တိုက်ပွဲ

  • May- 2021 -
    4 May

    မံစီမြို့မ ရဲစခန်းကို KIA ဝင်ရောက်တိုက်ခိုက်၊ မြို့နယ် ရဲမှူးကျ

    ကချင်ပြည်နယ် မံစီမြို့မရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။ “စနိုက်ဘာနဲ့ ပစ်ခံရပြီး သေတာလို့ကြားတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မသိရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ကပြည်သူတွေဖြစ်တော့ ရဲစခန်းမှာဖြစ်တဲ့ဟာတွေက တိတိကျကျ သိရဖို့ခက်တယ်”ဟု ဒေသခံတစ်ဦးက…

    Read More »
  • 4 May

    အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် KIA ကို ဆက်လက်ပစ်ခတ်နေ

    တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသော မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာတွင် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်  KIA ရှိရာဘက်သို့ ဆက်လက်ပစ်ခတ်နေကြောင်း သိရသည်။ မေလ ၄ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက…

    Read More »
  • 3 May

    အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေ

    မိုးမောက်မြို့နယ် မြို့သစ် စလောင်းကုန်းဘက်ကို ပစ်ခတ်သော အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် မြို့သစ် ဒေသခံ ၃ ဦး သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ ယနေ့ နံနက် ၈ နာရီကျော်ခန့်ကစတင်ပြီး…

    Read More »
  • 3 May

    အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချ

    မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်က လေယာဉ်များဖြင့်သွားရောက်တိုက်ခိုက်ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပစ်ချလိုက်ကြောင်း ဒေသခံများနှင့် KIOဘက် က အတည်ပြုပြောဆိုခဲ့သည်။…

    Read More »
  • 1 May

    KIO ဌာနချုပ်အနီး အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်အနီးဖြစ်သော တပ်မဟာ ၅ တပ်ရင်း ၁၉ နယ်မြေတွင် ယနေ့ည ၈ နာရီခန့်က အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂျက်တိုက်လေယာဉ်တစ်စီးက ၂ ကြိမ်ပတ်ကာ ဗုံး​ကြဲခဲ့ကြောင်း မျက်မြင်ဒေသခံတချို့ပြောသည်။ အဆိုပါ…

    Read More »
  • 1 May

    မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ

    မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်က ကျေးရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တပ်ချကာ ရှိနေသည်ဟု သိရသည်။ ဧပြီလ ၃၀ရက် ယမန်နေ့ည ရောက်ရှိလာသောစစ်ကြောင်းများဖြစ်ပြီး ထိုအနက် စစ်အင်အားအချို့သည် အလော့ဘွမ်ဘက်သို့ ချီတက်သွားပြီဖြစ်ကြောင်း…

    Read More »
  • Apr- 2021 -
    30 April

    ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်

    လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော ဧပြီလ ၂၅ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင်တည်ရှိသော အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့်ပစ်သတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူဟု ယူဆရသောသူကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။…

    Read More »
  • 28 April

    ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ

    ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု…

    Read More »
  • 28 April

    ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

    ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။ ဟိုမြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု…

    Read More »
  • 27 April

    မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

    မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ၄ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။ “ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က…

    Read More »
Back to top button