ဆင့်ခေါ်စာတွေပို့နေတယ်လို့သိရပါတယ်။ 

လေရှီးမြို့ပေါ် ရပ်ကွက်တွေအပါအဝင် လေရှီးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီက မတ်လ ၁၅ ရက်နေ့ကနေစပြီး ပြည်သူ့စစ်မှုထမ်းဖို့ အရွယ်ရောက်သူတိုင်း စာမည်စာရင်းလာရောက်ပေးသွင်းကြဖို့ ဆင့်ခေါ်စာတွေလိုက်လံဖြန့်ဝေပေးခဲ့ပြီး ပျက်ကွက်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ အရေးယူတာတွေပြုလုပ်သွားမယ်လို့ပြောဆိုထားကြောင်းသိရပါတယ်။

ဒေသခံတွေပြောပြချက်အရ မနေ့က အထိလေရှီးမြို့နယ် ထွေအုပ်ရုံးမှာ ပြည်သူ့စစ်မှုထမ်းဖို့ နာမည်စာရင်းလာရောက်ပေးသွင်းနေသူတွေလည်း ရှိနေပြီး အဲ့ဒီထဲမှာအများစုက ကျေးရွာနေပြည်သူတွေ ဖြစ်နေတယ်လို့သိရပါတယ်။ လေရှီးမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီဝန်ထမ်းတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒေသခံပြည်သူတွေစုစုပေါင်းလူဦးရေ ၂၀၀ ကျော်နဲ့ ထောက်ခံပွဲ ပြူလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရဉပဒေပေါ်ပေါက်ပြီးနောက်မှာလည်း ကချင်ပြည်နယ် နေရာအနှံ့မှာ လူငယ်တွေ အကြောင်းမဲ့ အဖမ်းခံရတာပိုမိုများပြားလာတာဘဲ ဖြစ်ပါတယ်။ ဒီစစ်မှုမထမ်းမနေရဉပဒေကိုတော့ စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပြီး တစ်ဖက်မှာလည်း ဒီဥပဒေကို အသက်ဝင်အောင်ကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ချက်ထုတ်ထားတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button