တိုက်ပွဲသတင်း

ဖားကန့်-ကာမိုင်း လမ်းပိုင်းမှာတိုက်ပွဲ ဖြစ်လို့ အတက်အဆင်းကားတွေ ပိတ်မိနေ

ကချင်ပြည်နယ် ဖားကန့်ကာမိုင်းကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် အတက်အဆင်းကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နဲ့ ကာမိုင်းမြို့ကြားမှာရှိတဲ့ ကျောက်ဖျာအနီးမှာ မတ်လ ၂၂ ရက်နေ့ ညပိုင်း ကစ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မနေ့ကအထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဖားကန့် KPDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

သူတို့တပ်အချိန်းအပြောင်းလုပ်တာပါ ဖားကန့်ကနေကာမိုင်း  ဘက်ကို ပြောင်းဖားကန့်ကတက်လာတဲ့အ ဖွဲ့နဲ့ဖြစ်တာ တိုက်ပွဲကကျောက်ဖျာနားမှာ မနေ့အထိဖြစ်တယ်ဒီနေ့လည်း စစ်ကောင်စီဘက်ကတော့ ကျောက်ဖျာတစ်ဝိုက်မှာရှိနေသေးတယ်”လို့ သူက ပြောပါတယ်။

ဖားကန့်နဲ့ ရှစ်မိုင်လောက်ဝေးတဲ့ကျောက်ဖျာ အနီးမှာဖြစ်ပွားခဲ့တာလို့သိရပြီး မတ်လ ၂၂ ရက်နေ့ ၅နာရီခွဲ ကနေနှစ်ဖက်ပစ်ခတ်ခဲ့ကြရာမှာ မနေ့က ညပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေဆဲ လို့သိရပါတယ်။

 စစ်ကောင်စီဘက်က ကာမိုင်းဘက်ကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေသလို နှစ်ဖက်ထိတွေ့မှုပြန်ဖြစ်နိုင်တာကြောင်း ကာမိုင်း ဖားကန်းကားလမ်းပိုင်းက အတက်အဆင်းကားတွေလည်းပိတ်မိနေတယ်လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်တယ်လို့တော့ကြားတာပဲ မြို့ထဲပဲနေတာဆိုတော့အသေးစိတ်တော့်မသိဘူး ကားတွေကတော့မတက်လာကြသေးဘူးနန့်ယားမှာပိတ်မိနေကြတယ် ဒီနေ့အထိတော့တက်လာတဲ့ကားတွေမရှိသေးဘူး”လို့ ဖားကန့်မြို့ခံ အသက် ၄၀ ကျော်အမျိုးသားတစ်ဦးက ပြောပါတယ်။

လတ်တလော ကားမိုင်းဖားကန့်လမ်းပိတ်နေတာကြောင့် ခရီးသည်ကားနဲ့ကုန်ကားအချို့က ဖြတ်လမ်းအဖြစ်အသုံးများတဲ့ ဝှေခါ အင်းတော်ကြီးလမ်းအတိုင်းသွားလာနေကြတယ်လို့သိရပါတယ်။

အလားတူ မတ်လ ၂၂ ရက်နေ့ကလည်း ကာမိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ လဝါးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ ပြီးနောက် SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေရွာထဲဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ဒီရက်ပိုင်းကားမိုင်းဘက်မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားလာနေသလို ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းတုန်းကလည်း ဖားကန့် ဆိုင်းတောင်ဘက်တွေမှာ စစ်ကောင်စီတပ်တွေစစ်ရေးလုပ်ရှားလာတာကြောင့်နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မြို့နယ်ထဲက ကျေးရွာအများပိုင်းနဲ့ ရှေ့တန်းစခန်းတွေကို KIAနဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာတော့ ဖားကန့်မြို့၊ ကာမိုင်းမြို့၊ လုံးခင်း၊ မဇွပ်ယန်နေရာတွေမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button