လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း

  • Dec- 2025 -
    8 December

    ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ‌ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့  ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • Sep- 2025 -
    23 September

    မြစ်ဆုံ – တန်ဖရဲလမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး သွားခွင့်ပိတ်ပင်နေ

    မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်ကောင်စီတပ်တွေက ဂိတ်တွေထပ်တိုးထားကာ စစ်ဆေးမှုတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ အဲဒီလမ်းပိုင်းနေ ပြည်သူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ မြစ်ဆုံတစ်ဝိုက်မှာ စစ်ကောင်စီတပ် ဂိတ်စခန်းတွေ ထပ်တိုးထားပြီး သွားလာခွင့်ကိုလည်း…

    Read More »
  • 19 September

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့…

    Read More »
  • 18 September

    လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်

    ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…

    Read More »
  • 9 September

    စစ်သင်္ဘောစုန်ဆင်းချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုထဲ အမျိုးသမီး ၇ ဦးပါဝင် 

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေစုန်ဆင်းသွားချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦးအထိပါဝင်သေဆုံးသွားခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သူတွေကပြောပါတယ်။ အဲ့ဒီသေဆုံးသူအမျိုးသမီး ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ဆယ်ကျော်သက် မိန်းကလေးငယ် ၃ ဦးအထိပါဝင် တယ်လို့သိရပြီး…

    Read More »
  • 5 September

    ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂…

    Read More »
  • Aug- 2025 -
    31 August

    လန်ဆယ်မှာ အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရမှု KIA အရာရှိဘက်က တောင်းပန်ပြီး ယွမ်ငွေတစ်သောင်းနဲ့ နှစ်ဖက်ကျေအေး

    ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်‌မြို့  အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့တဲ့အမှုမှာ KIA အရာရှိက ပြန်လည်တောင်းပန်လိုက်တဲ့အတွက် နှစ်ဖက်ကျေအေးမှုရရှိပြီလို့ ဒေသခံ‌တွေပြောပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့ လန်ဆယ်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ KIA အရာရှိ ဗိုလ်မှူးလဖိုင်ဂျာလီအောင်နဲ့ လန်ဆယ်မှာအလုပ်လာ ရောက်လုပ်ကိုင်နေတဲ့…

    Read More »
  • 30 August

    လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ဝိုင်းပြီးရိုက်နှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ ဩဂုတ်လ ၂၉ ရက်…

    Read More »
  • 25 August

    ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ‌ ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…

    Read More »
  • 8 August

    စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး KBC ဘုရားကျောင်းဝင်းထဲကျပြီး စစ်ရှောင် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

    တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်က စစ်မျက်နှာမဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေသလို  ဩဂုတ်လ ၇ ရက်နေ့ တစ်ညထဲမှာပဲ လက်နက်ကြီးကျမှန်ပြီး စစ်ရှောင်တသေဆုံးကာ ၅ ဦးဏ်ရာရရှိခဲ့ပါတယ်။ မနေ့ည ၉ နာရီခွဲအချိန်…

    Read More »
Back to top button