ဖမ်းဆီးခံရမှု

  • Jun- 2026 -
    10 June

    SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး

    မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။

    Read More »
  • 10 June

    SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး

    မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ “မလွှတ်သေးဘူး အုပ်ချုပ်ရေးမှူးရောဖမ်းသွားတာဟုတ်တယ် ဒီနေ့ထိတော့ မလွှတ်သေးဘူး”လို့ မိုးကောင်းဒေသခံတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့တွေကိုထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ  ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။ ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။ “နောက်ဆုံးသိရတာတော့ စစ်ကြောရေးမှာသတိမေ့နေတယ်ဆိုတာ သိရတယ်။ ဒီကနေ့အထိ အခြေနေမသိရသေးဘူး”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။ အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး  ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • May- 2026 -
    28 May

    မင်းဇေသန့်အဖွဲ့ ဒရုန်းတိုက်ခိုက်ရေးသမားတစ်ဦး KIA ဖမ်းဆီး

    ဖားကန့်မြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းဆရာတစ်ဦးကို KIA ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    Read More »
  • 19 May

    ဖမ်းဆီးခံထားရတဲ့ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေမှူး လွတ်မြောက်လာခြင်းမရှိသေး

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။

    Read More »
  • 13 May

    ဖမ်းဆီးခံထားရတဲ့ ‘မိုင်’ ဆေးခန်းက ဒေါက်တာနဲ့ လူနာတွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ

    ဖားကန့်မှာ ဧပြီလအတွင်း စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင် (Mai) ဆေးခန်းက ဒေါက်တာရာဇာထွန်းအပါအဝင် ဆရာဝန်တစ်ချို့နဲ့  ဦးဇော်မိုးတို့ လွတ်မြောက်လာခြင်းမရှိသေးဘဲ သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၁ ရက်နေ့ စစ်ကြောင်းထိုးလာချိန် လုံးခင်း…

    Read More »
  • 8 May

    ထိန်းသိမ်းခံထားရတဲ့ MGM Director မရန်ဆိုင်းနော်အမှုကို သက်ညာပေးဖို့ ကချင်အနုပညာရှင်များ တောင်းဆို

    Miss Grand Myanmar အလှမယ် ပြိုင်ပွဲ စီစဉ် ကျင်းပသူ National Director ဖြစ်တဲ့ Maran Seng Naw (မရန်ဆိုင်းနော်) အပါ ၄ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထားတာ ၃…

    Read More »
  • Apr- 2026 -
    28 April

    ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်းလွှတ်မြောက်ခြင်းမရှိသေး

    ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်းတစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက ဖမ်းဆီးခံရသူတွေ အများပိုင်းလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

    Read More »
  • 26 April

    ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး

    ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။

    Read More »
  • 25 April

    ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ

    မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။

    Read More »
  • 22 April

    ဖားကန့်မှာ ဆေးရုံတစ်ခုစီးနင်းခံရပြီး ဆရာဝန်အပါ အယောက် ၂၀ ခန့်ဖမ်းဆီးခံရ

    ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာရှိ မိုင်ဆေးရုံက ဒေါက်တာ ရာဇာထွန်းနဲ့ ဆေးဝန်ထမ်း အယောက် ၂၀ ဦးကို ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

    Read More »
Back to top button