တိုက်ပွဲ

  • Dec- 2024 -
    6 December

    ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ

    “လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။

    Read More »
  • 5 December

    ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော်  KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…

    Read More »
  • 5 December

    ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ

    ဗန်းမော်မြို့  ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ  လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာ”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ၃ မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ် ၃ မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။ “ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၃ မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ၃ မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့ ၃ မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။ By – Zami

    Read More »
  • 4 December

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်

    ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက် ၃ မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့  စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မြို့ထဲမှာတော့လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေပြည်သူတွေကိုလည်းထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီးပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီးပြန်လှည့်ခိုင်းတာတွေလုပ်တယ်။”လို့ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဗန်းမော်–မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့ ၄  မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါသိမ်းပိုက်ထားပြီလို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ကြားနေ ရတယ်လို့သိရပြီး ဒီကနေ့ထွက်ခွာမယ့် လေယာဥ်ခရီးစဥ်အားလုံးလည်းရပ်နားထားရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “လေကြောင်းလိုင်းကတော့အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ ဒီအခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေကငြိမ်သွား သေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်းသေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်က လည်း တစ်ခါတစ်လေရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ကေအိုင်အေဝင်လာတာလားဆိုတာတော့မသိဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်း ၅ နာရီကစလို့ ဗန်းမော်–မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ် စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝှိုက်ကို လေကြောင်းအသုံး ပြုတိုက်ခိုက်တာ ၅ ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ တစ်ဖက်မှာ ဒီကနေ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့စတင်လိုက်တဲ့တိုက်ပွဲ လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့  KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီနေ့နမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • Nov- 2024 -
    28 November

    မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ

    ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဒီမနက် ၂ နာရီဝန်ကျင်လောက်ကနေ…

    Read More »
  • 25 November

    တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂  ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က  စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 21 November

    ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း

    မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်း ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်း မြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြို့ထဲမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတုန်း။ တိုက်ပွဲမှာ ထွက်ပြေးနေတဲ့ သူတွေကို လိုက်ဖမ်းနေတယ်။ ဒီကနေ့ လိုက်ဖမ်းတာ ၁၀ ယောက်လောက် ဖမ်းဆီးရမိတယ်လို့ကြားတယ်။ သေးစိတ်တော့ ပြောဖို့ခက်သေးတယ်။ စစ်သားတွေက တရုတ်ပြည် နယ်စပ်ဘက်ခြမ်းမှာ ထွက်ပြေးနေကြတယ်။ တရုတ်ပြည်ဘက်လည်း လမ်းတွေ ပိတ်လိုက်ပြီဆိုတော့ နယ်စပ်တစ်လျှောက်မှာ ရှိနေကြတယ် ထင်သားပဲ။ KIA က ရှင်းလင်းရေးလုပ်နေသေးတော့ သေနတ်ဖောက်သံတွေကြားနေရသေးတယ်”လို့ကန်ပိုင်တည်ဒေသခံတစ်ဦး ပြောပါတယ်။ ကန်ပိုင်မြို့တစ်ခုလုံးကို KIA သိမ်းလိုက်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာပဲ ရက်ပိုင်းအတွင်း တရုတ်အစိုးရက ပြန်လည်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်ကိုလည်း တရုတ်ဘက်ခြမ်းက ထပ်မံပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်ပွဲအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ နယ်စပ်တစ်ကြောမှာ ရှိနေကြပြီးတော့ KIA တပ်တွေ လိုက်လံပစ်ခတ်ရှင်းလင်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ KIA တပ်တွေက မြို့တွင်း မြို့ပြင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အပြင် အစိုးရရုံတစ်ချို့ကိုလည်း ချိတ်ပိတ်လိုက်ပြီးတော့ နယ်စပ်ဂိတ်အဝင်တွေမှာ ကချင်အမျိုးသားအလံ စိုက်ထူတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လုံခြုံအရေးအတွက် စိုးရိမ်ရသေးတာကြောင့် ဒေသခံပြည်သူအားလုံးက နီစပ်ရာ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်နေကြသေးတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “KIA ကလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေသေးတော့ အထဲကို ဝင်ဖို့ မပြောကြသေးဘူး။ ပြည်သူတွေ စိုးရိမ်နေကြတာက လေယာဉ်လာပစ်မှာပဲ ကြောက်နေကြတယ်။ အဲကြောင့် ဘယ်သူမှလည်း မဝင်ရဲကြသေးဘူး။ ကိုယ်တိမ်းရှောင်နေတဲ့ နေရာမှာပဲ ရှိနေကြသေးတယ်”လို့ပြောပါတယ်။ ကန်ပိုင်တည်ဒေသခံ ပြည်သူတွေအနေနဲ့လည်း မြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုထားပါတယ်။ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ကန်ပိုင်တည်နယ်စပ်ဂိတ်ကိုလည်း တရုတ်အစိုးက ပိတ်ထားပြီးတော့ ကန်ပိုင်တည်ဘက်ခြမ်းမှာလည်း အဝင်အထွက်ဂိတ်ပိတ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနား – ဝိုင်းမော်မြို့ နှစ်ခုကို သွားလာတဲ့ ဗလမင်းထင်တံတားကြီးကိုလည်း စစ်ကောင်စီတပ်တွေ ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်ကျင်ကနေ သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဗလမင်းထင်တံတား သွားလာခွင့်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်လိုက်တာကြောင့် သွားလာရေးကန့်သတ်တဲ့အနေနဲ့ ပိတ်ထားတာလို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေ ပြောဆိုနေကြသလို တစ်ချို့ပြည်သူတွေကတော့ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြစ်ကြီးနားမြို့ကို လာမယ်လို့ သတင်းတွေထွက်နေတာကြောင့် ယာယီပိတ်ထားတာလည်းဖြစ်နိုင်လို့ သုံသပ်ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 20 November

    နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ

    မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်းတရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေရှိသလို လက်နက်ပစ္စည်းအပါ ဖမ်းဆီးရမိတာတွေရှိတယ်လို့ သတင်းအရင်းအမြစ် ပြောပေမယ့် အသေးစိတ်သိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။ “သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ ဘက်မှာ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့  ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒီကနေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်စပ်တစ်ကြောက  ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နှစ်ပေါင်း ၅၀ ခန့်အကြာ ထိန်းချုပ်လာတဲ့ မြို့နေရာ နဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်လိုက်ပြီး ရက်ပေါင်း ၂၀ ခန့်အကြာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုင်တည် နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 11 November

    အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး  ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး မြို့တွင်းရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ အထိုင်ချထားတဲ့ (ဒေသအခေါ်) ဂျပန်လှိုဏ်ဂူနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “အင်းတော်က ကချင်ပြည်နယ်ဝင်ပေါက်ကြီးလေ။ သူတို့ကလက်လွှတ်မှာမဟုတ် ဘူး။ ပြီးတော့သူက လမ်းဆုံလေ ထီးချိုင့်ရော၊ ကသာရော၊ ဗန်းမောက်ရော၊ ကချင်ပြည်နယ်ရော၊ ရွှေဘိုဘက်လည်းပြန်ဆင်းလို့ရတယ်။ အင်းတော်မြို့က ဗျူဟာတော်တော်ကျတယ်။ အင်းတော်တစ်မြို့ရရင် ဗန်းမောက်ရော၊ ကသာရော ရပြီလို့ပြောလို့ရတယ် လွယ်သွားတာပေါ့”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီး  အောက်တိုဘာလ ဒုတိယအပတ်မှာ တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့်  နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲတစ်ဖန် ပြန်စတင်လာပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်နေကာ နှစ်ဖက်တပ်အကြား နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ တိုက်ပွဲ ၁၀ ရက်အတွင်း မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “ထိတွေ့မှုကတော့နေ့တိုင်းပေါ့ ဘယ်လိုပြောရမလဲ အပြန်အလှန် သေနတ်သံတွေ လက်နက်ကြီးသံတွေ ပစ်ခတ်တာရှိတာပေါ့ လုံးဝမရပ်ဘူး။ အသံကတော့နေ့တိုင်း ကြားနေရတယ်။”လို့ ပြောပါတယ်။ မြစ်ကြီးနား–ရွှေဘို လမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို KIA နဲ့ PDF တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ကနေ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး မြို့ပတ်လမ်းကိုသာအသုံးပြုနေရပေမယ့် မြို့ပတ်လမ်းကိုလည်း စစ်တပ်ဘက်က နိုဝင်ဘာလ လဆန်းကနေ ပိတ်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြောင့် အင်းတော်မြို့နယ်အတွင်းနေထိုင်တဲ့ဒေသခံအများစုဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊  မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • 11 November

    မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ  ၇ မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၆ မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့…

    Read More »
Back to top button