ဖမ်းဆီးခံရမှု

  • Dec- 2025 -
    10 December

    ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို  ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး  လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။ ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။ လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။ ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။ လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။ “Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • Sep- 2025 -
    24 September

    မြစ်ကြီးနားမြို့မှာ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိခဲ့တယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေနဲ့ လူမူကူညီရေးအသင်းတွေဆီကနေသိရပါတယ်။ ဖမ်းမိခဲ့တဲ့ ခိုးဆိုးလုယက်သူ ၁၀ ဦးထဲမှာ အသက်၂၀ ဝန်းကျင်အရွယ်လူငယ်အများဆုံးပါဝင်တယ်လို့သိရပြီး အဓိကဖမ်းဆီးအရေးယူမှုမရှိတဲ့အတွက် ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။…

    Read More »
  • 15 September

    ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန်…

    Read More »
  • 8 September

    ဖမ်းဆီးခံရတဲ့ ဟုမ္မလင်း  HPDF- 124 ခေါင်းဆောင် နဲ့ တပ်ဖွဲ့ဝင်တွေပြန်မလွတ်သေး

    ရှမ်းနီ PDF ဖွဲ့မည့်သတင်းကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့တပ်ဖွဲ့ဝင်တွေပြန်လည်လွတ် မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ HPDF- 124 ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ အတူတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့…

    Read More »
  • 1 September

    ဖားကန့်မှာ ၃ ရက်အတွင်း ဖမ်းဆီးခံရသူ ၃၅ ဦးအထိရှိလာ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စတင်လုပ်ဆောင်လာနေပြီး သုံးရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၅ ဦးအထိရှိလာတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၂၈ ရက်နေ့ကစတင်ပြီး ပန်းတင်တံတားမှာ လူငယ် ၁၀ ဦး၊…

    Read More »
  • Aug- 2025 -
    22 August

    လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများဆီက‌နေသိရပါတယ်။ လေရှီမြို့နယ်ထဲမှာစစ်ကောင်စီတပ်က ကျေးရွာထဲကလူငယ်တွေနဲ့ ခရီးသွားလာတဲ့နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာမျိုး ယခုလအတွင်းခပ်စိပ်စိပ်လုပ်ဆောင်လာနေကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ “သိရသလောက် ပြီးခဲ့တဲ့အပတ်မှာ လေးယောက်လောက်ဖမ်းသွားတယ်။ နှစ်ယောက်လုံးက လမ်းမှာဖမ်းခံရပြီးခေါ်သွားတာာ…

    Read More »
  • 21 August

    SNA တပ်  မတရားဖမ်းဆီးမှုကြောင့် လယ်လုပ်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွေမှာ SNA တပ်ရဲ့တပ်သားသစ် ဖမ်းဆီးမှုတွေကြောင့် ဒေသခံပြည်သူများ လယ်လုပ်ဖို့ ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံတပ်ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ မိုးညှင်းမြို့အဝင်ထွက်နဲ့ မြို့တွင်းလက်ဖက်ရည်ဆိုင်၊ wifi၊ ဘိလိယက်ခုံမှာရှိနေတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ်ဖမ်းဆီးတာအပြင် ခုနောက်ပိုင်း…

    Read More »
  • Jun- 2025 -
    11 June

    ကုမ္ပဏီဝန်းထမ်း ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

    ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ အေးဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ကုမ္ပဏီဝန်ထမ်း ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အေးဗားကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီဝင်းအတွင်းမှ ထွက်ခွာသွားဖို့ သတိပေးပြောဆိုထားပြီးနောက်…

    Read More »
  • 11 June

    ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အစကတော့ အသက် ၁၈နှစ်ကနေ ၃၅…

    Read More »
  • 10 June
    photo- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    ကချင်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းသားမိဘများအခက်တွေ့

    ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးမှုကြောင့် ကျောင်းကြို၊ကျောင်းပို့လုပ်နေရတဲ့ ကျောင်းသားမိဘတွေ အဖက်ဖက်ကနေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ…

    Read More »
Back to top button