မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Apr- 2025 -22 April
နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော
ကချင်နယ်ပြည်နယ် မချမ်းဘော့မြို့နယ် နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းရေတွေအားလုံးနီးပါး တိမ်ကောပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နမ်စဘွမ်ကျေးရွာမှာ ရွှေလုပ်ငန်းရှင်တွေက အုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လစပြီး နမ်စဘွမ်ကျေးရွာအဝင်ရှိ နမ့်စဘွမ်ချောင်းနဲ့ကပ်လျက်ရှိချောင်းငယ်တစ်ခုရဲ့ အထက်၊အောက်မှာ ရွှေအလွန်အကျွံတူးနေတာကြောင့် ချောင်းနှစ်ချောင်းစလုံးရေတိမ်ကောပြီးပျက်စီးသွားပြီလို့ ဒေသခံတွေဆိုပါတယ်။ “ရွာအဝင်မှာရှိတဲ့ အဲ့ချောင်းနှစ်ချောင်းစလုံးက ဘယ်တော့မှရေမခမ်းဘူး အခုရွှေတူးတဲ့နောက်မှ ရေခမ်းသွားတာရေချောင်းတောင်မရှိတော့ဘူး…
Read More » -
2 April
KIO ခွင့်ပြုချက်နဲ့တရုတ်ကို မြေရှားတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့နီးစပ်သူတွေပြော
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တုတွေတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ တရုတ်နိုင်ငံကိုမြေရှားသတ္တုတင်ပို့ခွင့်နဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မတ်လ ၂၇ ရက်နေ့ မှာ ခွင့်ပြုလိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသားခဲ့ပါတယ်။ ဒါ့ကြောင့် မြေရှားလုပ်ငန်းရှင်နဲ့နီးစပ်သူတွေကို KNG ကဆက်သွယ်မေးမြန်းကြည့်ရာအခုလိုအကြောင်းပြန်ပါတယ်။…
Read More » -
Mar- 2025 -18 March
အင်းတော်ကြီးဒေသမှာ လုပ်ငန်းရှင်တွေနဲ့ SNA ပေါင်းပြီး လယ်ယာမြေပျောက်ကွယ်လို့နီးပါးအထိ ရွှေတူးဖော်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ SNAနဲ့ လုပ်ငန်းရှင်တို့ပူးပေါင်းပြီး စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုဆိုးရွားလာတာကြောင့် လယ်ယာမြေကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသထဲက လုံးတုံ၊နန့်မွန်း၊ မိုင်းနောင်ဒေသမှာ ဒေသခံတစ်ချို့နှင့် ပြင်ပကဝင်ရောက်လာတဲ့လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဘက်ဟိုးစက်ကြီးတွေနဲ့ အကြီးစားရွှေတူးဖော်စတင်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အဲဒီဒေသထဲတပ်စွဲအထိုင်ချပြီး လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းကာ လယ်ယာမြေတွေမှာ စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုမိုလုပ်ဆောင်လာကြတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်တွေက ကုန်သလောက်ဖြစ်နေပြီကော အခုဒီနှစ်ဆိုရင်လုပ်စရာလယ်တောင်မရှိကြတော့ဘူး လုပ်ငန်းရှင်တွေကစျေးကောင်းပေးဝယ်တော့အကုန်ရောင်းကုန်ကြတာ။ အဲ့မိုင်းနောင် မမုံကိုင်တကြောကလယ်တွေက ကုန်သလောက်ပဲရွှေတူးထားတော့ လယ်ကွင်းနဲ့မတူဘူး ဖားကန့်နဲ့တောင်တူသွားပြီမြေစာပုံတွေက”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။…
Read More » -
11 March
ဧရာဝတီမြစ်ကမ်း ရွှေတူးဖော်မှုကိုတားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ပြတောင်းဆိုမှု အကြောင်းမပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုနဲ့သဲကျောက်ထုတ်ယူမှုတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒေသခံတွေစာတင်ပြတောင်းဆိုထားပေမယ့် တစ်လခန့်ကြာလာတဲ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုတွေကြောင့် ဧရာ၀တီမြစ်နဲ့သဘာ၀ပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးလာတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အစိုးရအဖွဲ့ထံ စာတင်ပြတောင်းဆိုထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီနေရာတွေမှာ အမြဲတမ်း စက်ယန္တရားကြီးတွေနဲ့ ရွှေမတူးဖော်ဖို့၊ စက်ယန္တရားကြီးတွေကို လုံး၀ အဝင်မခံဖို့။ အခုက သဲကျောက်ထုတ်တယ်ဆိုပြီး ရွှေပါတစ်ခါတည်း တူးဖော်နေရော။ ဒီလိုမျိုး သူတို့က ခွင့်ပြုချက်ရထားတယ်ဆိုပြီး အားလုံးပါမစ်လျှောက်ထားပြီးသားဆိုပြီး သဲကျောက်ကောက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေတူးဖော်တာတွေ ဆိုးဆိုးရွားရွား လုပ်လာတယ်။ ဒါကြောင့် အခုဒေသခံတွေလိုချင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ဒါတွေကိုတော့ လုံး၀ ရပ်နားလိုက်ဖို့ တောင်းဆိုတာဖြစ်တယ်”လို့ ဧရာ၀တီမြစ်အနီးနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။ ဒါပေမဲ့ လက်ရှိချိန်ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေရဲ့စာတင်ပြတောင်းဆိုမှုကို တစ်စုံတရာအကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့စာမှာ အဓိကအားဖြင့် မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အာလမ်၊ အူဗျစ်၊ ဒွမ်ဂန်၊ လမုန်ဇွပ်နဲ့ တန်ဖရဲ– စတဲ့ကျေးရွာတွေရဲ့ နယ်နိမိတ်ဧရိယာအတွင်းရှိ ဧရာ၀တီမြစ်ကမ်းတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ သဲကျောက်ထုတ်ယူတာတွေကို တားမြစ်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာလို့ ဆိုပါတယ်။ မြစ်ကြီးနား – ဆွပ်မရာဘွမ်လမ်းမကြီးနဲ့ ဧရာ၀တီမြစ်ကမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုထဲမှာ အိမ်ခြေစုစုပေါင်း (၁၀၀၀) ခန့်ရှိပြီး လူဦးရေ (၈၀၀၀) ကျော်ရှိကာ ဧရာ၀တီမြစ်ဆုံအထိ အရေးပါပြီးမြစ်ကြောင်းတစ်လျှောက်ကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာတွေဖြစ်တယ်လို့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။…
Read More » -
Feb- 2025 -20 February
နေရပ်မပြန်နိုင်သေးတဲ့ ဂျပူကျေးရွာမှာ စက်ယန္တရားနဲ့ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်
ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်လာတဲ့အတွက် အခြားကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားသကဲ့သို့ ကြုံတွေ့ရမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေသခံတွေ စစ်ရှောင်နေရတဲ့ ဂျာပူကျေးရွာမှာ ၂၀၂၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ကြောင့်…
Read More » -
Jan- 2025 -24 January
မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ
ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊…
Read More » -
7 January
မြစ်ဆုံ မှာ လုပ်ငန်းရှင်များ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီး
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသ မှာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် နှင့် နီးစပ်တဲ့ လုပ်ငန်ရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။ မြစ်ဆုံ မြစ်ကမ်းတလျှောက် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် လအနည်းငယ် ယာယီရပ်တန့်ခဲ့တဲ့ နေရာတချို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ပြီး…
Read More » -
Dec- 2024 -3 December
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…
Read More » -
Nov- 2024 -11 November
နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး…
Read More » -
Oct- 2024 -28 October
ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ
ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More »