ဖမ်းဆီးခံရမှု

  • Oct- 2026 -
    21 October

    ဆားမှော်နဲ့ ထီးချိုင့်ရွာက ဒေသခံတွေ ရွာပြင်ထွက်ခွင့်ပိတ်ခံထားရ

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုထဲမှာ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့် ပိတ်ဆို့ထားတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Read More »
  • 15 October

    မြစ်ကြီးနားမှာ အမျိုးသမီးနဲ့ ကလေးတွေအပါ လူ ၂၀ ကျော် စစ်တပ်ဖမ်းဆီး

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက် (၄) မြစ်ကမ်းနားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ဒီနေ့ အောက်တိုဘာ ၁၅ ရက်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက…

    Read More »
  • 14 October

    ဖမ်းဆီးခံလူငယ်တွေကို တစ်နေကုန် စစ်သင်တန်းပေးပြီး ညဘက် အခန်းထဲပိတ်ခံထားရဟုဆို

    ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၇၀ ကျော်ကို တန်ဂူးတန် ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တစ်နေ့လုံး စစ်သင်တန်းပေးနေပြီး ညဘက်မှာတော့ အလုံပိတ်ထားတဲ့ အခန်းထဲ ထည့်ထားတယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။

    Read More »
  • Sep- 2026 -
    21 September

    ပူတာအိုမှာ လူငယ် ၂၀၀ ဝန်းကျင်ဖမ်းဆီးခံရ

    ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လူငယ် ၁၅၀ ထက်မနည်းဖမ်းဆီးခံထားရတယ်လို့ တန်ဂူးတန်ပြည်သူ့စစ်နဲ့နီးစပ်သူတွေ KNG ကို ပြောပါတယ်။

    Read More »
  • 17 September

    KIO အရာရှိ ၁၃ ဦး ပြစ်ဒဏ်စေ့ပြီ ပြန်လွတ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ KIO အရာရှိ ၁၃ ဦးဟာ ပြစ်ဒဏ်ကျခံပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ KIO နဲ့နီးစပ်သူတွေထံက သိရပါတယ်။…

    Read More »
  • Jul- 2026 -
    28 July

    လုံကောက်ဆရာတော် ဖမ်းဆီးခံရတဲ့သတင်း မှန်ကန်မှုမရှိဟုဆို

    ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ လုံကောက်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးနိန္ဒကို ဖမ်းဆီးခံရတယ်ဆိုတဲသတင်းဟာ မမှန်ကန်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ KNG ကိုပြောပါတယ်။

    Read More »
  • 10 July

    ဆားမှော်ကျေးရွာက ဖမ်းဆီးခံရသူတွေအားလုံး ပြန်လည် လွတ်မြောက်လာ

    ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော် ကျေးရွာက ဖမ်းဆီးခံရတဲ့ ပြည်သူတွေအားလုံး ပြန်လည် လွတ်မြောက်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၈ရက် ည ၈ခွဲအချိန် ကလေးသူငယ်နဲ့ ကျောင်းသား ၈ဦး၊ ၉ရက်နေ့ ၆ဦး၊ ဒီကနေ့…

    Read More »
  • Jun- 2026 -
    27 June

    ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးအရွေးမခံရတဲ့အတွက် ရွေးကောက်ခံရသူကို ဖမ်းဆီး

    မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှာ ရပ်ကွက်နေ ဒေသခံပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအား မကျေမနပ်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

    Read More »
  • 10 June

    SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး

    မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။

    Read More »
  • 10 June

    SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး

    မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့  ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ “မလွှတ်သေးဘူး အုပ်ချုပ်ရေးမှူးရောဖမ်းသွားတာဟုတ်တယ် ဒီနေ့ထိတော့ မလွှတ်သေးဘူး”လို့ မိုးကောင်းဒေသခံတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့တွေကိုထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ  ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။ ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။ “နောက်ဆုံးသိရတာတော့ စစ်ကြောရေးမှာသတိမေ့နေတယ်ဆိုတာ သိရတယ်။ ဒီကနေ့အထိ အခြေနေမသိရသေးဘူး”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။ အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး  ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
Back to top button