တိုက်ပွဲ

  • Nov- 2024 -
    11 November

    ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်

    ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 1 November

    ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။ “လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။ ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။ “သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့ ၃ ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Oct- 2024 -
    31 October
    photo- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်

    ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…

    Read More »
  • 23 October

    ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ

    ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့  ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။  ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက  ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့  ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 October

    မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက်  စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …

    Read More »
  • 22 October

    BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော

    ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို  KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင်  BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ အမြန်သိမ်းပိုက်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ KIO/KIA ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို နားလည်သဘောပေါက်ရုံတင်မကပဲ လူမျိုးအချင်းအချင်း ခိုက်ရန်မလိုလားတဲ့အတွက်လည်း အချိန်အကြာကြီးခုခံတိုက်ခိုက်တာမလုပ်တဲ့အတွက် အမြန်ဆုံးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀၀၂ လုပီတပ်ရင်းဌာနချုပ်၊ အောက်တိုဘာလ ၁၉ ရက်မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့သိမ်းလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကံပိုင်တည်မြို့အနီး စင်ကြိုင် ၁၀၀၃  တပ်ရင်း အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကြိုင်ကျေးရွာရှိ ၁၀၀၃ တပ်ရင်းဌာချုပ်မသိမ်းခင် ရှေ့တန်းကာကင်းစခန်းတွေဖြစ်တဲ့  လဖိုင် (Lahpai) ဝေါ့ချုံး (Waw Hkyung) ၊ မဂါး(Maga) စတဲ့စခန်းတွေကို KIA ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာလ ၂၁ ရက်သိမ်းပိုက်နိုင်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်ထားတဲ့ အမှတ် ၁၀၀၃ တပ်ရင်းနေရာဟာ နှစ်ပေါင်းကြာရှည်စွာ ကံပိုင်တည်ဒေသအတွင်း ဘိန်းစိုက်ပျိုးရေးအတွက်လည်း အဓိက လုံခြုံရေးယူထားပေးတဲ့ နယ်ခြားစောင့်တပ်ရင်းတစ်ခုဖြစ်သလို စစ်ရေးဗျူဟာအရလည်း အလွန်အရေးပါတဲ့ တပ်ရင်းနေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “ဒီနယ်ခြားစောင့်တပ်ရင်းက ကန်ပိုင်တည်သွားလမ်းနဲ့ မြို့နေရာကို အဓိက ကာကွယ်ပေးထားတဲ့ တပ်ရင်းဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက အဲဒီဒေသမှာ ဘိန်းအရမ်းစိုက်ကြတယ်။ စင်ကြိုင်၊ ဝေါ့ခရုန်း(Waw Hkyung) ၊ မဂါး(Maga) တစ်ကြောပတ်ပတ်လည်လည် ဘိန်းစိုက်တဲ့ နေရာတွေပဲ။ အဲဒီ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေကိုလည်း လုံခြုံရေးပေးနေတဲ့ တပ်လည်းဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီဒေသတစ်ခုလုံကို ယခင်က KIO/KIA က ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan Magam)လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့်  ထိရောက်မှုမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလွန်ခက်ခဲတဲ့ နေရာဒေသတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့  ၂၀၁၆ ဝန်းကျင်ကတည်းမှာ KIA အဖွဲ့တွေ အဲဒီဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းနေရာတွေကို လိုက်လံ ခုတ်ထွင်ရှင်းလင်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေ၊ Pat Jasan အဖွဲ့တွေကိုလည်း မိုင်းနဲ့ ချိန်ပစ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဆဒုံးနဲ့ ကန်ပိုင်တည်ကြားက စင်ကြိုင် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်တာဟာ စစ်ရေးအရတင်မဟုတ်ဘဲ ကံပိုင်တည်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုပါ တားဆီးလာနိုင်တော့မှာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စင်ကြိုင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ အနီးတဝိုက်မှာ ရောက်ရှိနေသလို တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့အတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိနေတယ်လို့ သိရပြီးတော့ တစ်ချို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကံပိုင်တည်မြို့ကိုပါ ထပ်သိမ်းလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။…

    Read More »
  • 19 October

    ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု

    ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး  ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 19 October

    လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး

    KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ KIO ပူးပေါင်းတပ်ဖွဲ့ဘက်က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီဘက်ကနေပြီးတော့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီလေယာဉ်တွေကို တရုတ်ဘက်ကနေပြီးတော့ သတိပေးမီးကျည်တွေပစ်ပြီး ခြောက်လန့်ခဲ့တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ဒီမနက် ၁နာရီဝန်းကျင်လောက်မှာဟုတ်တယ်  တရုတ်နယ်စပ်ဂိတ်ဘက်က လုံခြုံရေးယူဖို့…

    Read More »
  • 17 October

    မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ

    ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ မုန်ယာ(Mungya) ကျေးရွာ နမ့်မွေချောင်းအနီး ရွှေတူးဖော်နေချိန်…

    Read More »
  • 16 October

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…

    Read More »
Back to top button