လုံကောက်ဆရာတော် ဖမ်းဆီးခံရတဲ့သတင်း မှန်ကန်မှုမရှိဟုဆို

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ လုံကောက်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးနိန္ဒကို ဖမ်းဆီးခံရတယ်ဆိုတဲသတင်းဟာ မမှန်ကန်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ အင်းတော်ကြီးကန် အနောက်ဘက်ကမ်းရှိ လုံကောက်ကျေးရွာ ဆရာတော် ဦးနိန္ဒကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လက်နက်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒီသတင်းထဲမှာ ဆရာတော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာအပြင် KIA တပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းအတွင်းရှိ သင်္ကန်းတွေ ဖရိုဖရဲဖျက်စီးခဲ့တဲ့အတွက် အမြန်လွှတ်ပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။

ဆရာတော်က စာပေနဲ့ ယဉ်ကျေးမှုကို ပံ့ပိုးပေးတဲ့ ဆရာတော်ဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ် လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် KIA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးကလုံကောက်ကျေးရွာဘုန်းကြီးကျောင်းကိုကိုယ်တိုင်သွားရောက်ခဲ့ကြောင်းနဲ့ဒီသတင်းဟာမှန်ကန်မှုမရှိကြောင်းခုလိုပြောပါတယ်။

ဒီနေ့မနက် ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ ကာကွယ်ရေးအဖွဲ့တစ်ချို့လည်းပါတယ် ဆရာတော်ကို ကောင်းကောင်းမွန်မွန် တွေ့ခဲ့ပါတယ်။ ဆရာတော်က ဆုံးမစကားတွေ၊ လမ်းညွှန်စကားတွေ ပြောကြားခဲ့ပါတယ်။ အွန်လိုင်းမှာ ပျံ့နေတဲ့ သတင်းတွေကို မယုံကြဖို့ ပြောချင်ပါတယ်လို့ အဆိုပါသူက ပြောပါတယ်။

လုံကောက်ရွာ ဘုန်းကြီးကျောင်း ဖျက်ဆီးခံရပြီး ဆရာတော် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေဟာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဖြစ်လာစေရန် ရည်ရွယ်ဖြန့်ဝေတဲ့ သတင်းအမှားတွေ ဖြစ်နိုင်တဲ့အတွက် သတင်းတွေကို စီစစ်ပြီးယုံကြည်ဖို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ရှိနေပြီး KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေသလို၊ ဒေသတွင်း လူမှုအသိုင်းအဝိုင်းအကြား ထိခိုက်မှုမဖြစ်စေရေးအတွက် သတင်းအချက်အလက်တွေကို အတည်ပြုစစ်ဆေးဖို့ လိုအပ်နေတယ်လို့လည်း နောက်ထပ် အင်းတော်ကြီးဒေသခံတစ်ဦးက ခုလိုအကြံပြုပါတယ်။

တစ်ချို့ကလေ တမင်ရည်ရွယ်ချက်ရှိရှိဖြန့်နေတာ မဟုတ်တာကိုအဟုတ်လုပ်ပြီး ပြောကြတာတွေများတယ်။ပြီးရင် အဲလိုင်းမှာပြောနေတဲ့သူတွေရဲ့အကောင့်တွေကကြည့်ရင်  အကောင့်တုတွေပါလို့ ပြောပါတယ်။

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသဟာ ရှမ်းနီအမျိုးသားများတပ်မတော် SNA အားကောင်းတဲ့ဒေသတစ်ခုဖြစ်သလို KIA ပူးပေါင်းတပ်တို့လည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့နေရာလည်းဖြစ်ပါတယ်။

ပုံစာသတင်းမှားထွက်ပြီး‌ေနာ် လုံးကောက်ဆရာတော်အား ကာကွယ် ရေးတပ်က ဇူလိုင် ၂၈ သွား တွေ့ဆုံတဲ့ပုံ။

Show More

Leave a Reply

Back to top button