ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသခံ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်လို့ ကျေးရွာမီးလောင်သွားတဲ့အတွက်ကြောင့် လက်ရှိ ဖားကန့်မြို့နယ်က မှော်ဘုံ (မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာတွေမှာစစ်ရှောင်နေရတဲ့ ဆယ်ဇင်း ပြည်သူ ၅၀၀၀ ကျော်ထဲက ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ''အခုကသိတဲ့အတိုင်းပဲ ဆေးစရိတ်ကလည်း ထောင်တက်နေတော့ ကျနော်တို့ကလည်း လူမှုကူညီရေးအသင်းဆိုတော့ အများကြီးမတတ်နိုင်ဘူး။ ကုရင်တော့ စခန်းအားလုံးကို လှည့်ပြီးကုရမှာ။ အဖျားအနာကတော့များတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ လူ
ဖားကန့်မြို့နယ်မှာ လွတ်လပ်ရေးနေ့ တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းအချို့ပြန်ဖွင့်ပေးခဲ့ပြီးနောက် ဒီကနေ့မှာ ပြန်ပိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ATOM နှင့် Mytel ဖုန်းအင်တာနက်လိုင်းတွေကို ဖွင့်ခဲ့ပေမယ့် ဒီကနေ့ မှာ ပြန်ပိတ်သွားတာလို့ မမုံကျေးရွာ ဒေသခံတစ်ဦး က KNG ကိုပြောပါတယ်။ ''ဒီကောင်တွေ သက်သက်နဲ့လုပ်တာပါ။ မနေ့က လွတ်လပ်ရေးနေ့မို့ ခနဖွင့်ပေးတဲ့သဘောဖြစ်မယ်။ အခုပြန်ပိတ်သွားပြီ မနေ့ညပိုင်းကတည်း က ပိတ်သွားတာခုထိ ပြန်မဖွင့်တော့ဘူး''လို့ ပြောပါတယ်။ စစ်ကောင်စီ က ATOM နှင့် Mytel အင်တာနက်လိုင်းကိုသာ ခေတ္တဖွင့်ပေးခဲ့တာဖြစ်ပြီး MPT ၊ Ooredoo တွေကိုတော့ မဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။ ဖားကန့်မြို့နယ်မှာ ကချင်ပြည်နယ်ထဲက ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ က မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၃၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ "အစပိုင်းမှာတော့ အလှူရှင်တွေ ကူညီကျတဲ့ ဆန်တွေပဲတွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပေါင်းပြီး ချက်ပြုတ်ပေးတာရှိတယ်။ တစ်ချို့ကျ ကိုယ့်ဘာသာ အဆင်ပြေအောင် ဖြေရှင်းကြရတယ်။ ကျနော်တို့ ကူညီနိုင်တာကလည်း တစ်အိမ်မှာ ဆန်တစ်ပြည် ငွေတစ်သောင်းပဲလေ အိမ်ခြေက ၃၀၀၀ ကျော်ဆိုတော့ ခက်တာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆေးကုသဖို့ မလွယ်ကူပါဘူး" လို့ ပြောပါတယ်။ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ ဝင်ရောက် စီးနင်းမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မော်လိုက်အခြေစိုက် ခမရ-၃၆၄ နှင့် မှောဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ-၇၀၁ တပ်တွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ကြောင်းတွေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတဲ့အတွက် မီးဘေးသင့် ဒေသခံတွေအတွက် ယာယီတဲတည်များဆောက်လုပ်နေထိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ "မီးဘေးသင့်ပြည်သူတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေးအတွက်က မလွယ်သေးဘူး။ ဒါ့ကြောင့် ဖြစ်သလို မိုးကာတွေကာပြီး ဖျာတွေခင်းပြီးနေရတာပေါ့။ တစ်ချို့ဆို ဘုန်းကြီးကျောင်းမှာပဲ နေနေရတာမျိုးရှိပါတယ်။ အခက်အခဲက ကြီးပါတယ်။ ယာယီတဲဆောက်ဖို့ဆို စားရိတ်ကများတယ်။ လက်တလောဆို ဆောက်ဖို့ အဆင်မပြေသေးပါဘူး"လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာပြည်တစ်ဝှမ်းက အိမ်ခြေ ၄ သောင်းကျော်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် KIA နှင့် PDF အဖွဲ့တို့က လက်နက်ကြီး ၄၀ မမ ရှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဖားကန့် ဒေသခံ PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “မနက်အစောပိုင်းက ပစ်ခတ်ခံလိုက်ရတာဟုတ်တယ်။ ထွေအုပ်ရုံးမှာ လူစုနေတဲ့အချိန်ကို သွားပစ်ထည့်လိုက်တာဟုတ်တယ်။ ရဲတွေ ၅ ယောက်လောက်က ထိခိုက် သေဆုံးမှုရှိခဲ့တယ်”ဟု ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထက် ကနီမြို့နယ်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ ရိက္ခာတင်ရေယာဥ်နှစ်စီး သောင်တင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရိက္ခာတင်ယာဥ်ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါရှိသည့် ရေယာဉ်တစ်စီးနှင့် ရိက္ခာတင်တစ်စီးတို့ဖြင့် ကနီမြို့နယ်ကို ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာစဉ် ကနီမြို့၏ ငါးဖျတ်ကျေးရွာအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Deparment Of Information-DRPA မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “မုံရွာကနေ ဖလပ်အမြန်ယာဥ်နှစ်စီးနဲ့ တက်လာတယ်။ တစ်စီးက ရိက္ခာတင်လာတယ်
ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ် အကျဉ်းချခံထားရသည့် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La သည် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီက လွတ်လပ်ရေးနေ့တွင် အကျဉ်းသားများကို လွတ်ပေးခဲ့ရာတွင် ဒေါက်တာ M Kawn La ပါဝင် လွတ်မြောက်လာခဲ့သည်ဟု KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ဒေသတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတိပေးပြောဆိုထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ တဝိုက်ရှိနေသည့် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေစိုးမိုးထားသည့် ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ်၊ ကိုင်းတောစသည့်ရွှေမှော်များတွင် ခိုးကျင်းများဖြင့် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို အမြန်ဆုံးထွက်ခွာသွားကြရန် KIA က သတိပေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အခုက တစ်ချို့လုပ်ငန်းရှင်တွေတောင် အကုန်ထွက်သွားကြပြီ။ ဒေသပြည်သူ့စစ်အဖွဲ့တွေကို ပိတ်ဆို့ဖို့ဖြစ်တယ်လို့ပဲ
ကချင်-တရုတ်နယ်စပ် လွယ်ဂျယ်မြို့ အောက်ဆွဲရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အရက်သောက်မိသူ ၁၅ ဦး သေဆုံးပြီး ၂ ဦး ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလ ဒီဇင်ဘာ ၂ ရက်နေ့ ညဆိုင်အတွင်း အဖွဲ့လိုက်အရက်လာသောက်သူများအနက် ၁၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ၂ ဦးမှာ ဆေးရုံတင် ကုသမှုခံးယူနေရကြောင်း လွယ်ဂျယ်ဒေသခံ အမျိူးသမီးတစ်ဦးက KNG ကို ပြောသည်။ ''အခု ကျွန်မတို့နေတဲ့အောက်ဆွဲ့ပေါ့နော် အခုလွယ်ဂျယ်ဆေးရုံကုန်းအောက် မီးသတ်ရုံးအရှေ့နားလေးက ထမင်းဆိုင်လေး
အင်းတော်မြို့နယ် မဲဇာကျေးရွာအုပ်စု နန့်သဲကျေးရွာတွင် အသက်ကြီးရွယ်အို အမျိူးသား ၄ ဦးကို စစ်ကောင်စီစစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၆ နာရီဝန်းကျင် မဲဇာရဲစခန်းမှ စစ်အင်အား ၆၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီ စစ်ကြောင်းသည် နန့်သဲကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး အသက် ၇၀ နှစ်ဝန်းကျင်ရှိ အမျိုးသား ၄ ဦးကို အကြောင်းအရင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မဇွပ်ယန်ထောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး နှစ်လုံးသည် ဆန်ခါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦး၊ ကလေးငယ်