ဆောင်းပါး

  • Aug- 2024 -
    23 August

    ကချင်ပြည်နယ်က ဖျက်ဆီးခံရတဲ့ သဘာဝရဲ့တုံ့ပြန်မှု 

    ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့…

    Read More »
  • 16 August

    တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့

    အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။ ကွတ်ခိုင်မြို့ရဲ့ စည်ကားလှတဲ့ ကတ္တရာလမ်းမကြီးတစ်လျှောက်မှာ အခုတော့ လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေပြီးပဲ့တင်ထပ်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့…

    Read More »
  • Jul- 2024 -
    10 July

    နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

    “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

    Read More »
  • 10 July

    ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး

    “အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ ဖြစ်ဖြစ်ရှိနေတတ်တယ် ခံပြင်းတဲ့စိတ်နဲ့ ကြိုးစားလို့ရှိရင် အခွင့်အရေးက ကိုယ်ဆီရောက်လာလိမ့်မယ်” လူငယ်တွေကို ခွန်အားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြံပေးစကားကို ပြောခဲ့တဲ့သူကတော့ လက်ရှိ ဩစတေးလျ (Australia) နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ (The…

    Read More »
  • 6 July

    ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ

    ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ…

    Read More »
  • Jun- 2024 -
    18 June

    တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ

    “ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
  • 17 June

    ကချင်ဒေသ တိုက်ပွဲအရှိန်မြင့်လာသည်နှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ပိုများလာ

    မိုးမောက်မြို့တွင်လည်း အရပ်သား (၁၁) ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အမျိုးသမီး (၃)ဦးနှင့် ကလေးသူငယ် (၃)ဦး ပါဝင်ကြောင်း ပြုစုထားသည့် စာရင်းအရ သိရှိရသည်။

    Read More »
  • May- 2024 -
    30 May

    တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ရနေတဲ့ ရမ်ပူရပ်ကွက် မူးယစ်ဈေးတန်း

    ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးနဲ့ ၁၅ မိနစ်ခန့်သာဝေးတဲ့ မြို့ပေါ်ရပ်ကွက်လို့ပြောလို့ရတဲ့ ရပ်ကွက်တစ်ခုဖြစ်ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေထဲမှာ အဆိုးဆုံးနေရာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်းမူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကိ သိသိရက်နဲ့ ဥပက္ခာပြုနေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။

    Read More »
  • 21 May

    စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့

    ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိပါတယ်။ NLD လက်ထက်မှာတုန်းကလည်း ကြုံခဲ့ရတယ် ဒါပေမယ့်အဲ့တုန်းက အနီးစပ်ဆုံး ဆိုရင် ဓာတ်ဆီတစ်ပုလင်း ၁၂၀၀၀ အလွန်ဆုံးစျေးတက်ခဲ့တယ်။ သွားသွားလာလာရသေးတယ် အခုဟာက အထိန်းအကွပ် မရှိတော့ဘူး။…

    Read More »
  • Apr- 2024 -
    29 April

    ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ

    စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဆော့လောမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ မျောမော ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်…

    Read More »
Back to top button