အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး
,
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ်ဟာရွာဘက်တွင် စစ်ကောင်စီနဲ့ MNDAA တပ်တို့ကြား ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာ နဲ့ ကောင်းလုံဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ "ဘယ်နှယောက်သေတာ ဘယ်လောက် ပျက်စီးတာက အတိအကျ မသိရသေးဘူး။ အဲလောက်ပဲ မြင်ခဲ့တာ။ မြန်မြန် ပြေးလာခဲ့လို့။ ရွာမှာ အလောင်းတွေတောင်
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ တရုတ်နိုင်ငံ နယ်စပ် စစ်ရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတာကြောင့် စစ်ရှောင်တွေဆီ အကူအညီ မရောက်နိုင်ပဲ ခက်ခဲနေတယ်လို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။ "ပစ္စည်းတင်လာရင် ပေးမသွားဘူး။ ပစ္စည်းတင်တာတောင် ရိုးရိုး ဆိုင်ကယ်စီးပြီး အိတ်ခွံပဲ ညှပ်လာရင်တောင် ပြန်လှည့်ခိုင်းတယ်။ အဲလိုမျိုး ပြဿနာရှိတယ်။ အခက်အခဲက အမျိုးမျိုးပဲ။ စစ်ရှောင် ဆိုတော့။ ရိက္ခာက ကောင်းကွေ အနီးစခန်း ဆိုတဲ့ နေရာမှာလည်း ပိတ်ထားတယ်။
ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်အချို့တွင် တပ်စွဲထားကြောင်း ဒေသခံများ ထံမှ သိရသည်။ (more…)
ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတွင် Covid-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ မရရှိသေးတာကြောင့် ရောဂါလက္ခာပြလာပါက ဆေးရုံတွင် ငွေပေးကာ သွားရောက်စစ်ဆေးနေရကြောင်း သိရသည်။ (more…)
ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ရှောင်စခန်း ၂ ခုတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင်ဦးရေ ၆၀ ဦးအထိ ရှိလာကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။ (more…)
ဝိုင်းမော်မြို့ ရပ်ကွက် (၃)ရှိ စစ်ရှောင်စခန်း အမှတ် ၂ တွင် Covid-19 lock down ပြုလုပ်လိုက်သောကြောင့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာပို့ဆောင်ပေးရန် အာဏာသိမ်းစစ်တပ်မှ တားဆီးပိတ်ပင်သောကြောင့် အစားသောက်နှင့် ဆေးဝါးအခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း တရုတ်နယ်စပ်တွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီတပ်တိုက်ပွဲများကြောင့် ဩဂုတ် ၃ ရက်နေ့ကစပြီး ဒေသခံပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ (more…)
ကချင်ပြည်နယ် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာမှုများလာသည့်အတွက် တစ်ပတ်တိတိ Lock Down ချမှတ်ထားကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ (more…)
တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာမှ ထွက်ပြေးသွားသော ဒေသခံစစ်ရှောင်တချို့သည် လက်ရှိ ရောက်ရှိနေသော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တဖန် စားဝတ်နေရေး အလွန်ခက်ခဲလာသဖြင့် မိမိနေရပ်သို့ ပြန်လာသူများ ရှိနေကြောင်း သိရသည်။ (more…)